သတိထားရမယ့်onlineပေါ်ကငွေလိမ်သောဂိမ်း

သတိထားရမယ့်onlineပေါ်ကငွေလိမ်သောဂိမ်း
August 25, 2016 Asian Fame

4:59 pm
သတိထားရမယ့်onlineပေါ်ကငွေလိမ်သောဂိမ်း

ကံ စမ်းမဲ ဖောက်ပေးမည်ဟူ  သော Page များအကောင့် များကို ဖေ့စ်ဘွတ်ခ်တွင် တွေ့ဖူးပါ သလား။ ဥပမာအားဖြင့် ”အိုင် ဖုန်းကို ကြိုက်တဲ့အရောင်ရွေးပါ။ Page ကိုlike နှင့် share လုပ်ပါ”စသော အွန်လိုင်းဖေ့စ်ဘွတ်ခ်စာ မျက်နှာများကို တွေ့ဖူးနိုင်ပါ သည်။ တွေ့ဖူးနိုင်ရုံမက ကိုယ်တိုင် ပင်ဝင်ရောက်၍ Like နှင့်shareလုပ်ခဲ့ကောင်း လုပ်ခဲ့လိမ့် မ ည်ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ပြီး သင် ကံစမ်းမဲ ပေါက်ခဲ့ဖူးပါသလား။ ပေါက်ခဲ့ဖူးပါက သင်သည် အလွန် ကံကောင်းသော လူအုပ်စုထဲတွင် ပါဝင်၍ အမှန်အကန် စာမျက်နှာ ကို Like လုပ်ခဲ့၍ဖြစ်မည်။ သို့ သော် ဖြစ်နိုင်ခြေ အလွန်နည်းမည် ဖြစ်သည်။

cheating-590x354
အချို့သော ဖေ့စ်ဘွတ်ခ်စာ မျက်နှာများသည် ကံစမ်းမဲ ဖောက် ပေးမည်ဟုဆိုကာ Page ကိုLike များများ ရစေရန် အွန်လိုင်းအသုံး ပြုသူများကို ပစ္စည်းများနှင့် ဆွဲ ဆောင် သည် ။ နောက်ပိုင်း Likeများ ရလာသောအခါ Online Shopping အဖြစ် ပစ္စည်းများသာ ရောင်းချနေကြသည်။ အဆိုပါကဲ့ သို့ ပရိသတ်ကို ဆွဲဆောင်သော နည်းလမ်းသည် စိုးရိမ် စရာ အခြေ အနေ မရှိသေးပေ။ သို့သော် နောက်တစ်ဆင့်အနေဖြင့် ထိုသို့ အလားတူပုံစံသုံး၍ လိမ်လည်မှု များရှိနေသည်။ အချို့သော  Page များသည် Online ဂိမ်းအဖြစ် ပို့စ် အ သစ်များ ပြောင်းလဲတင်ပြီး ငွေ ရပေါက် ရှာဖွေလာကြသည်။

”ခုနောက်ပိုင်းဆို ပိုပြီးတွေ့ နေရတယ်ဗျ။ Page တစ်ခုထောင် ပြီး နည်းပေါင်းစုံနဲ့Like ရအောင် လုပ်တယ်။ ပြီးရင် Onlineကနေ အလကားရတဲ့ ဂိမ်းတစ်ခုကို ယူပြီး လူတွေေ ဆာ့လာအောင် လုပ် တယ်။ ပိုက်ဆံတွေ ရယူလိုက်ပါတို့ ဘာညာပေါ့။ တကယ်တော့ ကာ စီနိုဆန်ဆန်ပဲဗျ။ ဒါပေမယ့် ဆိုး တာတစ်ခုကတော့ ကစားဖို့ အတွက် ကြိုငွေ တင်ရ တယ် ဆိုပြီး လုပ်တယ်။ လုပ်တာကလည်း သေ သေချာချာကို လုပ်တာ။ ဘဏ်အကောင့်တွေ ဘာတွေနဲ့ မန်ဘာဝင် ခိုင်းတာ”ဟု အွန်လိုင်းကျွမ်းကျင် သူ လူငယ်တစ်ဦးဖြစ်သည့် ကိုရန် နောင်ထွန်းက ပြောသည်။

 ဥပမာအားဖြင့် ယခု ဖေ့စ် ဘွတ်ခ်နှင့်”ရဲတပ်ဖွဲ့ကတော့ တိုင်ကြား သူရှိတာနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်ပါတယ်။ စီအိုင်ဒီက လည်း အွန်လိုင်း မှုခင်းတွေကို စီအိုင်ဒီကနေ ကိုင်တွယ်နေပါ တယ်။ ရဲတပ်ဖွဲ့က လည်းသက်ဆိုင် ရာမြို့နယ်အလိုက် ဌာနတွေကနေ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောသည် ပေါ်တွင် ငါး ဖမ်းသော ဂိမ်း ၊ ဘော လုံးပွဲလောင်း သောဂိမ်း၊ အကြွေေစ့ဂိမ်း စသော ဂိမ်းများသည် Onlineတွင် အခမဲ့ ရှာဖွေ ကစားနိုင်သော ဂိမ်းများဖြစ် ပြီး အဆိုပါဂိမ်းအား ယင်းတို့ ဖန်တီး ထား သယောင်လုပ်ေ ဆာင်၍ ငွေသွင်းကစားရန် စည်းရုံးမှုများ ရှိနေခြင်းဖြစ်သည်။အဆိုပါ ဂိမ်းစာမျက်နှာ လုပ် ဆောင်နေသောသူတစ်ဦးကို ပေါ် ပြူလာနယူးစ်က ဆက် သွယ်ေ မးမြန်း ရာတွင် ”စပြီး ကစားမယ်ဆိုရင် အစမ်းဆော့လို့ရပါတယ်။ တကယ် လို့ အတည် ကစားတော့မယ် ဆိုရင် ဘဏ်ကနေ ပိုက်ဆံ နှစ်သောင်း ကနဦး ကျွန်တော်တို့ကို လွှဲပေးရပါ မယ်။ ပြီးရင်ေ တာ့ စပြီး ကစားလို့ ရနိုင်ပါပြီ။ အနိုင်ရလို့ ငွေထုတ်လို တယ်ဆိုရင်တော့ ကျွန်တော် တို့ကို ဆက်သွယ်ပေးပါ”ဟု ပြောဆိုခဲ့ပြီး ရုံးခန်း တည်နေရာ ကို မေးမြန်းရာ တွင် ”တယ်လီ ဖုန်း ဆက်သွယ်ပေး ပါ”ဟုသာ ပြောဆိုသည်။ ထိုကဲ့သို့ မရေရာမှုများ ရှိနေ သော်လည်း ဆော့ကစားမှုများ ရှိ နေပြီး အချို့သော သူများမှာ လိမ်လည်နေသည်ကို သိရှိ ၍ မေးခွန်း ထုတ် ဝေဖန်မှုများပြုလုပ်ကြသည်။

”စဉ်းစား မရတာက ဘာလို့ နှစ်သောင်းက သွင်းရဦးမှာလဲ။ ဒိုင်ကို အရင်းအရင်ပေးပြီးမှ ပြန် ဆော့ရမလိုပဲ။ အဲ့ဒီတိုင်းတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူးနော်။ နှစ်သောင်းတော့ ဘယ်သူမှ အ လကားသွင်းမှာ မဟုတ်ဘူး။ ဆော့ ဖို့ အရင်းက ထည့်ရဦးမယ်။ ဝင် ကြေးက ပေးရဦးမယ်ဆိုတော့ စ စချင်းကို လေးသောင်းလောက် သွားနေပြီ။ အဲဒါ မဟုတ်ေ သးဘူး”ဟု အဆိုပါဂိမ်းများနှင့် ပတ်သက် ၍ ဝေဖန်ရေးများ ရေးသားနေသူ ကိုမြတ်ခမ်းက ပြောသည်။ ထို့အပြင် ကိုယ်တိုင် ဂိမ်း ဆော့ခဲ့ဖူးသူ တစ်ယောက်ဖြစ်သော ရန်ကုန် မြို့မှ ကိုနေဝင်းလှိုင်က  ”ဆော့တယ်။ ခဏခဏ။ ဒါပေ မယ့် ကာစီနိုနဲ့ မထူးဘူး။ သိတယ် မဟုတ်လား။ ကာစီနိုနဲ့ဘဝပျက် ကြတာလေ။ အကောင်းဆုံးက မ ဆော့ မိဖို့။ ဆော့မိလိုက်ရင် စွဲသွား ပြီး တဖြည်းဖြည်းနဲ့ ရှိတာ ပြောင် သွားလိမ့်မယ်။ ဆရာလုပ်တာမ ဟုတ်ဘူး။ ဟိုနေ့က ၁၇ဝဝဝ ထည့်ဆော့လိုက်တာ ၇ဝဝဝဝ ရတယ်။ ရ တယ် ဆိုပြီး ဆက်ဆော့ လိုက်တာ အိတ်ထဲကတောင် ၈ဝဝဝဝ လောက် ထပ်ပါသွား တယ်။ ခုချိန်ထိ တစ်ခါမှတော့ ပိုက်ဆံ ပြန်မထုတ်ဖူးသေးဘူး။ နိုင်လည်းမနိုင်ဘူးလေ”ဟု ယင်း၏ အတွေ့အကြုံကို မျှဝေသည်။

အမှန်တကယ်တွင် ယင်းတို့ ဂိမ်းကိုDownload ရယူရန် ညွှန်း ဆိုထားသော နေရာသည်ပင် တရုတ်နိုင်ငံ၏ ဂိမ်းများစုစည်းရာ ဝက်ဘ်ဆိုက်များဖြစ်ပြီး ကိုယ်ပိုင် ဆာဗာဖြင့် ငွေ သွင်း ငွေထုတ်ပြု လုပ်ခြင်းဆိုသည်မှာ မည်သည့် နည်းနှင့်မှ မဖြစ်နိုင်ကြောင်းနှင့် ရုံးပင် ဖွင့်လှစ်ထားခြင်း မရှိကြ သော အဆိုပါ ဂိမ်းများကို ယုံ ကြည်စွာ ငွေလွှဲပေးနေမှုများမှာ မ လုပ်သင့်ကြောင်းMobile Developer တစ်ဦးဖြစ်သူ ကိုသူရ ကဆိုသည်။ ”ဂိမ်းတစ်ခု ရေးတာလွယ် တာမှတ်လို့။ ပြီးတော့ ဂိမ်းဆော့သူ တွေရဲ့ အနိုင်အရှုံး အချက် အ လ က်  တွေကို သူတို့ ဘယ်လို မှတ်တမ်းယူ သလဲ။ Server နဲ့ ထားတာလား။ ဘယ်လို နည်းပညာတွေ သုံးတာ လဲ။ အဲ့ဒါတွေတောင် မသိရဘူး ဆိုတော့ ကစား ဖို့ ငွေလွှဲ တယ်ဆို တာ အဆင်မပြေ ဘူးလေ။ နောက် တစ်ချက်က ငွေသွင်းပြီး ကစားဖို့ အကောင့်ပေးတယ် ဆိုတာ သူတို့ ဖောက်ပြီးသား အကောင့် အလကားအကောင့် ပေးတာ လ ည်း ဖြစ် နိုင် တာပဲ။ ဒါက အမျိုးမျိုးဖြစ်နိုင် ပါတယ်”ဟုကိုသူရက ပြောသည်။ နည်းပညာအရ အဖွဲ့ဝင် မန် ဘာအဖြစ် ဝင်ရောက်ရန်မှာ အ ခက်အခဲများစွာ မရှိ ဘဲJ Member Log in Page  တစ်ခုဆိုတာ Free Hosting များမှ အလွယ်တကူ ဖန် တီးယူနိုင်ပြီး ယင်းတို့ ကိုယ်ပိုင်Website ပင် မရှိသောသူများကို ငွေသွင်း၍ ဂိမ်းကစားနိုင်သည် ဆို သည် မှာ မဖြစ်နိုင်ပေ။

ထိုသို့သော ဖြစ်စဉ်များဖြစ် ပွားရခြင်းသည် ပြည်သူလူထုများ အကြား အင်တာနက် ဒီဂျစ်တယ် နှင့် ပတ်သက်သောအသိပညာ လို အပ်ချက်တချို့ ရှိနေသောကြောင့် အလား တူဖြစ်စဉ်များတွင် စဉ်းစား ချင့်ချိန်နိုင်စေရန် အင်တာနက် နှင့် ပတ်သက်သော ပညာရေးကို ပိုအလေးပေး ဆောင်ရွက် သင့် ကြောင်း အင်တာနက် လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူများက ပြော သည်။”ဒီလိုတွေဖြစ်ရတယ် ဆိုတာ အဓိကတော့ အင်တာနက်နဲ့ ပတ်သက်ပြီး ကောင်းကောင်း မသိရှိ ကြသေးတဲ့ အချက်တွေ ရှိလို့ပါ။ ဒါကြောင့် လူ ထုတွေကို ဒီလို အွန် လိုင်းပေါ်က အကြောင်းအရာတွေ၊ အင်တာနက်သုံးစွဲပုံတွေနဲ့ ပတ် သက်ပြီး ပညာ မျှဝေမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လုပ်ဆောင် သင့် သ လို အစိုးရက လည်း လုပ်ဆောင်ပေးသင့်ပါ တယ်”ဟု MIDO၏ ဒီဂျစ်တယ် လုံခြုံရေး စီမံကိန်း တာဝန်ခံ မရတနာက ပြောသည်။ထို့အပြင် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ မည် သည့် လောင်းကစားကိုမဆို တရားမဝင် အဖြစ် သတ်မှတ်ထားပြီး နစ်နာသူ များ တိုင်တန်းပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အွန်လိုင်းပေါ်ရှိ ခြိမ်းခြောက်မှု၊ လိမ်လည်မှု စသည့် အင်တာနက် မှုခင်းများကို စီအိုင်ဒီက အထူးကိုင် တွယ် ဆောင်ရွက်နေကြောင်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် အ ဆင့်ရှိ သူတစ်ဦးက ပြောသည်။

”ရဲတပ်ဖွဲ့ကတော့ တိုင်ကြား သူရှိတာနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်ပါတယ်။ စီအိုင်ဒီက လည်း အွန်လိုင်း မှုခင်းတွေကို စီအိုင်ဒီကနေ ကိုင်တွယ်နေပါ တယ်။ ရဲတပ်ဖွဲ့က လည်းသက်ဆိုင် ရာမြို့နယ်အလိုက် ဌာနတွေကနေ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောသည်။အမှန်စင်စစ်တွင် လူမှုကွန် ရက် မီဒီယာများကို အမှီပြု၍ စီးပွားရေး ဆန်ဆန် ဆိုသည်ထက် လိမ်လည်ရန် ကြံစည်မှုများလည်း ရှိကြသည်။ အမှန်တကယ်ပင် ကောင်းရောင်း ကောင်းဝယ်လုပ် ကိုင်နေပြီး ဝန်ဆောင်မှုပေးေ န သောOnline Shopping ၊ အမှန်တကယ်ပင် အမှန်အကန် ပြည်သူများအတွက် အကျိုးရှိစေ ရန် ရည်ရွယ်နေသော အွန်လိုင်း စာမျက်နှာ များစွာလည်း ရှိပါ သည်။ထို့ကြောင့် ထိုသို့သော လိမ် လည်မှုများ မကြုံစေရန်မှာမူ မိမိ တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ညဏ်နှင့် သာ သက်ဆိုင်သည်။ ယုံကြည်၍ ရနိုင်သော Online စာမျက်နှာများ သည် ယင်းတို့ စာမျက်နှာများပေါ် တွင် တာဝန်ယူနိုင်ကြောင်း အ ပြည့်အဝပေါ်လွင်သည်။ ထို့အတူ လိမ်လည်လှည့်ဖျားသော စာမျက် နှာများမှာမူ တာဝန် မခံနိုင်ခြင်း သည် အပြည့်အဝ ပေါ်လွင်သည်။

ထို့ကြောင့် လူမှုကွန်ရက် မီဒီ ယာများကို သုံးစွဲရာတွင် သုံးစွဲသူ များ အကျိုးကျေးဇူးများစွာရရှိနိုင်သကဲ့သို့ ယုံလွယ်မိပါကလည်း ငွေကုန်အချိန်ကုန်သာ ဖြစ်သော ကြောင့် လေ့လာ စူးစမ်းခြင်းအား ဖြင့်သာ လိမ်လည်မှုများကို ကျော် ဖြတ်နိုင်ကြမည်ဖြစ်ပေသည်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*