မြန်မာ တစ်နိုင်ငံလုံးတွင် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီး ခံထားရသူ သုံးရာကျော်ရှိနေ

မြန်မာ တစ်နိုင်ငံလုံးတွင် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီး ခံထားရသူ သုံးရာကျော်ရှိနေ
May 17, 2017 Asian Fame

1:31 pm
မြန်မာ တစ်နိုင်ငံလုံးတွင် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီး ခံထားရသူ သုံးရာကျော်ရှိနေ

(ရန်ကုန်၊ မေ ၁၆)

ဧပြီလကုန်တွင် မြန်မာနိုင် ငံအတွင်း၌ နိုင်ငံရေးလှုပ်ရှားမှု များကြောင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရသူ ၃ဝ၅ ဦးရှိနေကြောင်း နိုင်ငံရေး အကျဉ်းသား များ ကူ ညီစောင့်ရှောက်ရေး အသင်း (AAPP) ကမေလ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ဧပြီလအတွင်း လယ်သမား များ၊ တိုင်းရင်းသားများနှင့် ကျောင်းသား များသည် ငြိမ်းစုစီ ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ မတရားအသင်း အက်ဥပဒေတို့ ဖြင့် ဖမ်းဆီးခံရမှုများ ရှိခဲ့ပြီး စုစု ပေါင်း ၂၃ ဦး ဖမ်းဆီးခံခဲ့ရ ကြောင်း၊ လယ်သမား ၁၇ ဦး၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမျိုးသားသုံးဦး အပါ အဝင် စုစုပေါင်း ၂ဝဦး ပြစ်ဒဏ် ချမှတ် ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရမှု များရှိနေ ဆဲဖြစ်၍ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များနှင့် ဆက်နွှယ် ခြင်းအတွက် ဖမ်းဆီးခံရခြင်း မရှိ စေရန်  မတရားအသင်း အက် ဥပဒေအား ပြင်ဆင် ဖြည့်စွက် ရန်၊  လယ်ယာမြေသိမ်းဆည်းခံ ရခြင်းနှင့် ပတ်သက်သောအမှု များအားလုံးကို အစိုးရက ကိုင် တွယ်ဆောင်ရွက်ရန်၊ မိမိပိုင် လယ်ယာမြေများအား ပြန်လည် ရရှိရန်နှင့် ထွန်ယက်ရန် ကြိုး စားသော လယ်သမား များ ပြစ် ဒဏ်ချမှတ်ခံရခြင်း မရှိစေရန် အတွက် လယ်ယာမြေ ဥပဒေ များကို ပြင်ဆင်ရန် သို့မဟုတ် ဖျက်သိမ်းရန် (AAPP) က အစိုးရ အား တိုက်တွန်းထားသည်။

(AAPP) ၏ ရန်ကုန်ရုံး တာ ဝန်ခံဦးအောင်မျိုးကျော်က ”ငြိမ်း စုစီဥပဒေ ဆိုရင် ပြင်ထားပေမယ့် ဒီမိုကရေစီစံ လူ့အခွင့်အရေး စံနဲ့ ကြည့်ရင် ပြင်စရာတွေ လိုအပ်နေ သေးတယ်။ ဗကသကျောင်းသား တွေကို ဖမ်းတာဟာဆိုရင် အင် မတန် ရုပ်ပျက်ပါတယ်။ ဒီလိုပဲ လယ် သမားတွေ ဆိုလည်း သူတို့ ဓားမဦးချ လုပ်ခဲ့တဲ့လယ်တွေ အရင်အစိုးရတွေ လက်ထက်မှာ သိမ်းဆည်းခံရတုန်းက မပြောရဲခဲ့ ကြဘူး။ ခုပြောလို့ရတဲ့ အခြေအ နေမှာ ပြောတဲ့အခါ သူတို့ကို ထောင်ချမယ့်အစား လယ်သိမ်း ထားတဲ့လူတွေနဲ့ လယ်သမား တွေကြား ဝင်ရောက် ညှိနှိုင်းဖြေ ရှင်းပေးတာမျိုး လုပ်ပေးဖို့လိုနေ ပါပြီ။ ဖြေရှင်းတဲ့ပုံစံတွေ ပြောင်း ဖို့ လိုနေပါပြီ” ဟု ပြောသည်။

ထို့ပြင် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ကို ကန့်သတ် ထားသည့် ဆက်သွယ်ရေး ဥပဒေ ကို တစ်ဖက်သတ် သုံးစွဲမှုများ ရှိ နေဆဲဖြစ်ပြီး ထိုဥပဒေကိုအမြန် ဆုံး ပြင်ဆင်ရန်လိုအပ်ကြောင်း လည်း ၄င်းက ပြောသည်။

(AAPP) မှ ရရှိသောစာရင်း အရ လက်ရှိတွင် နိုင်ငံရေးအ ကျဉ်းသား စုစုပေါင်း ၉၉ ဦး အ ကျဉ်းကျခံနေရပြီး တက်ကြွလှုပ် ရှားသူ ၉၁ ဦးသည် ထောင်တွင်း မှနေ၍ တရား ရင်ဆိုင်နေရကာ ၁၁၅ ဦးသည် ထောင်ပြင်ပမှနေ ၍ တရား ရင်ဆိုင်နေရကြောင်း သိရသည်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*