အေးခဲကြက်သား တရားမဝင် ရောင်းချခြင်း မဟုတ်ကြောင်း May Yu Marine ကုမ္ပဏီ ပြန်ရှင်း

အေးခဲကြက်သား တရားမဝင် ရောင်းချခြင်း မဟုတ်ကြောင်း May Yu Marine ကုမ္ပဏီ ပြန်ရှင်း
May 17, 2017 Asian Fame

1:32 pm
အေးခဲကြက်သား တရားမဝင် ရောင်းချခြင်း မဟုတ်ကြောင်း May Yu Marine ကုမ္ပဏီ ပြန်ရှင်း

(ရန်ကုန်၊ မေ ၁၆)

ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ထုတ် ပြန်ထားသည့် အေးခဲကြက်သား တရားမဝင် တင်သွင်းရောင်းချနေ သည်ဟုဆိုသော May Yu Marine ကုမ္ပဏီက ၄င်းတို့ အနေဖြင့် တရား ဝင် မှတ်ပုံတင်ထားသော ကုမ္ပဏီ ဖြစ်ကြောင်း အဖွဲ့ချုပ်သို့ ပြန် လည်တင်ပြ ရှင်းလင်းသွား မည်ဟု ပြောသည်။

အဆိုပါ ကုမ္ပဏီသည် အေးခဲ ကြက်သား တရားမဝင်တင်သွင်း ရောင်းချနေသည်ဟု ဆိုကာ  ပြည် တွင်း မီဒီယာတစ်ခုသို့   မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မှအရာရှိ တစ်ဦးက ထုတ်ဖော်ပြော ဆိုခဲ့သည့် အပေါ် ကုမ္ပဏီ၏ ဒါရိုက်တာ ဦးနိုင်ဝင်းအောင် က”ကျွန် တော်တို့မှာ တရားဝင် တင်သွင်းခွင့် လိုင်စင်လည်းရှိပါတယ်။  မွေးမြူ ရေးဘက်က ထောက်ခံချက်လည်း ရှိပါတယ်။ ကုန် သွယ်ရေး ဘက်က ချပေး ထားတဲ့ လိုင်စင်လည်း ရှိပါ တယ်။ ကျွန်တော်တို့က Agri Trade International Ltd ဆိုတဲ့ နာမည် နဲ့ လျှောက်ထားတာ ဖြစ် ပါတယ်။ အခု May Yu Marine  ဆိုတာကအတူတူပါပဲ။ လူကြီးတွေ က မတူဘူးလို့ ထင်သွားတာ ဖြစ် ပါလိမ့်မယ်။ အမှန်က ကုမ္ပဏီ တစ်ခု တည်းပါ” ဟု ရှင်းလင်းပြော ကြားသည်။

ယင်းကုမ္ပဏီသည် ပြည်ပမှ အေးခဲ ကြက်သား တင်သွင်းရန် မြန်မာနိုင်ငံသားငါး ကဏ္ဍစစ်ဆေး ရေးအဖွဲ့က ၂ဝ၁၆ ခုနှစ် စက်တင် ဘာလ ၉ ရက်နေ့က ခွင့်ပြုခဲ့သော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ကြောင်း၊ ပြည်တွင်းသို့ အမေရိကန် မှအေးခဲ ကြက်သား ၅၄ တန် တင်သွင်းခွင့် ရရှိခဲ့ကြောင်း၊ သတ်မှတ် အခွန်များ ကို ပေးဆောင်နေသော ကုမ္ပဏီတစ် ခုဖြစ်ကြောင်း ၄င်းကပြောသည်။

၎င်းတို့အနေဖြင့် အေးခဲ ကြက်သား များကို ပြည်တွင်းပေါက် ဈေးထက်နည်းသော နှုန်းထားဖြင့် ရောင်းချနေပြီး လက်ရှိတွင် အေးခဲ ကြက်သား များ ထပ်မံတင်သွင်းခွင့် မရရှိသေးသောကြောင့် တင်သွင်း ခွင့် ထပ်လျှောက်ထားကြောင်း ဦးနိုင်ဝင်းအောင်က ပြောသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*