ဖိလစ်ပိုင်ကျေးရွာ တစ်ရွာတွင် မြန်မာအမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံး

ဖိလစ်ပိုင်ကျေးရွာ တစ်ရွာတွင် မြန်မာအမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံး
May 18, 2017 Asian Fame

11:12 am
ဖိလစ်ပိုင်ကျေးရွာ တစ်ရွာတွင် မြန်မာအမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံး

P(ဖိလစ်ပိုင်၊ မေ ၁၈)

ဖိလစ်ပိုင်နိုင်ငံ ပန်ဂါဆီနန် ခရိုင်ရှိ ဘူဂယ်လွန်မြို့တွင် မြန်မာအမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။

စာရွက်စာတန်း အထောက်အထား များအရ အသက် ၆၃ နှစ်အရွယ် ဦးအောင်နိုင်ဆိုသူ မြန်မာနိုင်ငံသား တစ်ဦးသည် ဘူဂယ်လွန်မြို့ ဧရိယာတွင်းရှိ ရွာတစ်ရွာမှ သူ၏အိမ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို အင်္ဂါနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က တွေ့ရှိရကြောင်း ယင်းဒေသ ရဲတပ်ဖွဲ့မှတ်တမ်း အရသိရသည်။

လည်ပင်းတွင်စွပ်ထားသော ကြိုးကွင်းပါကြိုးကို သံတန်းတစ်ခုတွင်ချည်၍ ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း ရဲများပြောသည်။

ဦးအောင်နိုင်တွင် ရိုစလီ အောင်နိုင်ဟူသည့် အသက် ၃၆ နှစ်အရွယ် ဇနီးတစ်ဦးကျန်ရစ်ခဲ့သည်။

ယင်းသေဆုံးမှုကို ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရပါသည်။

PN002
Ref:Myanmar man hangs self in Pangasinan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*