၂၉၆ ဘီလီယံ တန်ဖိုးရှိတဲ့ မူယစ်ဆေးဝါးများ ယနေ့ဖျက်ဆီး

၂၉၆ ဘီလီယံ တန်ဖိုးရှိတဲ့ မူယစ်ဆေးဝါးများ ယနေ့ဖျက်ဆီး
June 26, 2017 Asian Fame

9:51 am
၂၉၆ ဘီလီယံ တန်ဖိုးရှိတဲ့ မူယစ်ဆေးဝါးများ ယနေ့ဖျက်ဆီး

19510400_1512735018785232_6855512275466965509_n

ရန်ကုန် ဇွန် ၂၆
ပြည်နယ်တိုင်း၇ခု ကနေ ဖမ်းဆီးရမိတဲ့ ကျပ်ငွေ ၂၉၆ဒသမ ၄ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးများကို ဒီကနေ့ရန်ကုန်မြို့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ယခုဖျက်ဆီးမှုဟာ ရန်ကုန်တိုင်းအတွင်း စံချိန်တင်ဖျက်ဆီးမှုဖြစ်ပြီးတော့ မူးယစ်ဆေးနဲ့စိတ်ကိုပြောင်းလဲစေတက်တဲ့ဆေးဝါး အမျိုးအစား၂၅မျိုးပါဝင်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ကပြောပါတယ်။

ယနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်က ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားကွင်း ဒဂုံဧရာအဝေးပြေးကားဝင်းအနီးမှာပြုလုပ်ခဲ့ပါတယ်။

” အဓိက ကပြည်သူတွေပါဝင်ဖို့လိုပါတယ်။ရဲတပ်ဖွဲ့အယောက်တစ်သောင်း တစ်သိန်းဆောင်ရွက်နေလည်း သတင်းရရှိဖို့လိုပါတယ်။” လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးမြင့်ထွေးကပြောပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း၊မြို့တော်ဝန်ဦးမောင်မောင်စိုး၊ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊တိုင်းလွှတ်တော်ဒုဥက္ကဌ ဦးလင်းနိုင်မြင့်၊အမှတ် ၂ရဲတပ်ရင်းများကွက်ကဲရေးမှူး ရဲမှူးချုပ်မြဝင်း၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးချုပ်ဝင်းနိုင်၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)မှ ဥက္ကဌ ဦးစိုးဝင်း၊တရူတ်နိုင်ငံ NNCC မှ ရဲဆက်ဆံရေးအရာရှိ Mr.Zhu Ji Si ၊လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ပါတယ်။

၂၀၁၆-၁၇ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု၉၈၁မှုမှ ပြစ်မှုကျူးလွန်သူ ၁၅၀၀ကျော်ကို ဖမ်းဆီးအရေယူခဲ့တယ်လို့ ရဲမှုးချုပ်ဝင်းနိုင်ကဆက်ပြောပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*