သမိုင်းအဖြစ်အပျက်တွေကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ဒီလို ပိုက်ဆံအဟောင်းတွေနဲ့ ပန်းချီရေး ဖြစ်တာပါ

သမိုင်းအဖြစ်အပျက်တွေကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ဒီလို ပိုက်ဆံအဟောင်းတွေနဲ့ ပန်းချီရေး ဖြစ်တာပါ
May 17, 2017 Asian Fame

12:08 pm
သမိုင်းအဖြစ်အပျက်တွေကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ဒီလို ပိုက်ဆံအဟောင်းတွေနဲ့ ပန်းချီရေး ဖြစ်တာပါ

Art Zwe Yan Naing

နိုင်ငံတကာအကောင်းဆုံးပန်းချီပညာရှင်ချန်ပီယံဆုရ ပန်းချီဆရာ ဇွဲရန်နိုင် နှင့် တွေ့ဆုံခြင်း

ဧပြီလအတွင်း ပြုလုပ်ခဲ့သော တိုင်ပေအနုပညာလှုပ်ရှားမှု ၂ဝ၁၇ အနုပညာလက်ရာပြပွဲတွင် မြန်မာနိုင်ငံမှ ပန်းချီဆရာ ဇွဲရန်နိုင်က နိုင်ငံတကာ အကောင်းဆုံးပန်းချီပညာရှင်ချန်ပီယံဆုကို ရရှိခဲ့သည်။ နိုင်ငံပေါင်း ၇၇ နိုင်ငံမှ ပန်းချီအနုပညာရှင် ၃၆ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ပန်းချီဆရာ ဇွဲရန်နိုင်က ချန်ပီယံဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းပန်းချီလောကအတွင်း ဝင်ရောက်ဖြစ်ခဲ့ပုံ၊ ပန်းချီပညာအပေါ်ခံယူချက်များနှင့် ပြိုင်ပွဲဝင်ဖြစ်ခဲ့သည့် အကြောင်းများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အစ်ကို ပန်းချီ လောကထဲဝင် ရောက်ဖြစ်ခဲ့ပုံကို အရင်ဆုံးပြောပြပေးပါခင်ဗျ။

ကျွန်တော်တို့ ကလေးဘဝတုန်းက တေဇတို့၊ ရွှေသွေးတို့ စာအုပ်တွေနဲ့၊ သူငယ်ချင်းတွေနဲ့အတူဆော့ကြတယ်။ ကျောင်းစာအုပ် မှာပုံတွေရေးတယ်။ အရွယ်ရောက် တော့ သူငယ်ချင်းအချင်းချင်း တစ် ယောက်ပုံကို တစ်ယောက်ရေးကြတာပေါ့။ နောက်တော့ Portrait ပုံတွေ၊ မင်းသား၊ မင်းသမီးပုံတွေ ရေးကြတယ်။ နောက် ၂ဝဝ၇ ခုနှစ် ရောက်တော့ ရန်ကုန်မှာ ပန်းချီ သင်တန်း လာတက်တယ်။ ၂ဝဝ၉ မှာ ပြီးတယ်။ သုံးနှစ်ပေါ့။ အဲဒီ ကျောင်းဆင်းကတည်းက ပန်းချီအလုပ်တွေကို ဆက်တိုက် လုပ်လာခဲ့တာ။

ပန်းချီလောကထဲ စရောက်တော့ ဘယ်လို ပန်းချီတွေစဆွဲခဲ့ပါသလဲ။

ပန်းချီဆရာ တစ်ယောက်အ နေနဲ့ရပ်တည်မယ်ဆိုရင် ကိုယ်ပိုင်ဇာတ်ကောင်တစ်ခု လိုတာပေါ့။ အဲဒီမှာ စဉ်းစားရတယ်။ ကျွန်တော် တို့က အာဏာရှင်စနစ်မှာ ကြီးပြင်း လာခဲ့တာဆိုတော့ စနစ်ပြောင်းဖို့ တိုင်းပြည် ပြောင်းလဲဖို့ အမြဲတမ်း ဆန္ဒရှိတယ်။ တိုင်းပြည်ပြောင်းလဲ ဖို့ အမြဲတမ်းလိုလားတယ်။ အဲဒီ တော့ ကျွန်တော်ရေးတဲ့ ပန်းချီက နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ နိုင်ငံ တော်အတွက် ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုကို အဓိကထားပြီးရေးတယ်။ ၂ဝဝ၉ ခုနှစ်မှာ ဒေါ်စုပုံ ရေးခွင့် မရှိသေးဘူး။ အဲဒီတော့ တိုက် ရိုက်မရေးဘူး။ သွယ်ဝိုက်ပြီးရေး တယ်။ အဖြစ်အပျက်တွေ၊ မျှော်လင့်ချက် အိပ်မက်တွေကို ရေးတယ်။

တံဆိပ်ခေါင်းတွေနဲ့ပန်းချီဆွဲတဲ့အတွက် အစ်ကို့ကိုလူသိများလာတာ ပေါ့။ ဆုရတာလည်း ဒီတံဆိပ် ခေါင်းတွေနဲ့ ဆွဲတဲ့ပန်းချီနဲ့ပဲ ရတာ ဆိုတော့ ဒီလိုပန်းချီကားတွေကို ဘယ်လိုစပြီးရေးဖြစ်ခဲ့တာပါလဲ။

၂ဝ၁၁ ကျတော့ကျွန်တော့်ရဲ့ ပထမဆုံး ပြပွဲလုပ်တယ်။ ပြပွဲလုပ် ပြီးနောက်ပိုင်း Collage ပန်းချီ ရေးတာကို အင်တာနက်ပေါ်ကနေ သင်ယူတယ်။ အဲဒီပန်းချီဆွဲဖို့ အတွက် ပိုက်ဆံအဟောင်းတွေ သွားတွေ့တယ်။ ပန်းချီဆွဲတဲ့အခါ မှာ နိုင်ငံရဲ့အရေးကြီးတဲ့ သမိုင်းကြောင်းတွေ၊ ဖျက်သိမ်းခဲ့တဲ့ ပိုက်ဆံတွေ၊ အဲဒီပိုက်ဆံတွေကို ဖျက်လိုက်တဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်ပြီး ပူဆွေး ငိြုေ<ွကးခဲ့ကြရတယ်။ အဲဒီပိုက်ဆံတွေဟာ အရင်က တန်ဖိုးရှိတယ်။ တန်ဖိုးမြင့်မားတယ်။ အဲဒီလို သမိုင်း အဖြစ်အပျက်တွေကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ဒီလိုပိုက်ဆံ အဟောင်းတွေနဲ့ ပန်းချီရေးဖြစ်တာပါ။

အဲဒီ Collage ပန်းချီတွေရေးတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိခဲ့သလဲခင်ဗျ။

အစကတော့ နည်းနည်း အခက်အခဲ ရှိတယ်။ ပိုက်ဆံအ ဟောင်းတွေက ရှားတာကိုး။ ပိုက်ဆံအဟောင်း အရွက် ၅ဝ လောက် နဲ့ စဆွဲတယ်။ ကျွန်တော်တို့ ငယ် ငယ်တုန်းကဆိုရင် တစ်ကျပ်တန် တစ်ရွက်ဆိုရင် မုန့်ဖိုးရတယ်။ အခု အသုံးမဝင်တော့တဲ့အတွက် ပျောက်ကွယ်လာတယ်။ ရပ်ကွက်တွေထဲ၊ ဘိုးဘွားတွေဆီကနေရှာတယ်။ အနည်းအကျဉ်းရတယ်။ အနည်းအကျဉ်းလောက်ပါပဲ။ နောက်ပိုင်း ပြပွဲတွေလုပ်လာတော့ ရှေးဟောင်း ပစ္စည်းတွေ ရောင်းတဲ့ လူတွေက ဆက်သွယ်လာကြတယ်။ နောက်ပိုင်း အဆင်ပြေသွားပါတယ်။

တိုင်ပေအနုပညာလူပ်ရှားမှု၂ဝ၁၇ အနုပညာလက်ရာပြပွဲမှာ ဆုရခဲ့တဲ့ပန်းချီကားကို ဘယ်လိုစိတ်ကူးနဲ့ ဖန်တီးခဲ့တာပါလဲ။

သူ့ပြိုင်ပွဲ အကြောင်းအရာက အနုပညာလှုပ်ရှားမှု Revolution ပေါ့။ အပြောင်းအလဲတစ်ရပ်ပေါ့။အဲဒါနဲ့ ဆက်စပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ပုံကို ရေးဖြစ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူက မြန်မာ နိုင်ငံကို အပြောင်းအလဲဖြစ်အောင် လုပ်ပေးခဲ့တဲ့ လူတစ်ယောက်ဖြစ်နေတဲ့အတွက် ရေးဖြစ်ခဲ့တာပါ။

အခုလို နိုင်ငံတကာဆိုင်ရာ အကောင်းဆုံးဆု ရခဲ့တဲ့အပေါ်မှာ ရော အစ်ကို့ခံစားချက်ကို သိပါရစေ။

နိုင်ငံတကာမှာ ဆုရတာကတော့ ကျွန်တော့်ဆီကို Email က နေတစ်ဆင့် ဖိတ်ခဲ့တာပါ။ ကျွန်တော်လည်း အဲဒီပြိုင်ပွဲမှာ ဝင်ပြီး ပြလိုက်တော့ ဆုရတာပေါ့။ ဆုရ တော့ တော်တော်လေး အံ့သြမိတယ်။ ကိုယ့်နိုင်ငံအတွက်လည်း ဂုဏ်ယူမိတယ်။ နောက်ပြိုင်ပွဲတွေမှာလည်း ဆက်ပြိုင်ဖို့ ပိုအားရှိသွားတာပေါ့။ ကျွန်တော့်ရဲ့ ဂျူနီယာ လူငယ်တွေအတွက်လည်း ရှေ့ဆက်သွားဖို့ လမ်းမြင်သွားတာပေါ့။

ပြည်တွင်း ပန်းချီပြပွဲနဲ့ နိုင်ငံတကာ ပန်းချီပြပွဲတွေရဲ့ ကွာခြားချက်ကိုလည်းသုံးသပ်ပေးပါဦးခင်ဗျ။

ကွာခြားတာတွေကတော့ အ များကြီးရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံက အခုမှ လမ်းပွင့်ခါစဆို တော့ နိုင်ငံတကာပြပွဲတွေနဲ့ ယှဉ် ရင် ပြပွဲတွေ နည်းပါသေးတယ်။ လို အပ်တာတွေလည်း ရှိသေးတာ ပေါ။့ ဒါပေမယ့် တဖြည်းဖြည်း ပြပွဲတွေ၊ ပြိုင်ပွဲတွေ များလာမှာပါ။ မျိုးဆက်သစ် ပန်းချီဆရာတွေ အ တွက်လည်း ပိုကောင်းလာမှာပေါ့။

ပန်းချီနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘာတွေလုပ်သွားဖို့ ရှိမလဲခင်ဗျ။

ကျွန်တော်တို့ ကိုယ်တိုင်က တံခါးပိတ်ဝါဒခေတ်မှာ ကြီးပြင်းလာတာဆိုတော့ မြန်မာ့ပန်းချီ ဆရာတစ်ယောက်အနေနဲ့ ကမ္ဘာ မှာ နေရာရအောင်၊ ကမ္ဘာမှာ မဟုတ်ရင်တောင်မှ အာဆီယံမှာ နေရာရဖို့ ရည်မှန်းထားတယ်။ သူငယ်ချင်းတွေနဲ့ စုပြီးတော့ ပန်းချီပြပွဲတွေ ဆက်လုပ်သွားမယ်။

ပန်းချီနဲ့ပတ်သက်တဲ့ အစ်ကို့ရဲ့ ခံယူချက်လေး သိပါရစေ။

ပန်းချီနဲ့ပတ်သက်ပြီး ကျွန် တော့်မှာ ခံယူထားတာ သုံးခုရှိပါ တယ်။ နံပါတ် တစ်က အတိတ်ကို မမေ့ဖို့၊ စောင့်ရှောက်ဖို့၊ ထိန်းသိမ်း ဖို့၊ ဖော်ထုတ်ဖို့၊ နံပါတ် နှစ်က ပစ္စုပ္ပန်ကို သတိပြုဖို့၊ တင်ပြဖို့၊ ဝေဖန်ဖို့၊ အဖြေရှာဖို့နဲ့ နံပါတ် သုံး က အနာဂတ်ကို မျှော်တွေး တည် ဆောက်ဖို့ တစ်ထောင့်တစ်နေရာ က အကျိုးပြုဖို့ ဖြစ်ပါတယ်။

လင်းဟိန်းမေးမြန်းသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*