ဥက္ကာမင်းမောင်Mister Tourism World 2016 Winner ဆု ဆွတ်ခူး

ဥက္ကာမင်းမောင်Mister Tourism World 2016 Winner ဆု ဆွတ်ခူး
December 14, 2016 Asian Fame

3:59 am
ဥက္ကာမင်းမောင်Mister Tourism World 2016 Winner ဆု ဆွတ်ခူး
ဓာတ်ပုံ - အောင်ဇော်မင်း

ဓာတ်ပုံ – အောင်ဇော်မင်း

ထူးထူး
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

Mister Tourism World 2016 ၏  Winner  ဆုကို မြန်မာနိုင်ငံကိုယ်စား ပြုသရုပ်ဆောင်အဆိုတော် ဥက္ကာ မင်းမောင် ရရှိခဲ့ကြောင်း သိရသည်။

”ပြိုင်ပွဲပြီးတဲ့အချိန်ကနေ အခု ထိ လူပေါင်းများစွာရဲ့ Congratulations Myanmar ဆိုတဲ့အသံတွေ ကြားရတာ အိပ်မက်တစ်ခုလို ဖြစ်   နေပြီး  အခုထိလည်း မယုံနိုင်သေး ဘူးလို့ ခံစားနေရတယ်” ဟု ဥက္ကာ မင်းမောင်က ဒီဇင်ဘာလ ၁၁ရက် က ၄င်း၏ ဖေ့စ်ဘွတ်ခ်စာမျ က်နှာ ပေါ်တွင် ရေးသားခဲ့သည်။

ဥက္ကာမင်းမောင်ကMister Tourism World Organization မှ ပေးအပ်မည့်တာဝန်များအရ စပိန်၊ အီတလီ၊ ဥရောပတစ်ခွင်၊ ပီရူး၊ အာဂျင်တီးနား၊ တောင်အမေရိက တစ်ခွင်၊ ဒူဘိုင်း၊ အာဖရိက၊ အာရှ တစ်ခွင် ခရီးသွားသံတမန်အဖြစ် ခရီးစဉ်များသွားရမည်ဖြစ်ပြီး လူမှု ရေးလုပ်ငန်းများကို ဆောင်ရွက်ရ မှာဖြစ်သလို နောက်နှစ်တွင် ယှဉ် ပြိုင်မည့် နိုင်ငံများ၏ ကိုယ်စားပြု ရွေးချယ်ပွဲများတွင် ဒိုင်အဖြစ် လုပ် ပေးရမည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်လက်ရှိ လုပ်ဆောင် နေတဲ့အနုပညာ အလုပ်တွေကို Mister Tourism World Organization  ဘက်ကလုပ်ခွင့်ပေးထား တယ်” ဟုဥက္ကာမင်းမောင်က ဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် Mister Tourism World Winner  တစ်ယောက်အနေဖြင့်ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းစဉ်များနှ င့် ပတ်သက်ပြီး Philippines Nationwide Net  25  TV Channel Morning Talk Show တွင် ရိုက် ကူးထုတ်လွှင့်ခဲ့သည်ဟု သိရသည်။

   ”ပြည်တွင်းကလည်း မီဒီယာ တွေက ဆက်သွယ်မေးမြန်းတာတွေ အများကြီးပဲ။ အခုအချိန်ကပြန် ဖြေဖို့ အခက်အခဲဖြစ်နေတယ်။ ဒီဇင် ဘာလ ၁၄ ရက်နေ့ဆို ပြန် ရောက်ပြီ။ နိုင်ငံတကာက Media တွေ Organization တွေနဲ့ တွေ့ခွင့်ရ သရွေ့ ကျွန်တော်ဘာပဲလုပ် လုပ် မြန်မာနိုင်ငံကို ပိုမိုဂုဏ်တက်စေ အောင်ပဲဆက်လက်ကြိုးစားပါမယ်” ဟု ဥက္ကာမင်းမောင်ကပြောသည်။

ဥက္ကာမင်းမောင်က ဖိလစ်ပိုင် တွင်ကျင်းပခဲ့သည့် Mister Tourism World 2016 ပြိုင်ပွဲတွင် Winner  ဆုကြီးအပြင်၊Best Speaker ၊ Mister Style & Fashion ၊ Mister Social Media စသည့်ဆုများလည်း ရရှိခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*