အဓိကပြဿနာက ရေထွက်တဲ့နေရာမရှိတာပါ … အဲဒီနေရာတွေမှာ စက်ရေတွင်းတူးပေမယ့် ရေမထွက်ဘူး…

အဓိကပြဿနာက ရေထွက်တဲ့နေရာမရှိတာပါ … အဲဒီနေရာတွေမှာ စက်ရေတွင်းတူးပေမယ့် ရေမထွက်ဘူး…
April 27, 2017 Asian Fame

2:53 pm
အဓိကပြဿနာက ရေထွက်တဲ့နေရာမရှိတာပါ … အဲဒီနေရာတွေမှာ စက်ရေတွင်းတူးပေမယ့် ရေမထွက်ဘူး…

2

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကျေးရွာများသည် နှစ်စဉ် နွေရာသီရောက်တိုင်း သောက်သုံးရေပြတ်လပ်လေ့ရှိသည်။ ယမန်နှစ်က အယ်နီညို ရာသီဥတုကြောင့် ရေရှားပါးမှုကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသလို ယခုနှစ်တွင်လည်း ပင်းတယ၊ ကလော၊ ပင်လောင်းမြို့ နယ်များမှ ကျေးရွာများတွင် မတ်လမှစ၍ ရေပြတ်လပ်မှုကြောင့် ဒေသခံအဖွဲ့အစည်းများနှင့် အလှူရှင်များ ပူးပေါင်းကာ ရေလှူဒါန်းမှုများ လုပ်ဆောင်နေရသည်။ သို့ဖြစ်ရာ ရှမ်းပြည်နယ် တောင်ပိုင်းကျေးရွာများ၏ ရေအခက်အခဲနှင့် ပတ်သက်၍ လတ်တလော အခြေအနေများကို တောင်ရိုးလူငယ် အထောက်အကူပြုအဖွဲ့မှ ဒေသပညာရေးနှင့် ဒေသဖွံဖြိုးရေး သောက်သုံးရေရရှိရေးတာဝန်ခံ ကိုအောင်ဆန်းအား ဆက်သွယ် မေးမြန်းခဲ့ပါသည်။

တာင်ရိုးလူငယ်အထောက်အကူပြုအဖွဲ့မှ ကိုအောင်ဆန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

အစ်ကိုတို့ ရှမ်းပြည်တောင်ပိုင်းမှာ ရေရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ကြားရပါတယ်။ ကျေးရွာဘယ်နှစ် ရွာလောက်မှာ ဖြစ်နေတယ်ဆိုတာ အသေးစိတ် ပြောပြပေးပါခင်ဗျ။

ရှမ်းပြည်နယ် ကလောမြို့ နယ်နဲ့ ပင်းတယမြို့နယ်တွေက ကျေးရွာတွေမှာ ကြုံနေရတာပါ။ သောက်သုံးရေ အခက်အခဲဖြစ် နေတဲ့၊ ရေအခက်အခဲဖြစ်နေတဲ့ ကျေးရွာပေါင်း ၂ဝ လောက်မှာ လူဦးရေ တစ်သောင်းကျော် ရှိပါ တယ်။ ရှမ်းပြည်မှာ ရေရှားပါးတာ ကြာပြီ။ ပြီးခဲ့တဲ့ ၂ဝ၁၃ လောက်က တည်းက နှစ်တိုင်း ရေရှားတဲ့ ပြဿနာနဲ့ ကြုံနေကြရတယ်။

အဲဒီရေရှားပါးတဲ့ပြဿနာက နှစ် တိုင်းဖြစ်နေတာဆိုတော့ ဘာ ကြောင့်ဖြစ်တာပါလဲ။

အဓိကပြဿနာက ရေထွက်တဲ့ နေရာမရှိတာပါ။ အဲဒီ နေရာ တွေမှာ စက်ရေတွင်းတူးပေမယ့် ရေမထွက်ဘူး။ ရေထွက်တာက ပွေးလှမြို့ အနီးတစ်ဝိုက်မှာပဲ ထွက်တယ်။ ကျန်တဲ့နေရာတွေမှာ မထွက်ဘူး။ ကလောမြို့နယ်မှာဆိုရင် ရေထွက်တဲ့ နေရာ လုံးဝမရှိဘူး။ အလှူရှင်အဖွဲ့အစည်းတွေက စက်ရေတွင်းတွေ လာလှူကြတယ်။ ဒါပေမယ့် ရေမထွက်ဘူးဗျ။

လက်ရှိမှာ အဲဒီဒေသက ဒေသခံ တွေ သောက်သုံးရေကို ဘယ်ကနေရလဲခင်ဗျ။ အစ်ကိုတို့အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လို ကူညီပေးနေပါသလဲ။

ကျွန်တော်တို့ အရပ်ဘက် အဖွဲ့ အစည်းတွေက ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကတည်းကစပြီး ကူညီ နေပါတယ်။ အဲဒီပွေးလှနားက ရေ တွေကို ကားနဲ့သယ်ပြီး ရေရှားတဲ့ ရွာတွေကို ပို့ပေးနေပါတယ်။ ရေဂါ လန်တစ်ထောင်ပါတဲ့ ကားတစ်စီး ကို ကျပ်တစ်သောင်းခွဲနဲ့ ဝယ်ရပါ တယ်။ ကျွန်တော်တို့ ကားလေးစီးနဲ့ နှစ်ရက်မှာ တစ်ကြိမ် ပုံမှန်ပို့ပေး နေ ပါတယ်။ ရေရှားတဲ့နေရာတွေနဲ့ ရေထွက်တဲ့နေရာက ၃ မိုင် ၄ မိုင် ၁၂ မိုင် အဲဒီလို ဝေးပါတယ်။ တစ် ခြားရေလာလှူကြတဲ့ အဖွဲ့အစည်း တွေလည်းရှိတယ်။ ကျွန်တော်တို့ က အလှူခံတယ်။ ရတဲ့ငွေတွေနဲ့ ကူညီပေးနေပါတယ်။ ဒီရက်ပိုင်းတော့ မိုးနည်းနည်းရွာခဲ့လို့ အဆင် ပြေပါတယ်။

ရေရှားတဲ့ဒေသက လူတွေအ တွက် လတ်တလောအစ်ကိုတို့ကူညီ လို့အဆင်ပြေပေမယ့် နောက်ပိုင်းကျရင်ရောဘယ်လိုအခက်အခဲ တွေကြုံရနိုင်လဲ။

ဒီလိုနည်းနဲ့ နောက်ပိုင်းမှာ ဆိုရင် အဆင်မပြေနိုင်ဘူး။အလှူ ရှင်တွေဆီက ရတဲ့ပိုက်ဆံကို အား ကိုးပြီးပဲ ကူညီနေရတာလေ။ အစိုးရက စီမံကိန်းနဲ့သေချာလုပ်ဖို့ လိုပါတယ်။ လူကယ်ပြန် (လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန)က လာလှူတယ်။ ဒါပေမယ့် မထိ ရောက်ဘူး။

အဲဒီရေရှားပါးတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရင် ရနိုင်ပါသလဲ။ အစိုးရအနေနဲ့ကော ဘာတွေလုပ် ပေးသင့်ပါသလဲခင်ဗျ။

ဒီရေရှားပါးတာကို မဖြစ် အောင်အတွက် အစိုးရအနေနဲ့ စီမံ ကိန်းချပြီးလုပ်ဖို့ လိုအပ်ပါတယ်။ ရေထွက်တဲ့ အဲဒီပွေးလှမြို့အနီးမှာ ရေကန်ကြီးတူးပြီး အဲဒီကရေတွေ က အမြင့်ဆုံး တောင်ပေါ်တင်ပြီး အဲဒီ တောင်ကနေတစ်ဆင့် ရေ ရှားတဲ့ဒေသတွေကို ပို့ပေးရင် အ ဆင်ပြေပါတယ်။ အဲဒီလိုလုပ်ဖို့အ တွက် ကျွန်တော်တို့မှာ စီမံကိန်း ရေးထားတာရှိပါတယ်။ ဒါပေမယ့် အစိုးရကလုပ်မှရမှာပါ။ ကျွန်တော် တို့အနေနဲ့ ဘတ်ဂျက်မတတ်နိုင် ဘူး။ အဲဒါကို လုပ်မယ် ဆိုရင်ကျပ် သိန်း ၁၄ဝဝ လောက်ကုန်ပါမယ်။အဲဒီ စီမံကိန်းပရောဂျက်တွေနဲ့ ဒေသခံတွေနဲ့ ကြုံနေရတဲ့ အခက် အခဲတွေကို ရှမ်းပြည်နယ် လူကယ်ပြန်ဌာန ကနေတစ်ဆင့် အစိုးရအဖွဲ့ကို ပို့ထားတာရှိပါ တယ်။ ဘယ်တော့လုပ်ပေးမယ် စတာတွေကို ဘာမှတော့ အကြောင်း မပြန်သေးပါဘူး။

အလှူရှင်တွေအနေနဲ့ လှူဒါန်းလို တယ်ဆိုရင်ဘယ်လိုလှူလို့ ရနိုင်လဲခင်ဗျ။

ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအ လုပ်အဖွဲ့က တစ်ဆင့် လှူချင်ရင် ဖုန်းနံပါတ် ဝ၉-၂၅၉၃၅၂၄၇၄၊ ဝ၉-၂၅ဝ၈၆၃၄ဝ၄၊ မပန်းမြိုင် နာမည်နဲ့ ကမ္ဘောဇဘဏ် အကောင့် နံပါတ် ၉၉၉-၃ဝ၇-၉၉၉-၄၇ဝ၇၆၄ဝ၁ ကို လွှဲပေးလို့ရပါ တယ်။ တောင်ရိုးလူငယ်အထောက် အကူပြုရှမ်း/တောင် ဒေသကနေ တစ်ဆင့်ပါဝင်လှူဒါန်းလိုရင် ကိုအောင်ဆန်း ဦးစီးအဖွဲ့ခေါင်း ဆောင်၊ တောင်ရိုးလူငယ်အ ထောက်အကူပြုအဖွဲ့၊ ဖုန်း ဝ၉-၄၂၂၅၁၇ဝ၅၃၊ ဒေါ်နန်းဝင်းဝင်း သန်း၊ ဖုန်း ဝ၉၄၂၂၅၁၇ဝ၅၃ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*