နိုင်ငံသားမဟုတ်သူတို့ကို မှတ်ပုံတင်ကတ်ထုတ်ပေးသည့် အရာရှိများ အရေးယူခံထားရ

နိုင်ငံသားမဟုတ်သူတို့ကို မှတ်ပုံတင်ကတ်ထုတ်ပေးသည့် အရာရှိများ အရေးယူခံထားရ
May 17, 2017 Asian Fame

11:57 am
နိုင်ငံသားမဟုတ်သူတို့ကို မှတ်ပုံတင်ကတ်ထုတ်ပေးသည့် အရာရှိများ အရေးယူခံထားရ

ရန်ကုန်၊ မေ ၁၆

နိုင်ငံသား မဟုတ်သူတို့ကို မှတ်ပုံတင်ကတ်ထုတ်ပေးသည့် အရာရှိများအပါအဝင် လဝက စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်နေသည့် လဝကဝန်ထမ်းများ လက်ရှိအချိန်အထိ ရှိနေသေးသည်။ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနက အရေးယူမှုများ ပြုလုပ်နေရသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

ဦးမြင့်ကြိုင်က အစိုးရသစ် စတင်တာဝန်ယူသည့် ၂ဝ၁၆ ဧပြီလမှ ၂ဝ၁၇ မေလ ဒုတိယ အပတ်အထိအရေးယူခံရသည့် ဝန်ထမ်းအရေအတွက်မှာ ၆ဝ ကျော်ပြီဟု ဆို သည်။ အရေးယူ ခံလိုက်ရသည့် ဝန်ထမ်းများထဲတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် နယ် စပ်မြို့တို့တွင် တာဝန်ထမ်းဆောင်နေသည့် လဝကဝန်ထမ်း အချို့လည်း ပါဝင်နေသည်။ ”စိစစ်မှု အားနည်းပြီး မှတ်ပုံတင်တွေကို မှားယွင်းထုတ်ပေးလိုက်တဲ့သူ၊ မှတ်ပုံတင်မရထိုက်တဲ့သူတွေကို မှတ်ပုံတင်ပေး လိုက်တဲ့သူ သူတို့တွေအရေး ယူခံလိုက်ရတယ်” ဟု ၎င်းက ရှင်းပြသည်။ မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ စိစစ်နေသည့် လဝကဝန်ထမ်းအချို့ကိုလည်း အရေးယူလိုက်သည့်အပြင် ဆက်ဆံရေး ညံ့ဖျင်းသည့် လဝက ဝန်ထမ်းတို့ကိုပါ အရေးယူထားပါကြောင်း ဦးမြင့်ကြိုင်က ဆက် ပြောသည်။ အရေးယူထားသည့် အရေအတွက်ကိုသာ ၎င်းက သတင်း ထုတ်ပြန်ပေးပြီး၊ မည်ကဲ့သို့ အရေးယူလိုက်သည်ကို သူက မပြောကြားပေ။ ”အသေးစိတ် အခြေအနေတွေကို ကျွန်တော်တို့ သတင်း မထုတ်ပြန်ပါဘူး” ဟု လဝက အမြဲတမ်းအတွင်းဝန်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*