ချင်းတွင်းမြစ်အတွင်း ခရီးသည်တင် ရေယာဉ်တစ်စင်း မီးလောင်မှု ဖြစ်ပွား

ချင်းတွင်းမြစ်အတွင်း ခရီးသည်တင် ရေယာဉ်တစ်စင်း မီးလောင်မှု ဖြစ်ပွား
May 17, 2017 Asian Fame

1:49 pm
ချင်းတွင်းမြစ်အတွင်း ခရီးသည်တင် ရေယာဉ်တစ်စင်း မီးလောင်မှု ဖြစ်ပွား

Chin-Twin-River(ရန်ကုန်၊ မေ ၁၆ )

ချင်းတွင်မြစ်အတွင်း ခရီးသည် ၄၆ ဦးပါ လူစီးအမြန် ရေယာဉ်တစ်စင်း မီးလောင်မှု မေလ ၁၆ ရက်နေ့ မနက်ပိုင်း က ဖြစ်ပွားခဲ့သည်။ စစ်ကိုင်း တိုင်းဒေသကြီး ချင်းတွင်း မြစ်အတွင်း ကနီမြို့နယ် ဘုမ္မဇင်းအုပ်စု တအုံရွာ အနီးတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး အဆို ပါ ဇေယျာသောင်း (၁) ရေယာဉ်မှာ မုံရွာမှခန္တီးသို့ ဆန်တက်လာသော ခရီး သည်တင် အမြန် ရေယာဉ်ဖြစ်ကြောင်း သိရသည်။

ရေယာဉ်၏ စက်ခန်း အတွင်းမှ မီး စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင် မှုကို ပြန်လည် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စက်ခန်းအတွင်းရှိ ဆိုင်ကယ်တစ်စီး ဆုံးရှုံးခဲ့ပြီး ခရီးသည်တစ် ဦးတစ်ယောက်မျှ ဒဏ်ရာ ရရှိခြင်း မရှိ ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။

”ခရီးသည်တွေ ဘာမှမဖြစ်ပါဘူး။ ရေယာဉ်နောက်က စက်ခန်းပဲ မီးလောင်ပြီး မကြာခင် ငြိမ်းသွားတယ်လို့ သိရပါတယ်” ဟု ၄င်းက ဆိုသည်။

ရေယာဉ်စက်ခန်းမှ မီးစတင်လောင် ကျွမ်းသည့် အချိန်တွင် ရေယာဉ်ကို နီးစပ် ရာကမ်းသို့ကပ်၍ ခရီးသည်များဘေးလွတ် ရာ သို့ပြေးဆင်း ကြကြောင်း၊ ရေယာဉ်ပေါ် ပါ အထုပ်အပိုးများကို ကုန်းပေါ်သို့ ရွှေ့ ပြောင်းကြကြောင်း ရေယာဉ် မီးလောင်မှု ကို တွေ့ရှိ သည့် ဒေသခံ တစ်ဦးက ဆိုသည်။

လက်ရှိတွင် မီးလောင်ရသည့် အကြောင်းအရင်း ကို သိရှိရခြင်း မရှိသေး ကြောင်း လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆယ်သွယ်ရေး ဝန်ကြီး ကဆိုသည်။

အဆိုပါမီးလောင်သည့် ရေယာဉ်မှာ ဇွဲထက်နိုင် ရေယာဉ်အသင်းမှဖြစ်ပြီး ပိုင် ရှင်အမည် ဦးဆွေမင်းအောင် ဖြစ်ကြောင်း၊ ယနေ့ နံနက် ၅ နာရီခွဲက မုံရွာမှ စတင် ထွက်ခွာလာပြီး ကနီမြို့နယ်အတွင်း ရောက်ရှိစဉ် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား သည့် ရေယာဉ်ပေါ်ပါ ခရီးသည်များကို ရွှေစင်မင်း အမြန်ရေယာဉ်ဖြင့် အစား ထိုးကာ လိုရာခရီး ပို့ဆောင်ပေးနေကြောင်း ဦးသန်းညွန့်ဝင်းထံမှ သိရသည်။

ချင်းတွင်းမြစ်အတွင်းတွင် ခရီးသည် တင် အမြန်ရေယာဉ်များ မတော်တဆမှု မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

၂ဝ၁၆ ခုနှစ် အောက်တို ဘာလ ၁၅ ရက်နေ့ ကဖြစ်ပွားခဲ့သည့် ‘အောင်စိုးမိုး ကျော် (၂)’ အမြန်ရေယာဉ် တိမ်းမှောက်မှု မှာ အဆိုပါချင်းတွင်းမြစ် အတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် ခရီး သည်များစွာ အသက်ဆုံးရှုံးခဲ့သည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*