ဈေးမရောင်းရ လမ်းများတွင် ရောင်းသည့် လမ်းဘေးဈေးသည် များအား အရေးယူရာတွင် ဒဏ်ငွေကျပ် ၄၇ သန်းကျော် ရရှိ

ဈေးမရောင်းရ လမ်းများတွင် ရောင်းသည့် လမ်းဘေးဈေးသည် များအား အရေးယူရာတွင် ဒဏ်ငွေကျပ် ၄၇ သန်းကျော် ရရှိ
May 17, 2017 Asian Fame

1:43 pm
ဈေးမရောင်းရ လမ်းများတွင် ရောင်းသည့် လမ်းဘေးဈေးသည် များအား အရေးယူရာတွင် ဒဏ်ငွေကျပ် ၄၇ သန်းကျော် ရရှိ

_MG_0019(ရန်ကုန်၊ မေ ၁၆)

ရန်ကုန်မြို့တွင်းရှိ ဈေးမ ရောင်းရ လမ်းမကြီးများတွင် ဈေး ရောင်းသည့် လမ်းဘေး ဈေးသည် များကို ညဈေးတန်း စတင်ဖော် ဆောင် ပြီးချိန်မှ စ၍ အရေးယူခဲ့ရာ ဒဏ်ငွေ ကျပ် ၄၇ သန်းကျော် ရရှိ ခဲ့ကြောင်း  ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ က ပြောသည်။

ယမန်နှစ် နိုဝင်ဘာလတွင် ကမ်းနားလမ်း ညဈေးတန်းကို စတင် ဖွင့်လှစ်ခဲ့ပြီး ထိုကာလ နောက်ပိုင်းတွင် ဈေးမရောင်းရ လမ်းမကြီး များ၌ ဈေးရောင်းသူ  ၃ ထောင်ကျော်ကို တရားစွဲဆို အရေးယူခဲ့ကြောင်း သိရသည်။

၂၄ နာရီ ဈေးမရောင်းရ လမ်းများအဖြစ် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလ လမ်း၊ ကုန်သည်လမ်း၊ ကမ်းနား လမ်း၊ ပန်းဆိုးတန်းလမ်း၊ ဆူးလေ ဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်းနှင့် ဘုန်းကြီးလမ်း တို့ကို သတ်မှတ်ခဲ့ ခြင်းဖြစ်ပြီး ယင်းနေရာများတွင် ရောင်းချနေခဲ့သော  ဈေးသည်များ ထဲမှ အစားအသောက် ရောင်းချ သော ဈေးသည်များကို ကမ်းနား လမ်းသို့ ပြောင်းရွှေ့ရောင်းချစေ ခဲ့ခြင်း ဖြစ်သည်။

”မြို့တွင်း မြို့နယ်များက  ဈေး မရောင်းရ လမ်းမများမှာ  ဈေးသည် များ ဈေးရောင်းချမှု မရှိစေရေးအ တွက် ၂၄ နာရီ လှည့်ကင်း၊ ရပ် ကင်းနဲ့ ဆောင်ရွက်လျက် ရှိပါ တယ်။ လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေးဌာန၊ စီမံရေးရာ ဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဉ် ထိန်းရဲတပ်ဖွဲ့နဲ့ ထွေအုပ်တို့ ပူး ပေါင်းပြီး လုပ်ဆောင်ခဲ့တာ ဖြစ် ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဌာနဝန်ကြီး ဦးမြင့် သောင်းက ပြောသည်။

မေလ ၁၆ ရက်နေ့က ပြုလုပ် ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကျောက်တံတား မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် မြို့နယ်များရှိ ပျံကျဈေးသည် များ အနက် အစားအသောက်နှင့် သစ်သီးသည် များကို ညဈေးတန်း နေရာများ ဖော်ဆောင်၍ ပြောင်း ရွှေ့စေမှုအတွက် အသုံးပြုလိုက် သော ဘဏ္ဍာငွေနှင့် ပတ်သက်၍ မည်သည့်ဌာန၊ မည်သည့်လုပ်ငန်း များတွင် အသုံးပြု လိုက်သည်ကို သိရှိလိုကြောင်း၊ ၄င်းဈေးတန်း အား ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၏ မည်သည့် ဌာနများမှ စနစ်တကျ အစီအမံ များဖြင့် ကွပ်ကဲဆောင်ရွက်နေ သည်ကို  သိရှိလိုကြောင်း မေးခွန်း မေးမြန်းမှုကို ဝန်ကြီးက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကမ်းနားလမ်းည ဈေးတန်း ဖြစ်မြောက်ရေးအတွက် လည်း ရန်ကုန်မြို့တော်စည်ပင်သာ
ယာရေး ကော်မတီအောက်ရှိ ဌာန အသီးသီးမှ ငွေကျပ် ၁၈၂၄ ဒသမ ၃ သန်းခန့် ကုန်ကျခဲ့ကြောင်း တိုင်းအစိုးရက ဖြေကြား သွား သည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*