ထိုင်းသို့ ပြန်ဝင်ရာတွင် အခက်အခဲဖြစ်နေသည့် လုပ်သားများအား စောင့်ရှောက်ပေးရန် ဝန်ကြီးဌာနတောင်းဆိုထား

ထိုင်းသို့ ပြန်ဝင်ရာတွင် အခက်အခဲဖြစ်နေသည့် လုပ်သားများအား စောင့်ရှောက်ပေးရန် ဝန်ကြီးဌာနတောင်းဆိုထား
May 16, 2017 Asian Fame

3:57 pm
ထိုင်းသို့ ပြန်ဝင်ရာတွင် အခက်အခဲဖြစ်နေသည့် လုပ်သားများအား စောင့်ရှောက်ပေးရန် ဝန်ကြီးဌာနတောင်းဆိုထား

ရဲလွင်
ရန်ကုန်၊ မေ ၈

ထိုင်းသို့ ပြန်ရာတွင် စာရွက်စာတမ်းမပြည့်စုံမှုကြောင့် ပြဿနာဖြစ်နေသည့် မြန်မာလုပ်သားများအား ကာကွယ်စောင့်ရှောက်ပေးရန် ထိုင်းအာဏာပိုင်များထံ တောင်းဆိုထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ထိုင်းသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများကို ထိုင်းအစိုးရက သင်္ကြန်ကာလနေရပ်ပြန်ခွင့် ၂၅ ရက် သတ်မှတ်ပေးထားရာ ဧပြီလ ၃ဝ ရက် နေ့တွင် သတ်မှတ်ကာလပြည့်သွား ပြီဖြစ်သည်။ သို့သော် သတ်မှတ်ရက် အ တွင်းနေရပ် မပြန်နိုင်ဘဲ ဧပြီလ ၃ဝ ကျော်မှသာ နေရပ်ပြန်သူများ၊ထိုင်းသို့ ပြန်အဝင်တွင် Work Permit အပါအဝင် စာရွက်စာတမ်း မစုံလင်သူများ၊ တရားမဝင်နည်းလမ်းဖြင့် ပြန်ဝင်သူများမှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးဒဏ် ရိုက်ခြင်းခံနေရကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

” CI လုပ်ပြီးသားလူတွေက Work Permit ကို ၁၅ ရက်အတွင်း လုပ်ဖို့ ပြောထားတယ်။ ဒါပေမယ့်မလုပ်ဘဲ သင်္ကြန်ကို နေရပ်ပြန်သွားတယ်။ ပြန်လာတော့ Work Permit မရှိတော့ ပြဿနာတက်ရော။ ပြီးတော့ နေရပ်ပြန်ခွင့် ရက်ကျော်တာ။ ဒါကလည်း ထိုင်းဘက်က တရားဝင်ကြီး ထုတ်ဖော်ပြောဆိုပြီး သား။ မလိုက်နာလို့ မရဘူးလေ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က နေ ဒီလိုပြဿနာဖြစ်နေတဲ့သူတွေ ကို ကာကွယ်ပေးဖို့ ထိုင်းဘက်ကို ပြောထားပါတယ်” ဟု ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြဿနာဖြစ်ပွားမှု အနည်းငယ်ရှိနေနိုင်သေးကြောင်း မှတ်ချက်ပြုသည်။ ”ရက်ကျော်လို့ အဖမ်းခံရပြီး ဒဏ်ရိုက်ခံရတာတွေ အဲ့လိုတော့မ တွေ့ဘူး။ ရက်ကျော်ရင် သူ့ဘာသာ သိပြီးသားပဲ။ တခြားနည်းလမ်းနဲ့ သာဝင်ကြမှာ။ ဒါပေမယ့် ရှိကောင်း ရှိနိုင်တယ်ဗျ” ဟု ဆိုသည်။ ထိုင်းအာဏာပိုင်များက ယင်းကိစ္စနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်မှု အရေအတွက်ကို ယနေ့ထိ မသိရှိရသေးပေ။ သင်္ကြန်အတွက် ရရှိသည့် ခွင့် ရက် ကုန်ဆုံးခါနီး တစ်ပတ်ခန့်အ လိုကပင် ထိုင်းသို့ပြန်ဝင်သည့် မြန် မာလုပ်သားများစွာရှိခဲ့ပြီး နောက်ဆုံးကုန်ခါနီးရက်ပိုင်းတွင် ပြန်ဝင် သူ များပြားလွန်းသဖြင့် နယ်စပ်ဂိတ်တွင် အချိန်ကြာမြင့်စွာ တန်းစီစောင့် ဆိုင်းခဲ့ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*