3:58 pm
သီဟ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
အလုပ်သမားခေါင်းဆောင်အလုပ်ထုတ်ခံလိုက်ရသဖြင့် စတင် ဖြစ်ပွားခဲ့သော ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ အလုပ်သမား အငြင်း ပွားမှု တစ်ပတ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း ပြေလည်မှုမရှိသေး ကြောင်း သိရသည်။
လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်ရှိ ဟန်ကျိုးပိုင်ရီအထည်ချုပ် စက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုသက်ပိုင်ဦးသည် ခွင့်တိုင်ကြား ခဲ့သော်လည်း စက်ရုံတာဝန်ရှိသူ များက အလုပ်မှထုတ်ပယ်ခဲ့ခြင်းနှင့် အလုပ်သမားများအား ကျွမ်းကျင် မှုကိုလိုက်၍ A အဆင့်၊B အဆင့်၊ C အဆင့် သတ်မှတ်ရာတွင် မျှတ မှုမရှိဟုဆိုကာ ကျန်အလုပ်သမား များက ဇန်နဝါရီ ၃ဝ ရက်မှစတင်၍ လုပ်ငန်းခွင်မဝင်ဘဲ စတင် သပိတ်မှောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
သပိတ်မှောက် အလုပ်သမား ၅ဝဝ ကျော်ရှိပြီး အလုပ်သမား ခေါင်းဆောင် ကိုသက်ပိုင်ဦးအား အလုပ်ပြန်ခန့်ရန်နှင့် ကျွမ်းကျင် ကြေး များ ပြန်လည်သတ်မှတ်ရန် ဆန္ဒထုတ်ဖော် တောင်းဆိုနေခြင်း ဖြစ်ကြောင်း ဆန္ဒပြအလုပ်သမား တစ်ဦးဖြစ်သည့် မဝင်းရွှေစင်က ပြော သည်။
ဖေဖော်ဝါရီ ၂ ရက်နေ့ လှိုင် သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေး ရုံးအတွင်း ဟန်ကျိုးပိုင်ရီစက်ရုံမှတာဝန်ရှိသူတို့နှင့် တွေ့ဆုံ ခဲ့သော် လည်း အလုပ်သမားများ၏ တောင်းဆို ချက်ကို စက်ရုံဘက်မှ သဘောမတူ ခဲ့ကြောင်း အလုပ်သမားတစ်ဦးဖြစ် သည့် မဝင်းသီရိက ပြော သည်။
”ကျွန်မတို့ တောင်းဆိုတာကို သူတို့က အခုထိ သဘောမတူ သေးဘူး။ စက်ရုံပိတ်မယ်လို့လည်း ပြောနေတယ်။ ညီမတို့တောင်းဆို စရာရှိတာတွေကို တောင်းဆိုမှာပါ။ စက်ရုံပိတ်မယ်ဆိုရင်တော့ ဆန္ဒပြ တာရပ်မှာပါ”ဟု ၄င်းကပြောသည်။
အဆိုပါ အလုပ်သမားပြဿ နာကို ဖေဖော်ဝါရီ ၈ ရက်နေ့တွင် မြို့နယ်ဖျန်ဖြေရေးမှူး ရုံးအတွင်း ဒုတိယအကြိမ် ညှိနှိုင်းမည်ဖြစ်ပြီး အဆင် မပြေပါက ခုံသမာဓိအထိ တက်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။
အထည်ချုပ်စက်ရုံသည် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလနှင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတို့တွင် ဆန္ဒပြမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ယခု သပိတ် သည် တတိယအကြိမ်ဖြစ် သည်ဟု သိရသည်။