၂၁ ရာစုပင်လုံ ဒုတိယ အကြိမ်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ခရီး အကျပ်အတည်းကြား က ထွက်နိုင်ပါ့မလား . . .

၂၁ ရာစုပင်လုံ ဒုတိယ အကြိမ်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ခရီး အကျပ်အတည်းကြား က ထွက်နိုင်ပါ့မလား . . .
May 16, 2017 Asian Fame

4:42 pm
၂၁ ရာစုပင်လုံ ဒုတိယ အကြိမ်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ခရီး အကျပ်အတည်းကြား က ထွက်နိုင်ပါ့မလား . . .

Popular-ChoicePopular Choice ဆိုသည်က ပေါ်ပြူလာနယူးစ်၏ ရွေးချယ်မှု ဟူသည်ထက် တစ်ပတ် အတွင်းဖြစ်ခဲ့သော ထူးခြားမှုများ အနက်  အများပြည်သူ စာဖတ်သူတို့အတွက် အရေးပါသော၊ အများပြည်သူ အပေါ် အသက်ရောက်ဆုံး ဖြစ်စေသော အကောင်းအဆိုး တစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ် ဖြစ်စေ၊ အဖြစ်အပျက် တစ်ခုခုကိုဖြစ်စေ၊ တီထွင် ဆန်းသစ်မှု သို့မဟုတ် လူသုံးကုန်ပစ္စည်း တစ်ခုခုကိုဖြစ်စေ ပေါ်ပြူလာ အဖြစ်ဆုံးဟု ယူဆသည့်အကြောင်းကို ရွေးချယ် တင်ဆက်ခြင်းဖြစ်ပါသည်။

တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည်တို့မှ ကောက်နုတ် တင်ဆက်ခြင်းဖြစ်ရာ စာဖတ်သူတို့၏ အကြိုက်နှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော်လည်း ထိုကွဲလွဲမှုသည်ပင် မတူညီသော အမြင်များကို သုံးသပ်နိုင်သည် ဖြစ်၍ အသိဥာဏ်နှင့် ရှုထောင့်များ သုံးသပ်နိုင်မှု ပိုမို ကျယ်ပြန့်လာစေရန်လည်း ရည်ရွယ်ပါသည်။  အထူးသဖြင့်မူ ပေါ်ပြူလာ နယူးစ်၏ စာဖတ် ပရိသတ်တို့ အတွက် ရင်းနှီး ရ သောအချိန်နှင့် ငွေကြေးအကျိုးမဲ့ မဖြစ်စေဘဲ တစ်ပတ်အတွင်း ထူးခြားမှု တို့ကို သိမ်းဆည်း မှတ် တမ်းပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံ ‘၂၁ရာစု ပင်လုံ’ ဒုတိယအ ကြိမ် အစည်းအဝေး ကျင်းပဖို့ ရက် ပိုင်း အလိုတွင်ဖြစ်သည်။ အတိအ ကျဆိုရလျှင် ၁၄ ရက်သာ လိုတော့ သည်။ NCA စာချုပ်တွင် လက် မှတ် မထိုးရသေးသော အဖွဲ့များ ပါ ဝင်လက်မှတ်ထိုးကာ ‘၂၁ ရာစုပင် လုံ’ ဒုတိယ အကြိမ်ကို တက်ရောက် မည့်အရေး မျှော်လင့်နေဆဲမှာပင် KIA၊ SSPP စသည့် UNFC  ၏ အရေးပါသည့် အဖွဲ့များက ‘ဝ’ အ ဖွဲ့နှင့်ပူးပေါင်း၍ NCA စာချုပ်ကို သွေဖည်ကာ ငြိမ်းချမ်းရေးဆွေး နွေးမှု ပုံစံ သစ်ဖြင့်သွားမည် ဟူသော ကြေညာချက် ကို ပူးပေါင်းထုတ်ပြန် ခဲ့သည်။ ‘ခေါင်းဆောင်သစ် ရွေး ချယ်ရမည့် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ’ UNFC ညီလာခံကို ခိုင် လုံသည့် အကြောင်းအရင်း မရှိဘဲ အချိန် အကန့်အသတ်မရှိ ရွှေ့ဆိုင်း လိုက်သည်။ မေလ ၆ ရက်နေ့ တွင် အစိုးရက NCA လမ်းကြောင်း အတိုင်း ဆက်လက် ဆွေးနွေးသွား မည်ဟု ကြေညာသည်။ UNFC မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသော ကချင်အဖွဲ့ KIO နုတ်ထွက်လိုက် သည်။ WNO’ဝ’အဖွဲ့ချုပ် နုတ် ထွက်ပြန်သည်။ SSPP  (ရှမ်း မြောက်) အဖွဲ့လည်း နုတ်ထွက် သည်ဟူသော သတင်းများ ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော် လည်း SSPP မှ ဗိုလ်ချုပ် စိုင်းထူး ကမူ နုတ်မထွက်ကြောင်း မီဒီယာ ကို ငြင်းဆိုထားသည်။ သို့သော် တိကျသည့် အဖြေကား SSPP အ ဖွဲ့၏ အစည်းအဝေးပြီး မှသာထွက် ရှိလာမည်ဖြစ်သည်။ ယခုမူ NCA  စာချုပ် လက်မှတ် မထိုးထားသော အဖွဲ့များ စုစည်းထားသည့် UNFC  ၏ အခြေအနေမှာ အစိတ်စိတ်အ မွှာမွှာ မကွဲရုံတစ်မယ်သာ ကျန်ရှိ တော့သည်။

ဦးသိန်းစိန် အစိုးရ တက်လာ ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း ရှိ တိုင်းရင်းသား လက်နက်ကိုင်များ စုပေါင်း၍ အစိုးရနှင့် ရင်ဆိုင်ဆွေး နွေးရန် UNFC ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် UNFC က NCCT  ကိုယ်စားလှယ် အဖွဲ့ဖွဲ့စည်း ၍ NCA စာချုပ်ကို ဆွေးနွေးခဲ့ပြီး ၂ဝ၁၅ ခုနှစ် စာချုပ်လက်မှတ်ရေး ထိုးချိန်တွင်မူ UNFC မှ KNU, CNF, PNLO စသည့် အဖွဲ့များ နုတ် ထွက်၍ NCA ကို လက်မှတ်ရေး ထိုးခဲ့သည်။ ယင်းကာလက   NCA  စာချုပ်ကို အဖွဲ့အားလုံးပါဝင် လက် မှတ် မရေးထိုးခဲ့ခြင်းမှာ အားလုံးပါ ဝင်ရေးမူ (ALL Inclusive)  ကိစ္စ ညှိနှိုင်း မရခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် လက်မှတ်မထိုး ရသေးသော ကျန်အဖွဲ့များ သာစု စည်းကျန်ရှိသည့် UNFC နှင့် ဒေါ် အောင်ဆန်းစုကြည် အစိုးရတို့ ဆက်လက် ညှိနှိုင်း ဆွေးနွေးခဲ့ပြီး  UNFC  က NCA စာချုပ်အပေါ် ထပ်တိုး ၈ ချက် တောင်းဆို ညှိနှိုင်း ဆွေးနွေး ခဲ့ကြပြန်သည်။  ယင်းသို့ ညှိနှိုင်းနေစဉ် ကာလအတွင်း မှာပင် ကချင်ပြည်နယ်၊ ရှမ်းမြောက်ဒေသ၊ ကိုးကန့် ဒေသ စသည့် နေရာများ တွင် တိုက်ပွဲများ ဆက်တိုက် အရှိန် မြှင့်ခဲ့သည်။ နောက်ဆုံးတွင် UWSA  ဌာနချုပ် ပန်ခမ်းတွင် NCA လက်မှတ် မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များ အစည်းအဝေးကို ကျင်းပ၍ NCA  စာချုပ်ကို ပစ်ပယ်ကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။

လက်ရှိတွင်   မြန်မာ-တရုတ် နယ်စပ်မျဉ်း တစ်လျှောက်တွင် UWSA  ခေါင်းဆောင်မှုဖြင့် ဖွဲ့ စည်းထားသည့် ကော်မတီသစ်ဖြင့် ငြိမ်းချမ်းရေး ခရီးဆက်မည့် အစု အဖွဲ့တွင် UWSA ၊ မိုင်းလား NDAA၊ ကချင် KIA၊ တအာင်းပ လောင် TNLA၊ ရခိုင် AA၊ ကိုး ကန့် MNDAA၊ ရှမ်းမြောက်အဖွဲ့ SSPP၊ ‘ဝ’ အဖွဲ့ချုပ် WNO တို့ရှိ နေသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေး လမ်းစဉ်သည် ယခု ဆိုလျှင် တစ်နှစ်ကျော် ကာလရှိခဲ့ ပြီဖြစ်သည်။ ယင်းကာလ အတွင်း အကြီးမားဆုံး ဝေဖန်ခံရမှုတွင် တိုင်းရင်းသား အဖွဲ့များနှင့် အ လွတ်သဘော တွေ့ဆုံပွဲများ နည်း ပါးလွန်းသည့် ကိစ္စသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။

ယင်းသို့ ဝေဖန်မှုများ ညံခဲ့ သော်လည်း ယနေ့ အချိန်ထိ အ လွတ်သဘော တွေ့ဆုံမှု များအား နည်းနေလျက် ရှိသေးသည်။ အ ဆင်မပြေမှု အကျပ်အတည်းကြုံမှ တွေ့ဆုံရန် စီစဉ်ခြင်းသည်လည်း အစိုးရ၏ ပုံသေအကျင့် တစ်ခုလို ဖြစ်လျက်ရှိသည်။ အလွတ်သဘော တွေ့ဆုံမှု အားနည်းခဲ့ခြင်းက ယနေ့ ဖြစ်ပေါ်လာသည့် အခြေအနေများ ၏ အကြောင်းအရင်း တစ်ရပ်အ ဖြစ် တည်ရှိနေသည်။

ယခင်က အစိုးရဘက်မှ ရင် ဆိုင်ရသည့် အနေအထားတွင် UNFC က အဓိက ပင်မဖြစ်ခဲ့သည်။ ပြည်နယ် တောင်းဆိုသည့် ‘ဝ’ နှင့် ၄င်း သြဇာ သက်ရောက်သည့် မိုင်း လားအဖွဲ့ကို အစုအဖွဲ့ တစ်ခုအ ဖြစ် ရင်ဆိုင်ခဲ့ပြီး  တပ်မတော်နှင့် လက်ရှိ တိုက်ပွဲ များဖြစ်ပွားနေသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့(TNLA, AA, MNDAA) တို့ကိုမူ ကြားထဲ တွင် မလူးသာမလွန့်သာ အနေအ ထားဖြင့် ရင်ဆိုင်ခဲ့သည်ကို တွေ့ ရသည်။ ယခုတွင်မူအသီးသီး နုတ် ထွက်မှုများဖြင့် UNFC  မှာ အား ပျော့ခဲ့ပြီး  ‘ဝ’ အဖွဲ့ ဦးဆောင်မှု ဖြင့်သွားမည့် အစုအဖွဲ့ကို အစိုးရ အနေဖြင့် အဓိက ရင်ဆိုင်ရတော့ မည်ဖြစ်သည်။

‘ဝ’ အဖွဲ့အနေဖြင့် မြန်မာ နိုင်ငံတွင် အင်အားကြီး လက်နက်ကိုင် အဖွဲ့တစ်ခု အဖြစ် တည်ရှိခဲ့ သည်မှာ ကြာပြီ ဖြစ်သော်လည်း  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအ တွင်း သီးသန့်ရပ်တည်ခဲ့ကာ နိုင်ငံ ရေး အခြေအနေအရ ယခုမှသာ ပြည်တွင်း ငြိမ်းချမ်းရေးတွင် ဝင်ပါ လာခြင်းဖြစ်သည်။ ယင်းကြောင့် အင်အားကြီးအဖွဲ့များ သွားရောက် စုပုံနေသည့် ‘ဝ’ အဖွဲ့၏ လမ်း ကြောင်းအတိုင်း NCA စာချုပ်မ ဟုတ်သော အခြား နည်းလမ်းသစ် ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် လား၊ NCA စာချုပ်ကို ပြန်လည် သုံးသပ်ရေးဆွဲရန် ညှိနှိုင်းမည်လား၊ ကျန်ရှိသည့် UNFC အဖွဲ့ဝင်များ နှင့် NCA ထပ်တိုး ၈ချက်ကို ညှိ နှိုင်းကာ ၂၁ ရာစု ပင်လုံကို  ဆက် သွားမည်လား စသဖြင့် နည်းလမ်း တစ်ခုကိုဖြင့် မလွဲမသွေ  ရွေးချယ် ရတော့မည်ဖြစ်သည်။

ယင်းအဆင့်များ မရောက်မီ အဓိက အရေးကြီးဆုံး တစ်ရပ်မှာ ‘ဝ’ အဖွဲ့ ဦးဆောင် ဖွဲ့စည်းထား သည့် ကော်မတီသစ် ကို အစိုးရအ နေဖြင့် လက်ခံ ကြိုဆို၍ ငြိမ်းချမ်း ရေး စားပွဲဝိုင်းပေါ် တက်မည်လား ဆိုသည့် အချက်ပင်ဖြစ်သည်။

တပ်မတော်ကရော အစိုးရ၏ ဆောင်ရွက်ချက် များအပေါ် သဘောထား ပျော့ပျောင်းပေး ပါ့ မည်လား။ နေ့စဉ် ထုတ်လွှင့်နေ သည့် ရေဒီယို ချန်နယ်များတွင် လွှင့် တင်နေကျ တပ်မတော်၏ မူဝါဒ ၆ ချက်အရမူ NCA ကို ပစ်ပယ်မည် မဟုတ်ကြောင်း ပေါ်လွင် လျက် ရှိသည်။ တပ်မတော် ခေါင်းဆောင် များကလည်း ယင်းကို အတိအ လင်း ဆိုထားသည်။

တစ်ဖက်တွင် လည်း အစိုးရ နည်းတူ အခက်အခဲ အကျပ်အ တည်းဖြင့် ရင်ဆိုင်နေရသည့် လက် နက်ကိုင် အဖွဲ့များက ရှိသေးသည်။ UNFC  တွင် မွန်ပြည်သစ် NMSP ၊ ကရင်နီ KNPP၊ ရခိုင်အမျိုးသား ကောင်စီ ANC၊ လားဟူ LDU  စသည့် ၄ ဖွဲ့ကျန်ရှိသည်။ အဆိုပါ လေးဖွဲ့မှာ NCA စာချုပ်အတိုင်း ထပ်တိုးတောင်းဆိုထားသည့် ၈ ချက်ကိုညှိနှိုင်းပြီး ၂၁ ရာစု ပင်လုံညီ လာခံ တက်ရောက်မည့်လမ်းနှင့် ‘ဝ’ အဖွဲ့ဦးဆောင်မှု နောက်လိုက် ၍  NCA  စာချုပ် ကို ပစ်ပယ်မည့် လမ်းဟူ၍ လမ်းကြောင်းတွင် မည် သည့်လမ်း ရွေးမည်နည်း၊ ဗျာများ သည့်ကာလ ဖြစ်လျက်ရှိမည် ဖြစ် သည်။

NMSP အဖွဲ့တည်ရှိရာနေရာ သည် NCA  စာချုပ်လက်မှတ် ရေး ထိုးထားသော ကရင် KNU, DKBA, နယ်ခြားစောင့်တပ် BGF  စသည့် အဖွဲ့များနှင့် ထိစပ်နေသည့် ဒေသများဖြစ်သည့် အတွက် ၄င်း တို့အတွက် အဘက်ဘက်မှ စစ် ရေး၊ စီးပွားရေးအရ ဘေးကျပ် နံ ကျပ် အနေအထားတွင် တည်ရှိနေ သည်။ KNPP ကမူ NMSP  လောက် ဆိုးရွားသည့် အခြေအနေ တွင် မရှိသော်လည်း ရေရှည်တွင် ၄င်းလည်း အကျပ်အတည်းဖြင့် ရင်ဆိုင်လာရမည်ဖြစ်သည်။

ကျန်ရှိသည့် ANC နှင့် LDU မှာလည်း အဖွဲ့ငယ်များ သာဖြစ် သည့်အတွက် မှီခိုစရာ အဖွဲ့ကြီးကြီး တစ်ဖွဲ့နောက်ကို လိုက်မည်လား၊ NCA စာချုပ်ကို လက်မှတ်ထိုး၍ မကြာမီကျင်းပမည့် ၂၁  ရာစုပင် လုံ ဒုတိယအကြိမ်ကို တက်မည် လားဟူသည်မှာ စဉ်းစားစရာရှိနေ သည်။ သို့သော် နယ်မြေ အနေအ ထား တည်ရှိမှုအရ ယင်းလေးဖွဲ့ မှာ NCA စာချုပ်ကို လက်မှတ်မထိုး ၍ မဖြစ်တော့သည့် အနေအထား တွင် တည်ရှိနေသည်။ တစ်ဖက် တွင်လည်း လက်နက်ကိုင်အဖွဲ့ များကြား နိုင်ငံရေး သိက္ခာထိခိုက် မည့်အနေအထားကို ရှောင်ကြဉ် လိမ့်ဦးမည် ဖြစ်သည့်အတွက် ၄င်း တို့အတွက် စဉ်းစားရ ကျပ်သည့် အနေအထားပင် ဖြစ်လျက်ရှိသည်။ အင်အား လျော့ကျသွားသည့် UNFC  အနေဖြင့် အဆိုပါအကျပ် အတည်းကို ကျော်ဖြတ်နိုင်ခြင်း ရှိ/ မရှိကို  ၂၁ ပင်လုံ မကျင်းပမီ လာ မည့်ရက်အနည်းငယ် အတွင်း ပြု လုပ်မည့် အစိုးရ ငြိမ်းချမ်းရေးကော် မရှင်နှင့် ဆွေးနွေးပွဲက အပြီးသတ် အဖြေထုတ်ပေး လိမ့်မည်ဟု မျှော် လင့်ရသည်။

မကြာမီ ရက်ပိုင်း အတွင်း ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်ကို ကျင်း ပတော့မည်ဖြစ်သည်။ သင်္ကြန်မ တိုင်ခင်က ကျင်းပရန် ကြိုးစားခဲ့ သည့် ဒုတိယအကြိမ် ညီလာခံကို အခြေအနေတချို့ကြောင့်  သင်္ကြန် အပြီး မေ ၂၄ ရက်နေ့ကို ရွှေ့ဆိုင်း ခဲ့ရသည်။ သို့သော် ယခု မေ ၂၄ ရောက်တော့မည် ဖြစ်သော်လည်း ညီလာခံ ကျင်းပရန်မှာ အဘက် ဘက်က သုံးသပ်လျှင် အနှစ်သာရ ပြည့်ဝသည့်၊ အများစု မျှော်လင့် သည့် ညီလာခံဖြစ်လာနိုင်သည့် အ နေအထားတွင်မရှိသေး။

ရှမ်းတို့ တောင်းဆို ထားသည့် လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် ညှိ နှိုင်းမရသေး။ တိုက်ပွဲများ ဆက် လက် ဖြစ်ပွားလျက် ရှိသေးသည်။ ညီလာခံကို ထပ်မံရွှေ့ဆိုင်းရန်မှာ လည်း မဖြစ်နိုင်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ နေ ပြည်တော်၌မူ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပနိုင်ရေး အတွက် အစိုးရက အစည်းအဝေးများ ပြုလုပ်နေဆဲ ပင် ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကမူ ”၂၁ ပင်လုံ ဒုတိယ အကြိမ် မတိုင်ခင် UWSA နဲ့ သွားတွေ့ဖို့ကိစ္စ မဖြစ် မြောက်ပါ ဘူး” ဟု ဆိုသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*