အလုပ်ခန့်အပ်မှု အများဆုံးလုပ်ငန်းများတွင် ဟိုတယ်လုပ်ငန်း ပါဝင်လာ

အလုပ်ခန့်အပ်မှု အများဆုံးလုပ်ငန်းများတွင် ဟိုတယ်လုပ်ငန်း ပါဝင်လာ
December 7, 2016 Asian Fame

7:49 am
အလုပ်ခန့်အပ်မှု အများဆုံးလုပ်ငန်းများတွင် ဟိုတယ်လုပ်ငန်း ပါဝင်လာ

PN -042
ရန်ကုန်၊ ဒီဇင်ဘာ ၅

နိုဝင်ဘာလအတွင်း အလုပ် ခန့်အပ်မှု အများဆုံးလုပ်ငန်းများ တွင် ဟိုတယ်လုပ်ငန်းများလည်း ပါဝင်လာကြောင်း အွန်လိုင်း အ လုပ် အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက် ဖြစ်သည့် work.com.mm မှ စစ် တမ်းအရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ခရီးသွား ဝင်ရောက်မှု နည်းနေ သေးသော်လည်း ပြည်တွင်းမှ ဟို တယ်နှင့်ဧည့်ဂေဟာများ၏ ဝန် ထမ်းလိုအပ်ချက်၊ ဝန်ထမ်းခန့်အပ် မှုမြင့်မားနေသဖြင့် အလုပ်ခန့်အပ် မှုအများဆုံး လုပ်ငန်းစာရင်းတွင် ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ထမ်း လိုအပ်ချက်နှင့် ပတ် သက်၍ Amara Group Opera-tions Manager  မလီလီကြူက ”ဒီနှစ်အတွက် နိုင်ငံခြားသားဧည့် အဝင်က မနှစ်ကထက် နည်းတယ် ဆိုပေမယ့် ၂ဝ၁၃ ခုနှစ်နောက်ပိုင်း ကစပြီး ပြည်တွင်းက Local တွေ ကလည်း ခရီးထွက်လာကြ တာများ တယ်။ ဟိုတယ် အသစ်အသစ်တွေ အများကြီး ပေါ်လာပြီး ဝန်ထမ်း လိုအပ်ချက်တွေလည်း များလာ တယ်။ နောက်တစ်ခုက ဒီမှာ ဟို တယ်သင်တန်း ကျောင်းတွေက များများစားစား မရှိတဲ့အတွက် ဟို တယ်မှာလုပ်တဲ့ ဝန်ထမ်းတွေက လုပ်ရင်းသင် သင်ရင်းလုပ်ဆိုတာ မျိုးတွေ များကြပါတယ်။ အဲ့ဒီလို လုပ်ကိုင်ရင်းနဲ့ ကျွမ်းကျင်လာပြီ ဆိုရင် သူတို့တွေက နိုင်ငံတကာက ဟိုတယ်တွေမှာ အလုပ်လုပ်ဖို့အ တွက်တွေကို အများစုက စိတ်ဝင် စားပြီး ပြောင်းရွှေ့ လုပ်ကိုင်သွား ကြတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ ဟိုတယ်တွေရဲ့ ဝန်ထမ်းလိုအပ် ချက်က ခုလို ဧည့်အဝင် နည်းနေ သေးတယ်ဆိုတဲ့ အချိန်မှာတောင် မြင့်တက်လာတာ ဖြစ်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

ဝန်ထမ်းခေါ်ယူမှု အများဆုံး ဒေသများတွင် ကလောမြို့မှာ လည်း ဝန်ထမ်းခေါ်ယူမှု အများ ဆုံးဒေသများတွင် ပထမဆုံးအ ကြိမ် ပါဝင် လာခဲ့သည်။ မြို့ကြီး များဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့မှာမူ ယခင်အ တိုင်း ဝန်ထမ်းခေါ်ယူမှု မြင့်တက် ဆဲဒေသ များဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်တမ်းပါ အချက် အလက်များအရ ဝန်ထမ်းခန့်အပ် မှု အများဆုံး လုပ်ငန်းအမျိုးအစား များ၌ နံပါတ်(၁) နေရာတွင် ဖြန့်ချိ   ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း(Distribution/Logistic) ၊ နံပါတ် ၂  တွင် သွင်းကုန်/ ထုတ် ကုန်နှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ နံပါတ် ၃တွင် ကွန်ပျူတာ နှင့် နည်းပညာဆက်စပ် လုပ်ငန်း များဖြစ်နေကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*