ဂေါ်ရင်ဂျီကျွန်းသို့သွားရာ ဂေါ်ရင်ဂျီ- ငရုတ်ကောင်းလမ်းကို ကျောက်ခင်းလမ်းခင်းမည်

ဂေါ်ရင်ဂျီကျွန်းသို့သွားရာ ဂေါ်ရင်ဂျီ- ငရုတ်ကောင်းလမ်းကို ကျောက်ခင်းလမ်းခင်းမည်
April 27, 2017 Asian Fame

2:31 pm
ဂေါ်ရင်ဂျီကျွန်းသို့သွားရာ ဂေါ်ရင်ဂျီ- ငရုတ်ကောင်းလမ်းကို ကျောက်ခင်းလမ်းခင်းမည်

gyg

မေဇင်ဝင်း
ရန်ကုန်၊ ဧပြီ ၂၁

ပြည်တွင်း ခရီးသွားများကြား ရေပန်းစားလာသည့် ဂေါ်ရင်ဂျီကျွန်းသို့သွားလာရေးအဆင်ပြေစေရန် ဂေါ်ရင်ဂျီ-ငရုတ်ကောင်းလမ်းကို ကျောက် ခင်းလမ်းအဖြစ်လုပ်ဆောင်သွားရန်ရှိကြောင်း ဧရာ ဝတီတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

သင်္ကြန်ပိတ်ရက်များအတွင်း ဂေါ်ရင်ဂျီကျွန်းသို့ ခရီးသွားများစွာ သွားရောက်ခဲ့ရာ မာရသာမုန်တိုင်း အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဂေါ်ရင် ဂျီ- ငရုတ်ကောင်း မြေသားလမ်းပျက်ခဲ့သဖြင့် ခရီး သွားကားများ အဆင်မပြေဖြစ်ခဲ့ကြသည်။ ဧပြီ ၁၆ ရက် ညနေပိုင်းတွင်ြေ<ွကချိုင့်ကျေးရွာအနီးရှိ ပုသိမ်- ငရုတ်ကောင်း-ဂေါ်ရင်ဂျီကျွန်းသွား ကားလမ်းချော်ကာ မော်တော်ယာဉ် ၄၂ စီးခန့် ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ”မြေသားလမ်းဆိုတော့ မိုးရွာတော့ ပျက်တာပေါ့။ နောက်နေ့ကျတော့ ပြန်ကောင်းသွားပါတယ်။ မိုး ခြောက်တာနဲ့ ပြန်ကောင်းတာပဲ။ ဂေါ်ရင်ဂျီ-ငရုတ် ကောင်းက မြေသားလမ်း ၁၃ မိုင်ရှိတယ်။ အဲဒါကို ကျောက်ခင်းလမ်းအဖြစ်လုပ်မယ်” ဟု ၎င်းက ပြောသည်။ သို့သော် ဘတ်ဂျက်ပေါ် မူတည်လုပ်ကိုင်ရမည် ဖြစ်၍ စတင်လုပ်ဆောင်မည့်အချိန်ကိုမူ အတိအကျပြော၍ မရသေးဟု ၎င်းက ပြောသည်။ ငပုတောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးဖြိုးဇော်ရွှေက”ပိတ်မိတဲ့ ကားတွေကတော့ ဧပြီ ၁၇ ရက်နေ့ကတည်းက ရှင်းသွားပါပြီ။ ကားနဲ့ ဆိုရင်တော့ ပွင့်လင်းရာသီမှသွားရတာပါ။ မိုးတွင်းသွားမယ်ဆိုရင်တော့ ငရုတ်ကောင်းမြို့ကနေ ကူးတို့နဲ့သွားလို့ရပါတယ်။ ကျောက်ခင်းလမ်းသာ လုပ်လိုက်ရင်တော့ သွားမယ့်သူတွေအတွက် အင်မတန် အဆင်ပြေသွားမှာ” ဟု ပြောသည်။ ဂေါ်ရင်ဂျီကျွန်း၏ မပျက်စီးသေးသောသဘာဝ အလှအပများကြောင့် ခရီးသွားများကြားရေပန်းစား လာခြင်းဖြစ်ပြီးခရီးသွားလုပ်ငန်းများ၏ အစီအစဉ်ဖြင့် သွားရောက်ကြသလို အိမ်စီးကားများဖြင့်လည်း သွားရောက်မှုရှိသည်။ နှစ်စဉ်သင်္ကြန်အပြီးနောက်ပိုင်း တွင်မူလမ်းအခြေအနေကြောင့် သွားရောက်မှုနည်းကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*