ရွှေတစ်ချောင်းမြောင်းထဲမှာ လူသေအလောင်းတွေ့

ရွှေတစ်ချောင်းမြောင်းထဲမှာ လူသေအလောင်းတွေ့
September 19, 2017 Asian Fame

5:51 pm
ရွှေတစ်ချောင်းမြောင်းထဲမှာ လူသေအလောင်းတွေ့

m(မန္တလေး ၊ စက်တင်ဘာ ၁၉)

မန္တလေး ချမ်းမြသာစည်မြို့နယ်အတွင်းက ရွှေတစ်ချောင်းမြောင်းထဲမှာ ဒီနေ့(စက်တင်ဘာ ၁၉ ရက်) မနက်ပိုင်းက သေဆုံးပြီးပုပ်ပွဲနေတဲ့အလောင်း တစ်လောင်းတွေ့ရှိရမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

ချမ်းမြသာစည်မြို့နယ် သံလျက်မှော်တောင်ရပ်ကွက် အကွက်အမှတ် ၄၄၈၊ ဒေါနခြံရပ် ၈၆ လမ်း၊ ရွှေတစ်ချောင်းမြောင်းရေထဲထဲမှာ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

သေဆုံးသူဟာ မဟာအောင်မြေမြို့နယ် မဟာအနောက်ရပ်ကွက်၊ အကွက်အမှတ် ၅၁၁၊ ၈၅ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြားနေ အသက် ၄၅ နှစ် အရွယ်ဦးကျော်စိုးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာ ၁၇ ရက်ညနေ ၆ နာရီအချိန်ခန့်က အရက်ဖိုးတောင်းပြီးနေအိမ်ကနေ အရက်ဆိုင်ဆီ မိုးရေထဲထွက်သွားရာမှ ပြန်ရောက်လာခြင်းမရှိသေးတာကြောင့် အရက်မူးပြီးရေမြောင်းထဲပြုတ်ကျသေဆုံးတာဖြစ်နိုင်တယ် လို့ ၄င်းရဲ့ဖခင်ဖြစ်သူ ဦးစိုးမောင်ကထွက်ဆိုထားတယ်လို့ ချမ်းမြသာစည်မြို့နယ် မြို့မရဲစခန်းဆီကသိရပါတယ်။

အလောင်းတွေ့ရှိမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ဖို့ မန္တလေးအထွေထွေဆေးရုံကြီးရင်ခွဲရုံဆီပို့ဆောင်ထား သလို ချမ်းမြသာစည်မြို့နယ် မြို့မရဲစခန်းမှာလည်း သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၇ နဲ့ စခန်းမှူးဒုရဲမှူးခင်မောင်ထွန်းကိုယ်တိုင် စစ်ဆေးလျက်ရှိ တယ်လို့သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*