”ဘင်္ဂလားဒေ့ရှ်ကိုဆေးသွားကုပြီး ပုဂ္ဂိုလ်တစ်ယောက်က ပိုက်ဆံတစ်သိန်းပေးပြီး အလုပ်ခိုင်းတယ်။ ဒီဒေသကို လွတ်မြောက်တဲ့နယ်မြေအဖြစ် လုပ်ရမယ်ဆိုပြီးပြောတာ။ သူက နယ်စပ်ဖြတ်ပြီးတော့ဝင်လာတယ် …”

”ဘင်္ဂလားဒေ့ရှ်ကိုဆေးသွားကုပြီး ပုဂ္ဂိုလ်တစ်ယောက်က ပိုက်ဆံတစ်သိန်းပေးပြီး အလုပ်ခိုင်းတယ်။ ဒီဒေသကို လွတ်မြောက်တဲ့နယ်မြေအဖြစ် လုပ်ရမယ်ဆိုပြီးပြောတာ။ သူက နယ်စပ်ဖြတ်ပြီးတော့ဝင်လာတယ် …”
January 11, 2017 Asian Fame

12:42 pm
”ဘင်္ဂလားဒေ့ရှ်ကိုဆေးသွားကုပြီး ပုဂ္ဂိုလ်တစ်ယောက်က ပိုက်ဆံတစ်သိန်းပေးပြီး အလုပ်ခိုင်းတယ်။ ဒီဒေသကို လွတ်မြောက်တဲ့နယ်မြေအဖြစ် လုပ်ရမယ်ဆိုပြီးပြောတာ။ သူက နယ်စပ်ဖြတ်ပြီးတော့ဝင်လာတယ် …”

sawthay

ရခိုင်ပြည်နယ် မောင်တောဒေသတွင်ဖြစ်နေကြသည်တို့နှင့်ပတ်သက်၍ သက် ဆိုင်ရာမှ သတင်းမှန်များကို စဉ်ဆက်မပြတ် ထုတ်ပြန်ပေးလျက်ရှိသည့်တိုင် အောင် မမှန်သတင်းများ၊ လုပ်ကြံဖန်တီးထားသော သတင်းများကမူ ပျံ့လွင့် နေလျက်ရှိပြီး မယုံသူများရှိသလို ယုံသူများလည်း ရှိနေကြဆဲပင်ဖြစ်၏။ ထို့ကြောင့် အဆိုပါ မမှန်သတင်းများနှင့်ပတ်သက်၍လည်းကောင်း၊ အကြမ်းဖက်သမားတို့ကို ပံ့ပိုးနေကြသူများနှင့်ပတ်သက်၍လည်းကောင်း၊ အကြမ်းဖက်သမားများ စိမ့်ဝင် ပျံ့နှံ့နေမှု အခြေအနေနှင့်ပတ်သက်၍လည်းကောင်း အစရှိသည်တို့ကို မောင် တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပဲခူးတိုင်း၊ ရွှေကျင် မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစောအား မေးမြန်း၍ စာဖတ်ပရိသတ်ကြီးအား တင်ပြလိုက်ရပါကြောင်း။

နိုင်ငံတကာသတင်းဌာနတွေက မမှန်သတင်း တွေ ဖော်ပြမှုနဲ့ ပတ်သက်လို့ မောင်တော ဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ပြန်လည်ရှင်းလင်းဖို့ အစီအစဉ်တွေ ရှိပါသလား။

အစ်ကိုတို့ တာဝန်က Report ထုတ်ဖို့ ပေါ့နော်။ ဒီကြားထဲမှာလည်း ကြားဖြတ်အစီ ရင်ခံစာ တစ်စောင်ကို ထုတ်ခဲ့ပြီးပြီပေါ့နော်၊ လတ်တလောမှာတော့ထုတ်ဖို့ မရှိသေးဘူး။ ပြီးကျတော့ ကော်မရှင်ရဲ့တာဝန်က နိုင်ငံ တော်သမ္မတကို Report တင်ဖို့ ဖြစ်တယ်ဆိုတဲ့အတွက် လတ်တလောမှာတော့ မရှိသေးဘူး။ တစ်ခုခုလုပ်တယ်ဆိုရင် အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်ရတာကို ကြားဖြတ် အစီရင်ခံစာတင်ထားပြီးသားဖြစ်တဲ့အတွက် လောလောဆယ်တော့ မရှိသေးပါဘူး။

အခုမောင်တော ဖြစ်စဉ်တွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေက စနစ်တကျ အချိန် ယူပြင်ဆင်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာကိုထိပါးတဲ့ အကြမ်းဖက်မှုတွေဖြစ်တယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲ့ဒီ အကြမ်းဖက် ဖြစ်စဉ်တွေရဲ့ ဦးတည်ချက်ပန်းတိုင်က ဘာများဖြစ်နိုင်ပါသလဲ။

စုံစမ်းတာက အခုက မပြီးပြတ်သေး တော့လေ အကုန်လုံးအလုံးစုံတော့ မပြော တတ်သေးဘူးပေါ့လေ။ ဒီဖြစ်စဉ်တွေမှာ တိုက်ခိုက်တဲ့သူတွေကို စစ်ဆေးတဲ့ အခါမှာ ကျတော့ တချို့ရဲ့ သူတို့ရဲ့ ထွက်ချက်တွေ အရဆိုရင် ဒီဒေသကို လွတ်မြောက်နယ်မြေ သဘောမျိုး ဒီဒေသကို ချုပ်ကိုင်နိုင်ဖို့ အား ထုတ်တဲ့သဘောမျိုး ပြောထားတယ်။ ဒီရွာ မှာရှိတဲ့ ရွာသားတွေကို အသုံးချတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်လို့တော့ အခု လတ်တလောစုံစမ်းမှုမှာ တွေ့ရတယ်။ အလုံးစုံ မစုံစမ်းရသေးတော့ အပြည့်အစုံတော့မပြောနိုင်သေးဘူး။ ဒီနေ့ လို တွေ့ခဲ့ရတဲ့ပုဂ္ဂိုလ်တွေ အပြောကတော့ သူတို့တွေက မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ နေထိုင်သူတွေဖြစ်လို့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတာ တော့ လုံးလုံးလက်မခံဘူးဆိုပြီးတော့ ပြောပါတယ်။

ဘယ်ပြည်ပနိုင်ငံတွေက ငွေကြေးထောက် ပံ့နေကြတယ်ဆိုတာ ပြောပြနိုင်မလား။

ငွေကြေးထောက်ပံ့မှုတွေကိုတော့ သေ ချာမစုံစမ်းရသေးဘူး။ သေချာမစုံစမ်းရ သေးတော့ ရမ်းပြောလို့မကောင်းဘူး။ ဒါပေ မယ့် အကျဉ်းထောင်ထဲက လူတစ်ယောက် ကိုမေးကြည့်တဲ့အခါမှာကျတော့ နိုင်ငံအတိ အကျတော့ မပြောဘူး။ သူ့ကိုပြောတယ်။ ဘယ်တိုက်ခိုက်မှုမှာ သွားလုပ်ရမယ်ဆိုပြီး တော့ အဲ့ဒီလို သူ့ကိုခိုင်းတဲ့သူ ရှိတယ်ပေါ့ နော်။

ကော်မရှင်ကနေ စုံစမ်းစစ်ဆေးနေတုန်း အ ချိန်မှာပဲ နိုင်ငံတကာက စွပ်စွဲချက်တွေရှိနေ ပါတယ်ဆိုတဲ့အပိုင်း အဲ့ဒီအပိုင်းကို တစ်စိတ် တဒေသ ပုံဖော်လို့ရမယ်၊ ရဲတွေက ရွာသား အချို့တွေကို နှိပ်စက်တဲ့ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့တယ် အဲ့ဒါကရော ကော်မရှင်အတွက် ဖိအားတွေ ဖြစ်လာသလား။

ကော်မရှင်ရဲ့ အဓိက လုပ်ငန်းတာဝန်က နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပေးလိုက်က တည်းကပါတယ်လေ။ ဥပဒေနဲ့အညီ လုပ် ဆောင်ခဲ့မှုရှိ၊ မရှိရယ်၊ နောက်တော့ ကော်မ ရှင်ကနေ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးနိုင် တယ်ဆိုတဲ့အချက်တွေကိုတော့ ကော်မရှင် အနေနဲ့ကတော့ ဥပဒေနဲ့အညီလုပ်ဆောင်ခဲ့ ခြင်း ရှိ၊ မရှိ စစ်ဆေးပြီးတော့မှ ဥပဒေ ကြောင်းအရ သွားနေတော့ ဖိအားမဖြစ်လာ နိုင်ဘူး။

မောင်တော နယ်စပ်တိုက်ခိုက်မှုနဲ့ ပတ်သက် လို့ နယ်ခြားစောင့် တပ်ဖွဲ့မှူး ဒုတိယတပ်ဖွဲ့ မှူးအပါအဝင် ဒုရဲမှူးကြီးတစ်ဦးတို့ရာထူးအ ရွှေ့ခံထားရတယ်လို့ သိရပါတယ်။ သူတို့ရဲ့ အားနည်းမှု၊ ရိုးရှင်းရဲ့လား၊ လေးနက်နေလား အဲ့ဒါလေးကို ပြောပြပေးပါဗျ

အဲ့ဒါကတော့ အသေးစိတ် မသိရသေး တော့ မပြောနိုင်သေးပါဘူး။

ဒေသမွတ်စလင်အသိုင်းအဝိုင်းဖြေကြားမှု ဒါတွေနဲ့ ပတ်သက်လို့ တွေ့ရှိမှုအနေအထားကရောဗျ။

အရှေ့ပိုင်းတွေ့ခဲ့တဲ့ရွာတွေကတော့ ငါးခူရ၊ ကြပ်ရိုးပြင်တို့ အဲ့ဒီရွာတွေကို သွားတဲ့အခါမှာ အဓမ္မပြုကျင့်တဲ့ကိစ္စတို့၊ အကြမ်းဖက်ခံရတာတို့ ဖြစ်တယ်လို့တော့ ပြောတယ်။ ပြောတဲ့အခါမှာကျတော့ သက် သေခံဥပဒေနဲ့ နည်းလမ်းအတိုင်း စစ်ဆေး တော့ သက်သေအထောက်အထား ခိုင်ခိုင် မာမာ မပြနိုင်ဘူး။ မလုပ်နိုင်ဘူး။

အကြမ်းဖက်သမားတွေ စိမ့်ဝင်နေမှု အပိုင်း ကရောဗျ။

အကြမ်းဖက်သမား စိမ့်ဝင်မှုအပိုင်းက တော့ ဒီနေ့ဆိုရင် မောင်တောဒေသတစ်ဝိုက် ကို မေးတာပေါ့နော်။ ဖြစ်လာနိုင်တဲ့ အ ကြောင်း ပြောတယ်။ စစ်တွေအကျဉ်းထောင် ရောက်တော့ အသက်၂၆ နှစ် ရွာသားကို မေးတော့ ကိုးတန်ကောက်စခန်းကို ဝင် တိုက်တဲ့အထဲ သူပါတယ်ပေါ့နော်။ ဘယ်လို ဒီကိစ္စထဲပါလာသလဲဆိုတော့ ဘင်္ဂါလားဒေ့ရှ် ကို ဆေးသွားကုပြီး ပုဂ္ဂိုလ်တစ်ယောက်က အလုပ်ခိုင်းတယ်။ သူက နယ်စပ်ဖြတ်ပြီးတော့ ဝင်လာတယ်။ အဲ့ဒီပုဂ္ဂိုလ်က သူ့ကို ပိုက်ဆံ တစ်သိန်းပေးပြီးလုပ်ခိုင်းတယ်။ သူကပြော တာက ဒီဒေသကို လွတ်မြောက်တဲ့ နယ်မြေ အဖြစ် လုပ်ဆောင်ဖို့ လုပ်ရမယ်ဆိုပြီး ပြော တယ်။ ရောက်တဲ့အချိန်ထိ သူမသိသေးဘူး ပေါ့နော်။ အနည်းနဲ့အများ စိမ့်ဝင်နေတယ်။

ကော်မရှင်ရဲ့ တွေ့ရှိမှုကို အားရမှုရှိရဲ့လာ။

ကော်မရှင်ရဲ့ တွေ့ရှိမှု အားရလားဆို တော့ အစ်ကိုတို့တွေ့လာရတာက နှစ်ပိုင်း ပေါ့နော်။ တစ်ပိုင်းက Secondary ၊ Secondary ကတော့ လေ့လာရသလောက် အားရတယ်။ Primary ကတော့ လေ့လာရဦးမှာ ပေါ့နော်။ မနက်ဖြန်လည်း အစ်ကိုတို့လေ့လာရဦးမှာ။

ဖြည့်စွက် ပြောစရာလေးတွေရှိရင် ပြောပါဦး ခင်ဗျ။

ဖြည့်စွက်ပြောစရာအနေနဲ့တော့ ဥပဒေနဲ့ အညီလုပ်ဆောင်ခဲ့ခြင်းရှိမရှိ စုံစမ်းမယ်။ ဥပဒေနဲ့အညီ လုပ်တယ်ဆိုတာကို အ ခုချိန်ထိ အစ်ကိုတို့တွေ့ထားတယ်။ ပြည်ပ မီဒီယာတွေကိုလည်း အမြဲအာရုံစိုက်ပြီး ကြည့်ထားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အစ်ကို တို့လာတုန်းကဆိုရင် ကြပ်ရိုးပြင်က အမျိုး သမီးတစ်ယောက်က အဓမ္မပြုကျင့်ခံရတယ် ကြားတယ်။ ကြပ်ရိုးပြင်ကို ရောက်တော့ ရှိ တဲ့ရွာသားတွေကို မေးကြည့်တယ်။ ကြပ်ရိုး ပြင်က ပြောပေမယ့် တိတိကျကျ မပြောနိုင် ဘူး။ နိုင်ငံတကာပြောတာကိုလည်း တိတိ ကျကျစုံစမ်းတယ်။ နိုင်ငံတကာက တိကျ တယ်လို့ ပြောပေမယ့် တိကျမှုကိုတော့ ကျွန်တော်တို့ မောင်တောစုံစမ်းရေး ကော်မရှင်လောက် တိတိကျကျ မသိနိုင်ဘူး။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*