ဒေသခံပြည်သူတွေကတော့ ပြောင်းလဲမှုအကျိုးဆက်ကို ခုချိန်ထိမခံစားရသေးဘူးလို့တော့ ပြောကြတာတွေ ရှိနေတယ်။ သိမ်းဆည်းခံ လယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်လို့ အထူးသဖြင့် သူတို့ အားမရဘူးလို့တော့ ပြောကြတယ် . . .

ဒေသခံပြည်သူတွေကတော့ ပြောင်းလဲမှုအကျိုးဆက်ကို ခုချိန်ထိမခံစားရသေးဘူးလို့တော့ ပြောကြတာတွေ ရှိနေတယ်။ သိမ်းဆည်းခံ လယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်လို့ အထူးသဖြင့် သူတို့ အားမရဘူးလို့တော့ ပြောကြတယ် . . .
March 3, 2017 Asian Fame

12:33 pm
ဒေသခံပြည်သူတွေကတော့ ပြောင်းလဲမှုအကျိုးဆက်ကို ခုချိန်ထိမခံစားရသေးဘူးလို့တော့ ပြောကြတာတွေ ရှိနေတယ်။ သိမ်းဆည်းခံ လယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်လို့ အထူးသဖြင့် သူတို့ အားမရဘူးလို့တော့ ပြောကြတယ် . . .

U Soe Win

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့၏ တစ်နှစ်တာသက်တမ်းအတွင်း ဆောင် ရွက်မှုများကို သက်ဆိုင်ရာ လွှတ် တော်ကိုယ်စားလှယ်များနှင့် တွေ့ ဆုံမေးမြန်း၍ အပတ်စဉ်တင်ဆက် လာခဲ့ရာ၊ ယခုအပတ်တွင်မတော့ မြန်မာနိုင်ငံ၏ အဓိကကျသော ပြည်နယ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ဂွမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးစိုးဝင်းအား တွေ့ဆုံမေး မြန်း ခဲ့ခြင်းကို တင်ပြလိုက်ပါသည်။

ရခိုင်ပြည် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

အခုဆိုရင် ဒုတိယအကြိမ် ရခိုင် ပြည်နယ် လွှတ်တော်ရဲ့ သက်တမ်း ဟာ တစ်နှစ်ရှိလာပြီ ဖြစ်သလို ပြည်နယ်အစိုးရရဲ့ သက်တမ်းဟာ လည်း တစ်နှစ်ပြည့်တော့မှာ ဖြစ် ပါတယ်။ လွှတ်တော်နဲ့ ပြည်နယ် အစိုးရ အဲဒီနှစ်ခုရဲ့ လုပ်ဆောင် ချက်တွေအပေါ် လွှတ်တော်ကိုယ် စားလှယ်တစ်ဦး အနေနဲ့ အားရ ကျေနပ်မှုရှိရဲ့လားဗျ။

ပထမအကြိမ် ပြည်နယ်လွှတ် တော်ရဲ့ ဆောင်ရွက်ချက်နဲ့ ဒုတိယ အကြိမ် ပြည်နယ်လွှတ်တော်ရဲ့ ဆောင်ရွက်ချက် ဒီနှစ်ခုကိုနှိုင်းယှဉ် ပြောရရင်တော့ ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်က ဥပဒေတွေ ကို ပြန်လည်ဆန်းစစ်မှုအား၊ ပြဋ္ဌာန်း ဖို့ ကြိုးစားမှုအား စတာတွေ သာ နေတာကို တွေ့ရပါတယ်။ ဒါ့ ကြောင့် ဒုတိယအကြိမ် ပြည်နယ် လွှတ်တော်ကို သုံးသပ်ရရင် အားရ ကျေနပ်မှုရှိတယ်လို့ ပြောရမှာပါ။ တစ်နှစ်အတွင်း ဥပဒေသုံးခုကို ပြ ဋ္ဌာန်းဖို့အထိ လွှတ်တော်ကဆောင် ရွက်နိုင်ခဲ့တယ်။ ရခိုင်လူထုအ ကျိုးရှိစေမယ့် ကမ်းနီးကမ်းဝေး ပင်လယ်ငါးဖမ်းဥပဒေ၊ ရခိုင်ပြည် နယ် စည်ပင်သာယာရေး ဥပဒေ အပါအဝင် ဥပဒေသုံးခုကို ပြန် လည်ကျင်းပတော့မယ့် လွှတ်တော် အစည်းအဝေးတွေမှာ ပြဋ္ဌာန်းပေး နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါက တော့ ဥပဒေပြုရေးအပိုင်းပေါ့။ နောက်တစ်ခုက အဆိုတွေ တင် သွင်းတာ၊ မေးခွန်းတွေမေးတဲ့အ ပိုင်း။ အဲဒါကို ရခိုင်ပြည်နယ်လွှတ် တော်က အခြားသော ပြည်နယ် လွှတ်တော်တွေထက်စာရင် တော် တော်လေးလုပ်နိုင်ခဲ့တယ်။ ပြည် နယ်အစိုးရကို တိုက်တွန်းမှုတွေ ကိုလည်း ဆောင်ရွက်နိုင်ခဲ့တယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ် တော်ကို အားရကျေနပ်ပါတယ်။ ပြည်နယ်အစိုးရကိုတော့ သိပ်ပြီး အားမရပါဘူး။ အားမရရတဲ့အ ကြောင်း အရင်းတွေကတော့ အ များကြီးရှိပါတယ်။ ကျွန်တော်တို့ ပြည်နယ်က အခြားသော ပြည်နယ် တွေနဲ့ မတူပါဘူး။ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ တစ်ဖက်မှာ လည်း လူမှုရေးပဋိပက္ခလိုဟာမျိုး ကလည်း ရှိသေးတယ်။ ဒီကြားထဲ မှာ လုပ်နေရတဲ့ ပြည်နယ်အစိုးရဆို တော့လည်း သိပ်ပြီးတော့ အပြစ် တော့ မတင်ချင်ပါဘူး။ သို့သော် လည်းပဲ ပြည်နယ်အစိုးရ တစ်ရပ် အနေနဲ့ လုပ်ရတဲ့ ကိစ္စတွေအပေါ် မှာတော့ သူအားနည်းတာတော့ အမှန်ပဲ။ အထူးသဖြင့် မူဝါဒ ခိုင် ခိုင်မာမာ မချထားဘူး။ ဒါကတော့ လုပ်ဆောင်မှုအပိုင်းပေါ့။ နောက် တစ်ခု ဖွံ့ဖြိုးရေးအပိုင်း။ ဒီကိစ္စ
မှာတော့ ပြည်နယ်အစိုးရ အား ကောင်းတယ်။ ပြည်ထောင်စု အစိုးရကလည်း အားပေးကူညီနေ တော့ ဖွံ့ဖြိုးရေးအပိုင်းဘက်မှာ တော့ ပြည်နယ်အစိုးရရဲ့ ဆောင် ရွက်ချက်က ကျေနပ်စရာ ကောင်း နေပါတယ်။ ကျွန်တော်တို့ နိုင်ငံ မှာပြဋ္ဌာန်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ပြည်နယ် အစိုးရ လုပ်ပိုင်ခွင့်ကို သိပ်မပေး ထားဘူး။ ဒီတော့ အချို့သော ဆုံး ဖြတ်ချက်တွေကို ပြည်နယ်အစိုးရ ကသိပ်မချပေးနိုင်ဘူး။ ဒါတွေအား လုံးခြုံငုံကြည့်ရင် ပြည်နယ်အစိုးရ အပေါ် အားရမှုတော့ သိပ်မရှိဘူး။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ် တော်ဟာ ရခိုင်အမျိုးသားပါတီ စိုးမိုးတဲ့ လွှတ်တော်တစ်ရပ် ဖြစ်နေ တယ်။ အဲဒီလွှတ်တော်ထဲ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်လွှတ် တော်ကိုယ်စားလှယ်တစ်ဦးအနေ နဲ့ ပါဝင်ဆောင်ရွက်ရတဲ့ ကဏ္ဍ၊ အခြေအနေ ဘယ်လိုတွေ ရှိသလဲ။

အတိုက်အခံပါတီ တစ်ခုဖြစ် တဲ့ ရခိုင်အမျိုးသားပါတီ စိုးမိုးတဲ့ ပြည်နယ်လွှတ်တော် တစ်ခုဖြစ်နေ သော်လည်းပဲ ရခိုင်ပြည်နယ် လွှတ် တော် ကိုယ်စားလှယ်တွေရဲ့ ထူး ခြားချက်တစ်ခုက ပါတီစွဲ မရှိကြ တာပဲ။ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ရခိုင်အမျိုးသားပါတီက ဖြစ် နေသော်လည်းပဲ သူကိုယ်တိုင်ပါတီ စွဲမရှိဘူး။ လွှတ်တော်ရဲ့ မူဝါဒအ ရလည်း ပါတီစွဲမရှိသင့်ဘူးလေ။ ဒါကို ရခိုင်လွှတ်တော်က သေသေ ချာချာလုပ်နိုင်ခဲ့တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေဟာ တစ်စိတ် တည်း တစ်ဝမ်းတည်း ရှိနေကြပြီး ကိုယ့်ပြည်နယ်အတွက် ကောင်း အောင် လုပ်ကြမယ်ဆိုတဲ့ စိတ်တွေ ပဲ ဝင်နေကြတယ်။ ကျွန်တော်ဆိုရင် လွှတ်တော်ထဲ မသန်စွမ်းနဲ့ ပတ် သက်တဲ့ အဆိုတစ်ခု တင်ခဲ့ယ်။ ကန့်ကွက်သူတောင်မရှိဘူး။ ကျွန် တော့်အဆိုကို ရခိုင်အမျိုးသားပါ တီက လွှတ်တော်ကိုယ်စားလှယ် တွေတောင်မှ ဝင်ပြီးဆွေးနွေးခဲ့ကြ
သေးတယ်။ ဒါ့ကြောင့် လွှတ်တော် ထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဘောင်မကျဉ်းပါဘူး။
ရခိုင်ပြည်နယ်လွှတ်တော်က ပြည် နယ်အစိုးရကို ထိန်းညှိနေတဲ့ အ ပိုင်း။ ဒီအပိုင်းက အခြားပြည်နယ် တွေထက်တော့ ပိုပြီး အားပြင်းနေတယ်။

ပြည်နယ် လွှတ်တော်ကလည်း အတိုက်အခံပါတီ ဦးစီးတဲ့ လွှတ် တော် ဖြစ်နေတော့ ပြည်နယ်အစိုး ရကို အခြားလွှတ်တော်တွေထက် စာရင် ပိုပြီး စောင့်ကြည့်တာပေါ့ ဗျာ။ သို့သော်လည်းပဲ လုပ်သမျှ ဖျက်မယ်ဆိုတဲ့ စောင့်ကြည့်မှုမျိုး မဟုတ်တာတော့ သေချာတယ်။ ပြည်နယ်အစိုးရကလည်း လမ်း ကြောင်းအမှန်ပေါ် သွားနေတော့ လွှတ်တော်ဘက်က သိပ်ဖိအား မ ပေးပါဘူး။ လွှတ်တော်ရဲ့ ခံယူချက် ကတော့ ပြည်သူတွေ ဘဝဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက် ဖို့ အဓိက ဦးတည်နေတယ်လို့ပဲ မြင်ပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်က ပြည် ထောင်စုအစိုးရရဲ့ ဆောင်ရွက်ချက် အချို့ကိုတော့ ပယ်ဖျက်ခိုင်း၊ ပြင်ဆင်ခိုင်းတာတွေမျိုး လုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒါကလည်း ဒီမိုကရေစီပဲလေ။ လူတိုင်းဟာ ခံယူချက်တွေ တူရ မယ်၊ ဒီလိုမှမဟုတ်တာ။ ကွဲလွဲမှု တွေကတော့ ရှိကြမှာပဲလေ။ ဒါက အပြစ်လို့ မမြင်ဘူး။ ဒါက ကွဲလွဲ ချက်ကတော့ ရှိမှာပဲ။

ပြည်နယ်အစိုးရအဖွဲ့ထဲက ဘယ် ဝန်ကြီးဌာနရဲ့ လုပ်ပုံကိုင်ပုံတွေ ကို အားရကျေနပ်မှု ရှိနေပါသလဲ။

ကျွန်တော် အဲဒီလို ခွဲပြောလို့ မရဘူး ဖြစ်နေတယ်။ သူတို့လည်း လုပ်နေကြတာပဲ။ ကျွန်တော်နဲ့ဆို ရင် ပါတီချင်းအတူတူပဲဆိုပေမယ့် သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကိုတော့ ကျွန်တော် အစောပိုင်းကပြောသ လိုပဲ အားရကျေနပ်မှု အပြည့်အဝ တော့ မရှိသေးဘူးပေါ့။ ဒါ့ ကြောင့် သီးခြား ခွဲထုတ် ပြောဆိုဖို့ အဆင် သင့် မရှိသေးဘူး ဖြစ်နေတယ်။

မဲဆန္ဒရှင် ပြည်သူတွေနဲ့ ထိတွေ့ တဲ့အခါမှာ ပြည်သူတွေက ပြည် နယ်အစိုးရအပေါ် ဘာတွေ ပြော ကြလဲ။

သူတို့ကတော့ ပြောင်းလဲမှု အကျိုးဆက်ကို ခုချိန်ထိ မခံစားရ သေးဘူးလို့တော့ ပြောကြတာတွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ သိမ်းဆည်းခံ လယ်ယာမြေကိစ္စ တွေ အများကြီး ရှိနေတယ်။ သူ တို့တွေက ဒီကိစ္စကို မြန်မြန်ဆန် ဆန် ဖြေရှင်းစေချင်ကြတယ်။ ဒီအ ပေါ်အထူးသဖြင့် သူတို့အားမရဘူး လို့တော့ ပြောကြတယ်။

ရခိုင်ပြည်နယ် လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းမှု အခြေအနေတွေ ဘယ်လိုရှိနေသလဲ။

တော်တော်လေး ကောင်းပါတယ်။

ဟုတ်ကဲ့။ ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။

မင်းသုအောင် တွေ့ဆုံမေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*