မြန်မာတစ်နိုင်ငံလုံးတွင် လအလိုက် ဈေးကွက် ထောက်လှမ်းစစ်ဆေးခြင်းများ FDA လုပ်ဆောင် နေ

မြန်မာတစ်နိုင်ငံလုံးတွင် လအလိုက် ဈေးကွက် ထောက်လှမ်းစစ်ဆေးခြင်းများ FDA လုပ်ဆောင် နေ
May 25, 2017 Asian Fame

4:00 pm
မြန်မာတစ်နိုင်ငံလုံးတွင် လအလိုက် ဈေးကွက် ထောက်လှမ်းစစ်ဆေးခြင်းများ FDA လုပ်ဆောင် နေ

(ရန်ကုန်၊ မေ ၁၉)

အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) က မြန်မာတစ်နိုင်ငံလုံးတွင် လအလိုက် ဈေးကွက် ထောက်လှမ်းစစ်ဆေးရာ သက်တမ်းလွန် ဆေးဝါးများ၊ စားသုံးရန်မသင့် သော အစားအစာ များကို အများဆုံးတွေ့ရှိခဲ့ကြောင်း အဆို ပါဌာနမှ သိရသည်။

၎င်းတို့ကို လတ်တလော တရားစွဲဆိုအရေးယူခြင်းများ မရှိသေးသော်လည်း ဈေးကွက်တွင်ရောင်းချခွင့် ပိတ်ခြင်းများရှိ ကြောင်း  FDAမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဥက္ကာဖြိုးက ပြောသည်။

”မနေ့ကဆို သိမ်ကြီးဈေး၊ မင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေးတွေ ကိုစစ်တယ်။ ခံဝန်လက်မှတ်ထိုး ခိုင်း ထားတာတွေရှိတယ်။ သက်ဆိုင်ရာမြို့နယ်ရဲ့ စည်ပင်က လည်း စားသုံးသူရေးရာ ဥပဒေ အရ အရေးယူရမယ့်သူတွေကို အရေးယူခဲ့တယ်” ဟု ၄င်းက ပြောသည်။

ထိုကဲ့သို့ စစ်ဆေးရာတွင် ဆေးဆိုင်များ၊ မုန့်ဆိုင်များ ပါဝင်ခဲ့ပြီး ရောင်းချရန် မသင့်သော ပစ္စည်းများ သိမ်းဆည်းခဲ့ကာ လက်ရှိတွင်ဓာတ်ခွဲ စမ်းသပ်ခြင်း များကို လုပ်ဆောင်လျက်ရှိသည်ဟု ၄င်းကပြောသည်။

မတ်လကုန်မှ စ၍ နေပြည် တော်ရှိဈေးကြီး ၈ ဈေး၊ ကုန်တိုက်ကြီး ၃ ခုတို့ကို FDA က ဝင်ရောက်စစ်ဆေးခဲ့ပြီး လမ်းဘေး ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များ ကိုလည်း စစ်ဆေးခဲ့ကြောင်း  FDA နေပြည်တော် ခရိုင်ရုံး များ၏ တာဝန်မှူး ဒေါက်တာ ထွန်းလင်းအောင်ကပြောသည်။

”တပ်ကုန်းဈေးမှာဆို ကာမ စိတ်ကြွဆေး ၈၆ထုပ်တွေ့တယ်။ ဥပဒေအရ ထိန်းသိမ်းခဲ့ပါတယ်။
ဆိုင်ရှင်ကို ခံဝန်ကတိထိုးခိုင်းခဲ့ တယ်”ဟု ဒေါက်တာ ထွန်းလင်းအောင်က ပြောသည်။

အရေးယူမှုများလုပ်ဆောင် ရာတွင် စားသုံးသူရေးရာ ဥပဒေ၊ စည်ပင်သာယာရေး ကော်မတီ၏ ဥပဒေနှင့် အစားအသောက်ဆိုင် ရာ ဥပဒေတို့ဖြင့် အရေးယူသွား မည်ဖြစ်ပြီး ဆိုင်ပိတ်သိမ်းခြင်း၊ ပစ္စည်း သိမ်းခြင်းနှင့် တရားစွဲအ ရေးယူခြင်းများလည်း ပြုလုပ် သွား မည်ဖြစ်ကြောင်း FDA မှ သိရသည်။

ယခုနှစ်သည်  FDA  ၏ဈေး ကွက်ထောက်လှမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ အထူးလုပ်ဆောင် ရမည့်နှစ် ဖြစ်သောကြောင့် မြန်မာတစ်နိုင်ငံ လုံး တွင် တပြိုင်တည်း ရှောင်တခင် စစ်ဆေးခြင်း များလုပ်ဆောင်နေသည်ဟု ဒေါက်တာ ဥက္ကာဖြိုးက ပြော သည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*