ရွှေတိဂုံစေတီ လုံခြုံရေး အတွက် Anti-Drone နှင့် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထား

ရွှေတိဂုံစေတီ လုံခြုံရေး အတွက် Anti-Drone နှင့် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထား
April 26, 2017 Asian Fame

3:16 pm
ရွှေတိဂုံစေတီ လုံခြုံရေး အတွက် Anti-Drone နှင့် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထား

(ရန်ကုန်၊ ဧပြီ ၂၅)

ရွှေတိဂုံစေတီတော် လုံခြုံရေး အတွက် Anti-Drone များအပါအဝင် ခေတ်မီစက် ကိရိယာများကို တပ်ဆင် ထားပြီးဖြစ်ကြောင်း ရွှေတိ ဂုံစေတီ ဂေါပကရုံးမှ သိရသည်။

”ရွှေတိဂုံ စေတီတော်ကြီး လုံခြုံရေး အတွက် လက်ရှိ အချိန်မှာတော့ ဒရုန်းတွေ စေတီတော်ပေါ်မှာ ဖြတ်ပျံ လာလို့ရှိရင် ဒရုန်းတွေကို ပစ်ချလို့ရတဲ့ Anti-Drone တွေလည်း တပ်ဆင်ထား တယ်၊ နောက်ပြီးရင် X-Ray စက်တွေ လည်း တပ်ဆင် ထားတယ်။ နောက် CCTV အလုံး ၁ဝဝ လည်း တပ်ဆင် ထားတယ်”ဟု ရွှေတိဂုံစေတီ ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။

လက်ရှိအချိန်တွင် ခေတ်မီစက် ကိရိယာများနှင့် လုံခြုံရေးကို အထပ် ထပ်ချကာ လုပ်ဆောင် နေသဖြင့် စေတီ တော်လုံခြုံရေး အတွက် စိတ်ချရသော အခြေအနေတွင် ရှိနေသည်ဟုလည်း ဦးထွန်းအောင်ငွေ က ပြောသည်။

အကြမ်းဖက် အဖွဲ့အစည်းများက ရွှေတိဂုံ စေတီတော်ကို ဖောက်ခွဲ ဖျက်ဆီး မည်ဖြစ်ကြောင်း သတင်း ရထားသဖြင့် လုံခြုံရေး အတွက် ခေတ်မီ စက်ကိရိယာ များ တပ်ဆင်ခြင်း လုပ်ငန်းကို  ၃ လမှ ၆ လအတွင်း အပြီး လုပ်ဆောင်မည်ဟု သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ပြောကြားခဲ့ဖူးသည်။

ထိုစက်ကိရိယာများကို တပ်ဆင် ရာတွင် စေတီတော် အတွက် အလှူရှင် များဧ။်လှူဒါန်းငွေ များမှ အသုံးပြုလုပ် ဆောင်ခြင်းဖြစ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရ သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*