မျက်ရည်များနှင့် ဟာသမယ်

မျက်ရည်များနှင့် ဟာသမယ်
April 3, 2017 Asian Fame

10:37 am
မျက်ရည်များနှင့် ဟာသမယ်

kitkit1ရုပ်ရှင်ချစ် ပရိသတ်များက သူ့ကို ကစ်ကစ်လို့ပဲ ခေါ်ကြသည်။ သူမနာမည် အရင်း ဘယ်သူဆို သည်မှာ အတော်ကလေး ဇာစ်မြစ် လိုက်မှ သိနိုင်မည်ဖြစ်သည်။ ရုပ်ရှင်လောက သားများက လည်း ‘ကစ်ကစ်’၊ မိသားစုများက လည်း ‘ကစ်ကစ်’ ဟုသာခေါ်ကြ သည်။ ကစ်ကစ် ဆိုသည့် နာမည် အတိုင်း အသားအဆီများ ကဝင်းလို့။ မျက်နှာလေး ကလည်း ဝိုင်းဝိုင်း ပြည့်ပြည့် ဖောင်းဖောင်း၊ ဆံပင် ကလည်း မတိုမရှည်။ အသားက လည်းဖြူဖြူ၊ သူ့အသွင်သဏ္ဌာန်က သူ့နာမည်နှင့် အလွန် လိုက်ဖက်လှ သည်။ သူမသည် ရုပ်ရှင်သရုပ် ဆောင် တစ်ဦးဖြစ်သည်။

သို့သော် ရုပ်ရှင်မင်းသမီး ဝတ် မှုံရွှေရည်(ခ) ကစ်ကစ်တော့ မဟုတ်ပေ။

ကစ်ကစ် အလုပ်က သရုပ် ဆောင် အလုပ်ဖြစ်သည်။ ကျရာ ဟာသ ဇာတ်ရုပ်များကို စုံလင်အောင် အသုံးတော်ခံ ဖျော်ဖြေတင်ဆက် ပေးခဲ့သူဖြစ်သည်။

ဖန်သားပြင်ဝယ် ကျရာဇာတ် ရုပ်ကို ဆေးခြယ်ကာ အများသူငါ ပျော်ရွှင် ရယ်မောအောင် သူမ သရုပ်ဆောင်နိုင်ခဲ့သည်။ သို့ပေ မယ့် ဖန်သားပြင် နောက်ကွယ်မှ သူမ၏ လက်တွေ့ဘဝက ရယ်မော ပျော်ရွှင်ဖွယ်ရာ ကောင်းသော ဘဝမျိုး မဟုတ်ခဲ့ပါ။

ကစ်ကစ်အတွက် လောကဒဏ်

တိုက်ခန်း တစ်ခုရှေ့သို့ အ ရောက် မြင်လိုက်ရသောမြင်ကွင်း ကြောင့် ရုတ်တရက် ကျွန်မငိုချင်မိ သွားသည်။ လူအများကို ပြုံးပျော် စေခဲ့သည့် ဟာသမယ် ကစ်ကစ် တစ်ယောက် ဖောရောင်ကာ အိပ် ရာပေါ်တွင် တစ်စုံတရာကို ငုံ့ကြည့် နေသည်။ ဘေးအခန်းမှ ” မကစ် ဧည့်သည်လာတယ်” ဟု သတိလှမ်း ပေးလိုက်သည်နှင့် ငုံ့ကြည့်နေသော စာရွက်များကို ကပျာကယာ သိမ်း ကာ ခိုတွဲလာသော မျက်ရည်စများ ကို ခပ်မြန်မြန်သုတ်ရင်း ”လာလေ ညီမလေး အိမ်ကတော့ တွေ့တဲ့အ တိုင်းပဲ၊ အခန်းကကျဉ်းတော့ အား နာလိုက်တာ” ဟုဆိုရင်း ဧည့်ဝတ် ပြုသည်။

ဟုတ်သည်၊ တစ်လလျှင် ကျပ် ၂ သိန်းပေးကာ ငှားရမ်း နေထိုင်ရ သည့် သူတို့အိမ်လေးက ကျဉ်းသည်။ ဧည့်ခန်းဟု သီးသန် ဖွဲ့ထားသော နေရာတွင် သစ္စာပန်း များဖြင့်ဝေဆာ နေသောဘုရားစင်၊ ရေချမ်း၊ သီးနှံ များကိုဘုရားအား ကပ်လှူပူဇော်ထားသည်မှာ လည်းဘာသာတရား ကိုင်းရှိုင်းသူမှန်း သိသာစေသည်။

ဧည့်ခန်းတွင် မိတ်ကပ်ဘူး များ၊ အိုးခွက် ပန်းကန်များ ထည့် ထားသည့်ဘီရို၊ အဝတ်အစား များ ထည့်ရန်ဘီရိုနှင့် သူမအိပ်စက် အ နားယူရန် အတွက် အိပ်ရာတစ်ခုကို ဦးစွာ မြင်တွေ့ရသည်။ ဇိမ်ခံဆက် တီကုလားထိုင်များ စားပွဲများ မရှိ သော်လည်း ပြည့်ကျပ်နေသည့် ဧည့်ခန်း လေးတွင် အနံ့တစ်ခုက တစ်မူ ထူးခြားသည်။ ထို့အနံ့က ဧည့်ဝတ်မေတ္တာပင် ဖြစ်သည်။

သူမ မတ်တပ်ရပ်ရန် သမီးဖြစ် သူကထူမ မှရပ်နိုင်သည်။ ထိုအခြေ အနေ ရောက်နေသော်လည်း ရိုက် ကူးရေး အတွက် သူမစိတ်ပူနေဆဲ။

ရင်ထဲတွင် တင်းကျပ်ပိတ်လှောင် ထားရသော ဝေဒနာ တစ်ခုကို ခံစား နေရဟန်တူသည့် မကစ်က ကျွန်မ ကိုငေးကြည့်ရင်း ရုတ်တရက် ငိုချပါ တော့သည်။ ဒါက အိုက်တင် လုပ်ခြင်း မဟုတ်၊ ကင်မရာ ရှေ့ဝယ် သူမ သ ရုပ်ဆောင် နေခြင်းလည်း မဟုတ်။

ဆီးချိုသွေးချို ရောဂါဆိုး၏ နှိပ်စက်မှုကြောင့် သူမတစ်ကိုယ် လုံးဖောရောင်ကာ ခြေထောက်များ သည်လည်း စိတ်သွားတိုင် မလိုက် နိုင်။ မျက်စိနှစ်လုံးက ဖွင့်မရ။ ဆီး ချို သွေးချိုကြောင့် ကျောက်ကပ်ပင် ထိခိုက်ပြီး အလုပ် ပျက်ခဲ့ရသည့် လတွေ မနည်းတော့ကြောင်း မကစ် က ငိုကြွေးလျက် ပြောသည်။

ယခုအချိန်မှာ ဒုက္ခပင်လယ် ထဲ ကူးခတ်နေရသည့် သူမအတွက် အားကိုးဖော် တိုင်ပင်ဖက်က ကိုး တန်းအရွယ် သမီးလေးတစ်ယောက် တည်းသာရှိသည်။

ယခုချိန် သူမမျှော်လင့်နေ သည်က ရောဂါအမြန်ဆုံး သက် သာပျောက်ကင်းရန် ပင်ဖြစ်သည်။

”ငယ်စဉ်ဘဝကို နာကြည်း လှပါ ပြီ။ အခုလည်း အသက်ရှင်ရတာ ပင်ပန်းလှပါပြီ။ အရင်ဘဝကများ ကျွန်မ အကုသိုလ်တွေ တော်တော် များခဲ့လို့ ဒီဘဝမှာ စုပုံခံခဲ့ရတယ် ထင်တယ်” ဟု မျက်ရည်ကြားက သူမတိုးတိုးလေး ဆိုလာသည်။

kk2မိဘမေတ္တာ ငတ်ခဲ့ရှာသူ

ကစ်ကစ် ကို ၁၉၇၁ ခုနှစ်တွင် ဦးပေါက်စ နှင့် ဒေါ်စောရင် တို့က လယ်ဝေးမြို့တွင် မွေးဖွားခဲ့သည်။ မွေးမွေးချင်း ပင် မိခင်ဖြစ်သူမှာ ဆုံးပါး သွားပြီး သူမကို ဘကြီးတော် စပ်သူ ဦးပွ က သမီး အဖြစ် ခေါ်ယူ မွေးစားခဲ့သည်။ ဦးပွတွင် ကစ်ကစ် အပါအဝင် သမီး သုံးဦးရှိသည်။

သူမတွင် မွေးချင်း အစ်ကို နှစ် ယောက်ရှိသည်။ တစ်ယောက်က ကိုလှမြင့်၊ မိုးကုတ်တွင် ကျောက် တူးခဲ့ပြီး ယခု မိုးကုတ်မြို့တွင် နေ ထိုင်သည်။ ကျန်တစ်ယောက်မှာ ဦးသန်းလွင်၊ လယ်ဝေး တွင် နေထိုင် ပြီး သားသမီး နှစ်ယောက် ထွန်း ကားခဲ့သည်ဟု သိရသည်။

”အမေ ဆိုတာ ဘယ်လို ပုံစံလဲ၊ ဖြူသလား၊ မည်းသလား၊ ဝသလား၊ ပိန်သလား မသိခဲ့ပါဘူး။ အဖေက တော့ ၂နှစ် အရွယ် မှာ ဆုံးသွား တယ်။ သူတို့တွေ ဘယ်လို ပုံစံလဲဆို တာမသိခဲ့ဘူး။ အစ်ကိုနှစ်ယောက် ကတော့ကိုယ့်ကို သံယောဇဉ် ရှိတယ်။ အစ်မ နှစ်ယောက် ကလည်း ချစ် တယ်”ဟု သူမက ညှိုးငယ်သော မျက်နှာဖြင့် ပြောပြခဲ့သည်။

ငယ်စဉ်ကလေး ဘဝကတည်း ကပင် အနုပညာ အလုပ်ကို အလွန် ဝါသနာပါပြီး အောင်မြင်သည့် သရုပ် ဆောင် တစ်ဦး ဖြစ်ချင်ခဲ့သည်။ သို့ သော် အိမ်ကခွင့်မပြု၊ အနုပညာအ လုပ်သည် ကောင်းသော အလုပ်မ ဟုတ်ဟု မြင်ကြသဖြင့် အနုပညာ ကို မေ့ပျောက်စေရန် ဗြူတီပါလာ သင်တန်းသို့ သူမကို ပို့ခဲ့သည်။

ဗြူတီပါလာ သင်တန်း တက် ပြီးနောက် လယ်ဝေးမြို့တွင် ‘လှ ရည်စူး’ အလှပြင်ဆိုင်ကို ဖွင့်လှစ် ခဲ့သည်။ သို့သော် အစပိုင်းတွင် မအောင်မြင်ခဲ့ပေ။ ဖခင်ဖြစ်သူ ဦးပွ ကြောင့်သာ သူမဆိုင်သည် လယ်ဝေးမြို့တွင်နံပတ်တစ် ဖြစ်ခဲ့ရသည်။

”အဖေက နှင်းဖြူခိုင်လို့ နာ မည်ပြောင်း ပေးတော့မှပဲ တစ်မြို့ လုံး သိသွားတော့တယ်။ စီးပွားလည်း ဖြစ်လိုက်တာ”ဟု မကစ်က တက်ကြွဟန်ဖြင့် ပြောသည်။ အတိတ် ကို ပြန်ပြောပြချိန်တွင် သူ့မျက်နှာ ပေါ်တွင် တက်ကြွရွှင်လန်းမှု အချို့ ပြန်မြင်ရသည်။

မွေးကင်းစ အရွယ်ကတည်း က မိဘကံ အကျိုးပေးမကောင်းခဲ့ သည့် ကစ်ကစ် တစ်ယောက် စီးပွား စဖြစ်ခါစ အချိန်မှာပင် ချစ်ခင်ရ သည့် ဒုတိယဖခင်က သူမကို အ ပြီးအပိုင် ခွဲခွာ သွားခဲ့ပြန်သည်။ ထို သို့ ပြောပြချိန်တွင်တော့ မကစ် မျက်ဝန်းမှာ မျက်ရည်စ တွေနှင့်။

”အဖေက ကျွန်မပေါ်မှာ အ ကောင်းဆုံး လူသား တစ်ယောက် ပါ။ ကိုယ်ရပ်ရမယ့် နေရာကို ကိုယ် ရွေးချယ်နိုင်ရမယ် ဆိုတဲ့ အဖေ့ စကားသံက သံမှိုနှက် ရိုက်သလိုပဲ စွဲနစ်သွားခဲ့တယ်။ မမျှော်လင့်ဘဲ အဖေ ဆုံးသွားတော့ ကျွန်မမှာ နေ စရာ ခိုနားစရာ ကမ္ဘာတစ်ခု ဆုံးရှုံး သွားသလိုပဲ အကြီးအကျယ်ကို စိတ် ထိခိုက်ခဲ့ရတယ်” ဟုကစ်ကစ်က ဝမ်းနည်းစွာဖြင့် ဆိုလာသည်။

ဖခင် ဆုံးပါး သွားပြီးနောက် လယ်ဝေးကိုမပြန်တော့ဘဲ ရန်ကုန် မြို့တွင် အခြေချ နေထိုင်ခဲ့သည်။ ထိုသို့ နေထိုင်ရခြင်း အကြောင်းအ ရင်းသည်လည်း သူမကို ယနေ့ထိ တိုင် နာကျင်ကြေကွဲ စေသည်ဟု တိုးတိုးလေး ရေရွတ်ခဲ့သည်။

သော့ပိတ်ထားသည့် သူမ၏ ဆိုင်လေးကို အဒေါ်အငယ်ဆုံးက ပြန်ဝယ်သည့် သဘောနှင့် ယူလိုက် ပြီး အရက်ဆိုင် ဖွင့်ထားသည်။ အိမ်ကို ပြန်ဝယ်စဉ်ကလည်း လက် ငင်းငွေချေသည့် ပုံစံမျိုး မဟုတ်ခဲ့။ကိုယ်တိုင် အိမ်ငှား နေရသည့် အ ချိန်တွင်တော့ ထိုအိမ်ကို ပြန်လွမ်း မိသည်ဟု မကစ်က ပြောသည်။

ထိုစကားပြီးဆုံးပြီး သူမတစ် ချက်မဲ့ပြုံးပြုံးကာ ကျလာသော မျက်ရည်ကို ခတ်ဆတ်ဆတ် သုတ် လိုက်ရင်း၊ သာမန် မိန်းမ တစ် ယောက်အနေ နဲ့နေတုန်းက ကိုယ့် ဆွေမျိုးတွေရဲ့ အနိုင်ခံ အပယ်ခံရ တယ်။ ဥပေက္ခာပြုထားတာ ခံရ တယ်။ တစ်ခါတစ်လေ ပြန်တုံ့ပြန် ချင်ပေမယ့် မခေါ်မပြောနိုင်တဲ့ သေခန်းပြတ် ဆွေမျိုးတွေ မဖြစ်ချင် လို့ ဘာမှမတုံ့ပြန်ခဲ့ပဲ ရေငုံနှုတ်ပိတ် ပြီး ဒီမှာ အခြေချ နေထိုင်ခဲ့တယ် လေ” ဟုပြောသည်။

အနုပညာခရီးလမ်းအစ

သာမန်မိန်းမ တစ်ယောက်မှ သည် ပြည်သူများကို ဖျော်ဖြေတင် ဆက်ရသည့် ဟာသမယ် ကစ်ကစ် တစ်ဖြစ်လဲ ပြည်သူချစ် အနုပညာရှင် တစ်ဦးအဖြစ် သူမရွေးချယ်ခဲ့သည်က ငယ်စဉ်က အိမ်မက်ပင်ဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် အနုပညာ လောကထဲ သူမစတင် ခြေချခဲ့သည်။ ဗြူတီပါလာ လုပ်ငန်းလုပ်ရင်း မင်း သမီး နန္ဒာအိုင်မင်း နှင့် ခင်မင်ရင်း နှီးခဲ့ပြီးနောက် ရှုတင်တွင် မိတ်ကပ် လိမ်းခြယ်ပေးရန် သူမကို ကမ်း လှမ်းလာခဲ့ရာမှ တစ်ဆင့် ဇာတ်ပို့ မင်းသမီး တစ်ဦးဖြစ် လာခဲ့သည်။

”ရိုက်ကွင်းမှာ ဇာတ်ပို့တစ် ယောက်ကလေ ဒိုင်ယာလော့လေး ငါးကြောင်းလေးကို ပြောတာ ရီဂျက် ၁၆ ခါလောက် ထိနေပြီ။ ကိုယ်က ဒီမှာ အလွတ်ရနေပြီ။ ကိုယ်ကစိတ် မရှည်တာနဲ့ နင် ဒီလောက်တိုတို ပြောရတာ ငါတောင် ဒီမှာရနေပြီ လို့ ပြောတာကို သူက ပြန်ပြော တယ်၊ နင်တတ်ရင် နင်ဝင် လုပ်ပါ လား၊ ဘေးကနေ ဘာအာချောင် တာလဲပေါ့။ ကစ်ကလည်း ဟုတ်ပြီ နင် ရတဲ့ အိုက်တင်ကြေး ငါ့ကိုပေး၊ အလကားတော့ မလုပ်ဘူးလို့ပြော တော့ သူကပြန်ပြောတယ်။ ကြီး ကြီးကျယ်ကျယ် နင်က ဘယ် လောက်တတ်လို့လဲ ပြန်မေးတယ်။ ကိုယ်က စိတ်မရှည်တာ နဲ့ ဒါရိုက် တာကို သွားပြောလိုက်တယ် သူ လုပ်တဲ့နေရာမှာ ကျွန်တော့်ကိုပေး လုပ်မလား။ သူရတဲ့ အနုပညာကြေး တော့ ပေးရမယ် ဆိုတော့ ဒါရိုက် တာကရတယ်၊ အသစ်အဆန်း ဖြစ် တာပေါ့ဆိုပြီး အဲဒီကနေ သူ့ဈေး ကွက်က ကိုယ့်ဈေးကွက် ဖြစ်ပြီး ဒီလောကထဲ ရောက်လာတာပဲ” ဟု သူမက အနုပညာ လောထဲ ဝင် ရောက်လာခဲ့ပုံကို အားပါးတရ ပြောပြခဲ့သည်။

ကစ်ကစ်၏ ပထမဆုံး ဇာတ် ကားမှာ ‘ညိုမကို ပြောလိုက်ပါ’ ဖြစ်သည်။

” ‘ညိုမကိုပြောလိုက်ပါ’ အဲဒီ မင်းသမီးကနေပဲ သူ့ဆရာတွေ နဲ့ ဆက်သွယ်ပေးတယ်။ ဒါရိုက်တာ မျက်ခြယ်၊ စနိုးဝှိုက် အခြားထုတ် လုပ်ရေးတွေနဲ့ ချိတ်ဆက်ပေးပြီး အနုပညာသမား တစ်ယောက် ဖြစ် လာခဲ့တာပါ” ဟု ကစ်ကစ်က အနု ပညာလမ်းကြောင်းပေါ် လှုပ်ရှားခဲ့ ပုံကို အားပါးတရ ပြောပြသည်။

ဇာတ်ကားပေါင်း ငါးရာကျော် ရိုက်ကူးခဲ့ပြီး မင်းသားလွင်မိုး၊ မော် ဒယ်လေး များနှင့်အတူ ပါဝင် သရုပ် ဆောင်ခဲ့သော ခန့်ချောကြီး ပုဆိုး ကြော်ငြာတွင်တော့ ပရိသတ်က ကစ်ကစ် ကိုပို၍ သတိထားမိခဲ့ကြ သည်။ ဇာတ်ကားများ စတင် ရိုက် ကူးခဲ့စဉ်က သူ၏ အနုပညာကြေး က ကျပ်သုံးထောင်၊ အနုပညာ လုပ်သက် နှစ်နှစ်ဆယ် ကျော်လာ သည့် လက်ရှိ အချိန်တွင်တော့ သရုပ်ဆောင်ကြေးက ကန်ထရိုက် ဆိုလျှင် ကျပ်သုံးသိန်း၊ အများဆုံး လေးသိန်း အထိရရှိနေပြီဖြစ်သည်။

”အကြောက်ဆုံးက မိုးရာသီ ရောက်မှာကိုပဲ။ အလုပ်ပါးတော့ ဝင်ငွေ မရှိဘူး။ အိမ်လခ၊ သမီး ကျောင်းစရိတ် မတွေးရဲဘူး” ဟု ဝမ်းနည်းစွာ ဆိုလာသည်။

kk1လောကဒဏ်ကြားမှ ဆေးစက်ကျရာ အရုပ်ထင်ခဲ့

ရောဂါ ဝေဒနာ ခံစားနေရသည့် ကြားမှပင် မကြာခင်ကမှ ရုံတင် ပြသသွားသည့် ‘ငါ့အကယ်ဒမီ’ ရုပ်ရှင်ကားကြီး တွင် ဇာတ်ပို့ နေရာမှ ပီပြင်စွာ သရုပ်ဆောင် ခဲ့သည်။ ၄င်း ဇာတ်ကားက သူမအတွက် ထူးခြား သည့် ဇာတ်ရုပ်ဖြင့် သရုပ်ဆောင် ခွင့်ရခဲ့သလို ထူးခြားသည့် အပြင်အ ဆင် များနှင့် သရုပ်ဆောင်ခဲ့ရသည် ဟုဆိုသည်။

”ကပ္ပလီမ မည်းမည်းကြီး လုပ် ရမှာဆိုတော့ ငါရုပ်ဆိုး သွားမှာ ပေါ့လို့ တွေးသေးတယ်။ ဘယ်လို မိတ်ကပ်တွေ နဲ့ ရုပ်ချချ ကိုယ်ချော တာ ကိုယ် အသိဆုံးပဲလေ” ဟု သူမ က အားရပါးရ ရယ်ကာ ပြောသည်။

ထိုသို့ပြောပြီးနောက် ဘုရားစင် ရှိရာသို့လှည့်ကာ ”ဘုရားမလို့ပဲ အဲဒီကားကို ကောင်းကောင်းမွန်မွန် ရိုက်ရတာပါ့” ဟု လက်အုပ်ချီ ရှိခိုး ကန်တော့သည့် မြင်ကွင်းက ကြည် နူးစရာ။

ထိုဇာတ်ကားကို ရိုက်စဉ်က ခြေထောက်များ ရောင်ကိုင်းကာ အမြင့်မတက်နိုင်သည့် အချိန်ဖြစ် သည်။ အကယ်ဒမီ ယူသည့် အခန်း ရိုက်ကူးရာ လှေကားတွင် ချော်လဲ သဖြင့် သုံးလေးခါ ပြန်လည်ရိုက် ကူးခဲ့ရသည်ဟု ကားရိုက်စဉ် အခက် အခဲများကို သူကပြန်ပြောပြသည်။

ချစ်ကံခေလွန်းသူ

ရယ်ရယ်မောမော စကား ပြောနေရာမှ သူမ၏ အချစ်နှင့် အိမ်ထောင်ရေး အကြောင်း စကား စလိုက်သည့် အခါ သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။

”အချစ်နဲ့ ပတ်သက်လာရင် ကံခေလွန်းပါတယ်။ အခုကျွန်မ မှာ သမီးလေးက လွဲပြီး မျှော်လင့် စရာ မေတ္တာ ဘယ်သူ့ဆီမှာ မှ မရှိ တော့ဘူး” ဟု တုံးတိပြောချကာ ဆေးစာရွက် များကို တစ်ရွက်ပြီး တစ်ရွက်ထပ်ရင်း မျက်ရည်များ ကျ လာပြန်သည်။

မိဘကံ မကောင်းသည့် အပြင် အိမ်ထောင်ရေး ကံပါ ခေရသည့် ကစ်ကစ် တစ်ဖြစ်လဲ မစုလတ်မာ သည် အချစ်က သူ့အတွက် စူးနစ် နာကျင်စေသည့် မြားတစ်စင်းသာ ဖြစ်စေခဲ့သည်ဟု မျက်စိမှိတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

၂ဝဝ၁ ခုနှစ်တွင်အိမ်ထောင် ကျခဲ့ပြီး ၂ဝဝ၂ ခုနှစ်တွင် သမီးဦး လေး မွေးဖွားခဲ့သည်။ ခင်ပွန်း ဖြစ်သူ၏ အိမ်ထောင်ရေး ဖောက် ပြန်မှုကြောင့် အိမ်ထောင်ကွဲခဲ့ရ သည်ဟု သူက ပြောသည်။

”အိမ်ထောင်ကျပြီး မကြာခင် လေးမှာပဲ အိမ်ထောင်ရေးဖောက် ပြန်မှုကြောင့် အိမ်ထောင်ကွဲသွား ခဲ့ကြပါတယ်။ ဒါပေမယ့် သမီးလေး မျက်နှာကြောင့် သူ့ကိုပြန်ပေါင်း သေးတယ်။ ဒါပေမယ့် ဘယ်လိုမှ မဖြစ်တော့တဲ့ အဆုံး အပြီးထွက် သွားတယ်။ ကွဲသွားပြီး ခြောက်နှစ် ကျော်မှာသူ ဆုံးသွားတယ်” ဟု သူက ကြေကွဲဟန်ဖြင့် ပြောသည်။ ဘဝ ဒဏ်ရာတွေ အများကြီး ကြုံခဲ့ရ သည့်သူမအဖို့ သေမလောက် ခံစား ချက်များကိုမျိုသိပ်ရင်း ပရိသတ်များ ပြုံးပျော်ရွှင်အောင်မျက်ရည်ကိုကွယ် ဝှက်ကာ အသုံးတော်ခံခဲ့သည်။

ဘဝဒဏ် ရိုက်ခတ်မှုကို သူမ ရင်ဆိုင်ဖြေရှင်းနည်းက တရားထိုင် ခြင်းဖြစ်ပြီး တစ်ခါတစ်ရံ အခန်းကို လုံအောင်ပိတ်ကာ သီချင်းအော်ဆို ခြင်းက သူမ၏ စိတ်ထွက်ပေါက် ဖြစ်သည်ဟု ဆိုသည်။

မေတ္တာဖျန်းလို့ လန်းခဲ့ပြီ

မေတ္တာစစ် မေတ္တာမှန်နှင့် တစ်ကြိမ် တစ်ခါလောက် ကြုံဖူးချင် သည်ဟု ဆိုသည့် မကစ်အတွက် ယခုတော့ ဆုတောင်းများ ပြည့်ခဲ့ပြီ ဖြစ်သည်။ ရောဂါဝေဒနာ ခံစားရင်း ခက်ခဲ ကျပ်တည်းနေချိန်တွင် အနု ပညာ မောင်နှမများ၏ ဖေးမမှုက အားဆေးတစ်ခွက် ဖြစ်လာခဲ့သည်။

”ကစ်ကစ် နေမကောင်းဘူး ကြားတော့ အနုပညာရှင်လုပ်ဖော် ကိုင်ဖက် တချို့က မေတ္တာပြလာ ရောက်ခဲ့တယ်။ ရွေးချယ်ရပ်တည် ခဲ့တဲ့ ဘဝတစ်ခုကနေ ရလာတဲ့ မေတ္တာပါ” ဟုသူမကမျက်ရည် ကျကာ ဆိုသည်။

ထိုမျက်ရည်က ဝမ်းနည်း သည့်မျက်ရည် မဖြစ်နိုင်သလို နာ ကျင်မှုကြောင့် ကျလာသည့် မျက် ရည် မဖြစ်နိုင်ပါ။ သူမတောင့်တ နေသည့် ဆန္ဒတစ်ခု ပြည့်ခဲ့သော ကြောင့် ကျလာသည့် ဝမ်းသာခြင်း မျက်ရည်ပင် ဖြစ်မည်။

စကားပြောနေရင်း ဆေးစာ ရွက်များကြားမှ စာရွက်အဝါ လေး တစ်ရွက်ကိုထုတ်ကာ ”ဒါက အနုပညာရှင် မောင်နှမတွေလာ လှူတဲ့စာရင်းပါ။ ကစ်ရောဂါကုလို့ ပျောက်ပြီး ငွေတွေပိုနေရင် ဆေး ပဒေသာပင်စိုက်ပြီး ကစ်ကစ်လိုပဲ မရှိဆင်းရဲသား ဆေးဖိုးလိုအပ် နေတဲ့သူတွေကို ပြန်လှူမှာပါ” ဟု သူကလေသံမြှင့်ကာ ပြောသည်။

သူမနှင့် တစ်မနက်တာပြောခဲ့ သမျှသည် အောင်မြင်မှု ချမ်းသာ ကြွယ်ဝမှုသည် မတည်မြဲ၊ တည်မြဲ သည်ကား ဘုရားပေတည်း။ တစ် ဦးပေါ်တစ်ဦး မေတ္တာ ထားခြင်း ချစ်ခြင်းသည်သာ အမွန်မြတ်ဆုံး ဟုပင်။

အချစ်က သူ့အတွက် စူးနစ်နာ ကျင်စေသည့် မြားတစ်စင်းသာဖြစ် စေခဲ့သည် မှန်သော်လည်း ယနေ့ ပရိသတ်များ၏ ချစ်ခြင်း၊ လုပ်ဖော် ကိုင်ဖက်များ၏ မေတ္တာ၊ သမီးလေး ၏ အေးမြသော ချစ်ခြင်းမေတ္တာက သူမ၏ကမ္ဘာကို ဆက်လက် လင်း လက်တောက်ပစေဦးမည်။

မိဘရင်ခွင်ငွေ့ကို ခိုလှုံခွင့်မရ သည့်အပြင် အိမ်ထောင်ရေးပါအ ကြောင်း မလှပခဲ့သော်လည်း သူမ ရေးသားနေသည့် ဘဝစာမျက်နှာ ကတော့ ဝမ်းနည်းသူများ ပျော်ရွှင် အောင်၊ ပင်ပန်းသူများလန်းဆန်း အောင်၊ ကြေကွဲသူများ ရယ်မော အောင် စွမ်းဆောင်ပေးနေသည့် စူပါဟာသ သရုပ်ဆောင်တစ်ဦး၏ ဘဝပင် ဖြစ်သည်။

ထူးထူးမေးမြန်းတင်ဆက်သည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*