ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေ ပြင်ဆင်ရေးဆွဲနေ

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေ ပြင်ဆင်ရေးဆွဲနေ
March 31, 2017 Asian Fame

12:05 pm
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေ ပြင်ဆင်ရေးဆွဲနေ

ဝေရှိုင်းကျော်
ရန်ကုန်၊ မတ် ၂၄

လက်ရှိ ကျင့်သုံးနေသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေကို ပြင်ဆင်ရေးဆွဲနေပြီး ဧပြီလအတွင်း အ တည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောသည်။

အဆိုပါဥပဒေသည် ပြစ်မှု ပြစ်ဒဏ်များအားနည်းနေခြင်းကြောင့် တိုးမြှင့်ထားကာ ပြင်ဆင် ဖြည့်စွက်ရေးဆွဲခြင်းဖြစ်ပြီး ဓာတုပစွည်းများ ထိန်းချုပ်သည့် အခန်းကဏ္ဍကိုပါ ဖြည့်စွက်ရေးဆွဲထား ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။ ”ဥပမာပြောရရင် ငွေဒဏ်ပေးထားတဲ့ နေရာမှာ ထောင်ဒဏ်သတ်မှတ်လိုက်တာမျိုး ပြောင်းလဲလိုက်တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ ဥပဒေကို ယခင် အစိုးရ လက်ထက် ၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး စက်မှုဝန်ကြီး ဌာနက ဦးဆောင်ရေး ဆွဲခဲ့သည်။

အဆိုပါဥပဒေတွင် အခန်း ၁၄ ခန်း ပါဝင်ပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် အရင်းအမြစ်များကို ထိ ခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်၊ ဓာ တုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းကို ခွင့်ပြုချက်ဖြင့် ဆောင်ရွက် ရာတွင် အန္တရာယ်ကင်းရှင်းစေရေးအ တွက် စနစ်တကျ ကြီးကြပ် ကွပ်ကဲရန် စသည့် ရည်ရွယ်ချက်များဖြင့် ရေးဆွဲခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ”ဒီဥပဒေကို ကျွန်တော်တို့ ထပ်ဖြည့် ရေးဆွဲတာ ဖြစ်ပါတယ်။ ဒါကို စက်မှုဝန် ကြီးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထွက်ရှိလာဖို့က သက်ဆိုင် ရာ အစိုးရ အပေါ်မှာလည်း မူတည်ပါ တယ်။ တစ်နိုင်ငံလုံး ထိန်းချုပ်ဖို့အတွက် က ဥပဒေက အရေးကြီးဆုံး ဖြစ်ပါ တယ်” ဟု ဦးဗအုပ်ခိုင်က ပြောသည်။ ဥပဒေထွက်လာပါက ဓာတုပစ္စည်း များ စည်းကမ်းမဲ့ထုတ်လုပ်မှု လျော့နည်း သွားနိုင်မည်ဟု မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း(ဗဟို)မှ အတွင်း ရေးမှူး ဦးဝင်းမြင့်က ပြောသည်။

”ဒါ့အပြင် အရေးယူဆောင်ရွက် နိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့လည်း လိုပါတယ်။ စားသုံးသူတွေက သိတာကိုပဲ စားမိသည် ဖြစ်စေ၊ မသိတာကိုပဲ စားသုံးမိတာဖြစ်စေ မစားမီကို ကြိုတင် ကာကွယ်ထားသင့် ပါတယ်”ဟု ၎င်းက ပြောသည်။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်မှတားဆီး ကာကွယ် ရေး ဥပဒေတွင် လိုင်စင်မရှိဘဲ ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းကို မလုပ်ရန်၊ မှတ်ပုံတင်ထားခြင်း မရှိသော အရည်အသွေး စံညွှန်းမမီ သော ဓာတုပစ္စည်း (သို့မဟုတ်) ဆက် စပ်ပစ္စည်းများကို ဓာတုပစ္စည်းဆိုင်ရာ လုပ်ငန်းတွင်သုံးစွဲ ခြင်းမပြုရန် တား မြစ်ထားပြီး ဖောက်ဖျက်ပါက ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*