နေပူချိန်ပြင်းတဲ့ရာသီမှာ စားတာ၊ သောက်တာကအစ ဆင်ခြင်ဖို့လိုတာပေါ့ … အချိုပြင်းသော၊ အငန်ပြင်းသော အစားအစာတွေကို ရှောင်ဖို့ … နောက်အတတ်နိုင်ဆုံး အရိပ်ရတဲ့နေရာတွေမှာ နေဖို့ … နေပူထဲမှာ အလုပ်လုပ်ရတဲ့သူတွေအနေနဲ့လည်း ချွေးဓာတ်ဆုံးရှုံးသွားတဲ့အတွက် အားကစားသမားတွေသောက်တဲ့ အချိုရည်တို့၊ ဓာတ်ဆားရည်တို့ကို သောက်ပေးဖို့လိုတာပေါ့ …

နေပူချိန်ပြင်းတဲ့ရာသီမှာ စားတာ၊ သောက်တာကအစ ဆင်ခြင်ဖို့လိုတာပေါ့ … အချိုပြင်းသော၊ အငန်ပြင်းသော အစားအစာတွေကို ရှောင်ဖို့ … နောက်အတတ်နိုင်ဆုံး အရိပ်ရတဲ့နေရာတွေမှာ နေဖို့ … နေပူထဲမှာ အလုပ်လုပ်ရတဲ့သူတွေအနေနဲ့လည်း ချွေးဓာတ်ဆုံးရှုံးသွားတဲ့အတွက် အားကစားသမားတွေသောက်တဲ့ အချိုရည်တို့၊ ဓာတ်ဆားရည်တို့ကို သောက်ပေးဖို့လိုတာပေါ့ …
March 31, 2017 Asian Fame

12:02 pm
နေပူချိန်ပြင်းတဲ့ရာသီမှာ စားတာ၊ သောက်တာကအစ ဆင်ခြင်ဖို့လိုတာပေါ့ … အချိုပြင်းသော၊ အငန်ပြင်းသော အစားအစာတွေကို ရှောင်ဖို့ … နောက်အတတ်နိုင်ဆုံး အရိပ်ရတဲ့နေရာတွေမှာ နေဖို့ … နေပူထဲမှာ အလုပ်လုပ်ရတဲ့သူတွေအနေနဲ့လည်း ချွေးဓာတ်ဆုံးရှုံးသွားတဲ့အတွက် အားကစားသမားတွေသောက်တဲ့ အချိုရည်တို့၊ ဓာတ်ဆားရည်တို့ကို သောက်ပေးဖို့လိုတာပေါ့ …

Dr Kyaw Swar Oo

မတ်လအတွင်း ရန်ကုန်အပါအဝင် မြို့ကြီးများ၏ အပူချိန်များဆက်တိုက်မြင့်တက်လာပြီး ပြည်သူများ အပူဒဏ်ကို သိသိသာသာခံစားလာရပြီဖြစ်သည်။ နေပြည်တော်နှင့် ရန်ကုန်မြို့၏အမြင့်ဆုံး အပူချိန်မှာ ၃၇ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၄ ဒီဂရီစင်တီဂရိတ်အထိ ရှိလာပြီဖြစ်သည်။ ထို့ပြင် တစ်ပြည်လုံးတွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းလွန်ကဲအဆင့်တွင် ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင်ဦးထွန်းလွင်က သတိပေး ထားသည်။ သို့ဖြစ်ရာ အပူဒဏ် နှင့်ပတ်သက်၍ ဖြစ်ပွားတတ်သောရောဂါများ၊ အပူချိန်မြင့်နေချိန်တွင် ဆောင်ရန်၊ ရှောင်ရန်များနှင့်ပတ်သက်၍ ရောင်ခြည် သစ် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

ရောင်ခြည်သစ်အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

အခုလို အပူချိန်မြင့်နေတဲ့ ရာသီ မှာ ဘယ်လိုရောဂါမျိုးတွေ အဖြစ် များလဲဆိုတာ အရင်ဆုံးသိပါရစေ ခင်ဗျ။

အဓိကတော့ ခြုံပြီးပြောရမယ် ဆိုရင်တော့လေ အပူရှပ်တာပေါ့ နော်။ အပူရှပ်တာကတော့ အပြင်းထန်ဆုံးအဆင့်ပေါ့။ နေပူတဲ့အခါ မှာ ချွေးတွေအရမ်းထွက်ပြီးတော့ လူတွေဟာပင်ပန်းနွမ်းနယ်တာပေါ့ လေ။ အဲဒီအချိန်မှာ အလုပ်မလုပ်ချင် မကိုင်ချင်ဖြစ်တာပေါ့။ ပူတဲ့ အခါမှာတော့ တစ်ခါတလေကျ တော့ မူးရင်း မိုက်ခနဲဖြစ်သွားတာမျိုးတွေဖြစ်တတ်တယ်။ ပြီးလို့ရှိရင် တစ်ခါတလေ အပူချိန် ပြင်းထန်တဲ့အတွက် ချွေးထွက် အရမ်းများတာပေါ့။ အဲဒီအခါကျရင်ြ<ွကက် တက်သလို ဖြစ်တတ်တာ။ြ<ွကက်သားတွေ နာကျင်တာတွေ ဖြစ် တတ်ပါတယ်။ တကယ်လို့ အဲဒီထက် ဆိုးလာပြီဆိုလို့ရှိရင် အပူတက်တာပေါ့။ အဲဒီလိုမျိုးတွေဖြစ် တတ်ပါတယ်။ ဒါကတော့ အသက် အန္တရာယ်ရှိတဲ့အထိ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ခရမ်းလွန်ရောင်ခြည် မြင့်တာကြောင့် အပူချိန်မြင့်တာပေါ့။ အပူချိန်မြင့် မားတဲ့အတွက် နေလောင်ဒဏ်ကြောင့် အနီစက်တွေထတာ ဖြစ်တတ်ပါတယ်။

အပူဒဏ်နဲ့ပတ်သက်ပြီး ဘယ်လိုအသက်အရွယ်ပိုင်းတွေ၊ ဘယ်လို လူတွေက ပိုပြီးဂရုစိုက်ဖို့ လိုပါသလဲ။

ဖြစ်နိုင်ခြေရှိတာကတော့ အ သက်အရွယ်တိုင်းပေါ့။ အထူးသ ဖြင့် အပူချိန် လွန်ကဲတဲ့အခါမှာ ချွေးအရမ်းထွက်တာပေါ့လေ။ ချွေးထွက်တဲ့အတွက် အရည်ဓာတ် ဆုံးရှုံးခြင်း လက္ခဏာတွေကတော့ လူကြီး လူငယ်မရွေး အသက်အ ရွယ်တိုင်းမှာ ခံစားရတတ်ပါတယ်။ အရည်ဓာတ်ဆုံးရှုံးခြင်း လက္ခဏာ ဆိုတာကတော့ ပင်ပန်းနုံးချည့်တာ တို့၊ တစ်ခါတလေမူးပြီးလဲတာတို့၊ တချို့ဆိုရင် တကယ့် တကယ် တအားဖြစ်လာရင် သတိလစ်တာတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုလူတွေက ပိုပြီး သတိထား ရမလဲဆိုလို့ရှိရင် အသက်ကြီးတဲ့သူ တို့၊ ကလေးတို့က ပိုပြီးခံစားရလွယ် တယ်လေ။ အဲဒီအထဲမှာမှ သွေးတိုး၊ ဆီးချိုရောဂါရှိတဲ့လူတွေက ပိုပြီးခံစားရနိုင်ပါတယ်။

အဲဒီလိုမျိုး ရောဂါတွေမဖြစ်အောင် ဘယ်လိုပုံစံမျိုး ပြုမူနေထိုင်သင့်ပါသလဲ။ ဆောင်ရန် ရှောင်ရန်လေး တွေကို ပြောပေးပါဦး ခင်ဗျ။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း အသိပေးနှိုး ဆော်ထားတယ်လေ။ သတင်းစာ မှာလည်းပါတယ်။ ပြည်သူလူထု အနေနဲ့လည်း အဲဒါတွေကို လက် လှမ်းမီသလောက် ဖတ်ပြီးတော့ လိုက်နာသင့်ပါတယ်။ အဓိက က တော့ နေပူထဲသွားရင် အချိန်မရွေး ပေါ့နော် အဆောင်းလေးတွေပါဖို့၊ ဦးထုပ်ပဲဖြစ်ဖြစ်၊ ထီးပဲဖြစ်ဖြစ်ပေါ့ နော်။ နောက် အလုပ်လုပ်နေရင်းနဲ့ ပုဆိုးလေး အုပ်ထားတာပဲဖြစ်ဖြစ်၊ ထီးလေး ဆောင်းထားတာပဲဖြစ်ဖြစ် ပေါ့။ အဲဒီလိုလေးတွေ လုပ်သင့်ပါ တယ်။ နောက်တစ်ခါ အပူဒဏ်ခံ နိုင်အောင်လို့ ချည်သားတွေဝတ်ဖို့၊ အင်္ကျီ လက်ရှည်တွေ ဝတ်ဖို့ပေါ့။ နောက် အပူဒဏ်ကိုကာကွယ်နိုင် အောင် မြန်မာ့ရိုးရာ သနပ်ခါးကို လိမ်းလို့ ရတာပေါ့။ မျက်နှာတွေ ဘာတွေကို အပူမရောက်တော့ဘူး ပေါ့။ နေပူထဲမှာ အလုပ်လုပ်ရတဲ့ သူတွေဟာလည်း ချွေးတွေ အရမ်း ထွက်တာကြောင့်မို့လို့ တတ်နိုင် ရင်တော့ အရိပ်မှာ လုပ်လိုက် နား လိုက်ပေါ့။ အဲဒီလိုလုပ်စေချင်ပါ တယ်။ ဒါမှလည်း နေပူသက်သာမှာ ပေါ့။ နောက်တစ်ခုကကျတော့ တတ်နိုင်လို့ရှိရင် နေကာမျက်မှန် တွေ ဘာတွေ တပ်သွားရမယ်လေ။ နောက်ကျွန်တော်တို့ ဖြစ်နေတာက တော့ အရမ်းကြီးပူတဲ့အချိန်မှာ Air con အခန်းထဲဝင်သွားတာတို့၊ Air con ခန်းထဲကနေ နေပူထဲကို ထွက်တာတို့ အဲဒီလိုလုပ်ရင် တစ်ခါတလေကျရင် အခန့်မသင့်လို့ မူးမော်တာတို့ ဖြစ်တတ်တာပေါ့လေ။ နေမကောင်းဖြစ်တတ်ပါတယ်။ ဆိုတော့ အဲဒီလိုမျိုးတွေ မဖြစ်အောင် အခန်းထဲကနေ အပြင်မထွက်ခင် နေရိပ်ထဲမှာ ခဏလောက် သုံးမိနစ် ငါးမိနစ်လောက် အနားယူတာတို့၊ အဲဒီလိုပဲ အပြင်ကနေ လာရင်လည်း အခန်းထဲမဝင်ခင် အနားယူတာတို့ လုပ်သင့်ပါတယ်။ နောက်တစ်ခုက နေပူထဲက ပြန်လာတဲ့အခါမှာ မျက်နှာသစ် တာတို့ ဘာတို့ ချက်ချင်းမလုပ်ဖို့ကို ဂရုစိုက်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းကလည်း လွန်ကဲအဆင့် ရောက်နေတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ ဘာတွေလုပ်သင့်ပါသလဲခင်ဗျ။

ခုနက ပြောသလိုပါပဲ။ မျက် နှာတွေ ဘာတွေမှာလည်း သနပ် ခါးလိမ်း၊ နောက် ဃမနော ပေါ့နော်။ နေရောင်ဒဏ် ကာကွယ်တဲ့ ဃမနော တွေကို လိမ်းဖို့လိုတာပေါ့။ အထူး သဖြင့် ဦးထုပ်ကို လျှာရှည်တဲ့ ဦး ထုပ်ကို ဆောင်းစေချင်တယ်။ ထီး တွေဆောင်းစေချင်ပါတယ်။ အဓိက နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း ခံရတဲ့ မျက်စိတို့၊ အသားတို့ကို ကာကွယ်ဖို့လိုတာပေါ့။

ဒီလို အပူချိန်ပြင်းတဲ့ရာသီမှာ အ ရက်သောက်တတ်တဲ့ သူတွေအနေနဲ့ကော ဘယ်လိုမျိုး ဆင်ခြင်သင့်ပါသလဲ။

အရမ်းအပူပြင်းတဲ့ အချိန်မှာတော့ မသောက်စေချင်ဘူးပေါ့ နော်။ အပန်းဖြေတဲ့အနေနဲ့ သောက်ရင်လည်း ညနေပိုင်းလောက်မှ သောက်စေချင်တယ်။ အပူပြင်းတဲ့ နေ့ခင်းဘက်တို့လို အချိန်တွေမှာသောက်ရင် အန္တရာယ် များပါတယ်။ မသောက်ရင်တော့ အကောင်းဆုံးပေါ့။

အခုက သင်္ကြန်နဲ့လည်းနီးလာပြီ ဆိုတော့ သင်္ကြန်ရေကစားမယ့်သူတွေအတွက် ဂရုပြုသင့်တာတွေ ပြောပြပေးပါဦး။

သင်္ကြန်မှာ အဓိကတော့ ရေ ပက်ခံထွက်တာတို့မှာ နေပူတော့ တစ်ခါတလေ ကိုယ်လက် ကိုက်ခဲတာ၊ နာကျင်တာ၊ ခေါင်းကိုက်တာ တို့ တချို့လည်းဖျားတာတို့၊ ချောင်း ဆိုးတာတို့ ဖြစ်တတ်တာပဲ။ အဲဒါ ကြောင့် အပူရှပ်ခြင်းမဖြစ်အောင် ဂရုစိုက်ဖို့တော့လိုပါတယ်။ ပြီး တော့ အရက်တွေ အလွန်အကျွံ မသောက်ဖို့ လိုတာပေါ့။ နောက်ပြီး တော့ မီးသတ်ပိုက်တွေ၊ ဖိအား များတဲ့ ပိုက်တွေနဲ့ ထိုးတဲ့အခါကျတော့ မျက်စိတွေ၊ နားတွေ ထိခိုက် မှုရှိ တတ်ပါတယ်။ အဲဒါတွေကို လည်း ဂရုစိုက်ဖို့ လိုတာပေါ့။ ရေ ပက်တဲ့ လူတွေကလည်း အဲဒါတွေ ကို တတ်နိုင်သလောက် မသုံးရင်တော့ ပိုကောင်းတာပေါ့လေ။ သူများတွေအတွက် အပြစ်ဖြစ်မှာ စိုးလို့ပါ။

အပူဒဏ်ကာကွယ်ရေးနဲ့ ပတ်သက် ပြီး ဒေါက်တာ့အနေနဲ့ ဖြည့်စွက် ပြောချင်တာရှိရင်လည်း ပြောပေးပါဦး ခင်ဗျ။

ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းကြေညာချက်တွေ၊ ဇာတ် လမ်းတွေကို ဖတ်သင့်တယ်၊ နားထောင်သင့်တယ်။ ကိုယ့်မိသားစု ဆွေမျိုးတွေကိုလည်း ဝေမျှသင့်ပါ တယ်။ ကိုယ်ကိုယ်တိုင်ကလည်း လိုက်နာဖို့လိုတာပေါ့လေ။ ကျန်း မာရေးဗဟုသုတတွေ အမြဲတမ်း ရှိထားတာကတော့ အကောင်း ဆုံးဖြစ်ပါတယ်။ ဘာပဲပြောပြော ဒီလို နေပူချိန်ပြင်းတဲ့ရာသီမှာ စား တာ သောက်တာကအစ ဆင်ခြင် ဖို့လိုတာပေါ့နော်။ အချိုပြင်းသော၊ အငန်ပြင်းသော အစားအစာတွေကို ရှောင်ဖို့၊ နောက်အတတ်နိုင်ဆုံး အရိပ်ရတဲ့နေရာတွေမှာ နေဖို့ပေါ့။ နေပူထဲမှာ အလုပ်လုပ်ရတဲ့သူတွေ အနေနဲ့လည်း ချွေးဓာတ် ဆုံးရှုံး သွားတဲ့အတွက် အားကစားသမား တွေ သောက်တဲ့ အချိုရည်တို့၊ ဓာတ်ဆားရည်တို့ကို သောက်ပေး ဖို့ လိုတာပေါ့။

လင်းဟိန်း မေးမြန်းသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*