ချင်းပြည်နယ်တွင် ရှုမျှော်ခင်းကြည့်ရန် အကြီးဆုံးမျှော်စင်တစ်ခု တည်ဆောက်မည်

ချင်းပြည်နယ်တွင် ရှုမျှော်ခင်းကြည့်ရန် အကြီးဆုံးမျှော်စင်တစ်ခု တည်ဆောက်မည်
March 24, 2017 Asian Fame

11:08 am
ချင်းပြည်နယ်တွင် ရှုမျှော်ခင်းကြည့်ရန် အကြီးဆုံးမျှော်စင်တစ်ခု တည်ဆောက်မည်

Chin

ဝေရှိုင်းကျော်
ရန်ကုန်၊ မတ် ၁၇

ဟားခါးမြို့ ၏ ရှုခင်းအလှကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် မျှော်စင်တစ်ခုကို ဧပြီလအတွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထလာဟရဲက ပြောသည်။

အဆိုပါ မျှော်စင်တည် ဆောက်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းပြီး တင်ဒါခေါ်ယူရန် စီစဉ်နေကာ ယခုနှစ်အတွင်း အကောင်ထည် ဖော်နိုင်ရန် ဆောင် ရွက်သွားမည်ဟု ၎င်းကပြောသည်။ ဟားခါးမြို့အဝင်ဝရှိ ဂန့်ဂေါ လမ်းဘေး ရှုခင်းသာနေရာတွင် မျှော်စင်တည်ဆောက်သွားရန် ရွေးချယ်ထားပြီး မျှော်စင်အမြင့်ပေ ၃၆ ပေ၊ အကျယ်အဝန်း ၁၈ ပေ ဝန်းကျင်တည်ဆောက်ရန် စီစဉ်ထားကာ ကုန်ကျစရိတ် ကျပ်သိန်း ၇ဝဝ ဝန်းကျင်ခန့်ရှိမည်ဟုခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

”အဓိက ချင်းပြည်နယ်ရဲ့ ရှုခင်းအလှတွေကို ခံစားရမှာဖြစ်တယ်။ နောက်ပြီးတော့ မျှော်စင်ကနေ ဖလမ်း၊ တီးတိန်၊ ဟားခါးမြို့ စတဲ့နေရာတွေပါ လှမ်းမြင်ရမှာ ဖြစ်တယ်၊ ဟားခါးမြို့ရဲ့ရှုခင်းတွေ ကို ပြည်တွင်းပြည်ပဧည့်တွေလည်းသဘောကျကြမှာပါ” ဟု ၎င်းက ပြောသည်။ ထို့အပြင် ရှုခင်းသာ မျှော်စင်တွင် ဆိုင်ခန်းများ၊ အပန်းဖြေအ နားယူနိုင်မည့်နေရာများ၊ ချင်းလူမျိုးတို့၏ ရိုးရာတူရိယာများ၊ ရိုးရာယဉ် ကျေးမှုဝတ်စုံများနှင့် စားသောက်ဆိုင်များပါ ထားရှိနိုင်အောင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ အထင်ကရပုဂ္ဂိုလ်များ၏ အဝတ်အစားများ၊ ကိုယ်ရေးရာဇဝင်များ၊ ဗီနိုင်းများ ချိတ်ဆွဲထားခြင်း၊ သမိုင်းကြောင်းများနှင့် အတ္ထုပ္ပတ္တိ စာအုပ်များ ရောင်းချပေးခြင်း များကိုပါ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။ အဆိုပါ ရှုခင်းသာမျှော်စင် ဖွင့်လှစ်ပြီးစီးပါက သန့်ရှင်းရေး နှင့် လုံခြုံရေးများထားရှိဆောင်ရွက် နိုင်ရေးအတွက် ဝင်ကြေးကောက်ခံသွားရန် စီစဉ်ထားကြောင်း ဦးထလာဟရဲက ပြောသည်။ယခု တည်ဆောက်မည့် ရှုခင်းသာ မျှော်စင်သည် ချင်းပြည် နယ်၌ ပထမဆုံးတည်ဆောက်ခြင်းဖြစ်ပြီး ပြည်နယ်တစ်ခုလုံးတွင် အကြီးဆုံးမျှော်စင်အဖြစ် မျှော် မှန်းထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*