အဂါရဝဖြစ်စေသည့် အပြုအမူများကို တားမြစ်ရန် ပုဂံတွင် လုံခြုံရေးဝန်ထမ်း တိုးသင့်

အဂါရဝဖြစ်စေသည့် အပြုအမူများကို တားမြစ်ရန် ပုဂံတွင် လုံခြုံရေးဝန်ထမ်း တိုးသင့်
March 24, 2017 Asian Fame

11:05 am
အဂါရဝဖြစ်စေသည့် အပြုအမူများကို တားမြစ်ရန် ပုဂံတွင် လုံခြုံရေးဝန်ထမ်း တိုးသင့်

bagan

မေဇင်ဝင်း
ရန်ကုန်၊ မတ် ၁၇

ပုဂံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည်အချို့သည် စေတီများပေါ် ဖိနပ်စီးတက်ခြင်း၊ အရက်သေစာ သောက်စားခြင်း စသည့် အဂါရဝဖြစ်စေသည့် အ ပြုအမူများ လုပ်ဆောင်လာကြ သဖြင့် လုံခြုံရေးဆိုင်ရာ ဝန်ထမ်း အင်အား တိုးမြှင့်သင့်ကြောင်း ပုဂံ အခြေစိုက် ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ပြောသည်။ မတ်လ ဒုတိယပတ်အတွင်း ရွှေဆံတော်စေတီပေါ်သို့ ဖိနပ် စီး၍ တက်သည့် ပြည်ပဧည့်သည် အချို့၏ပုံများ လူမှုကွန်ရက်စာ မျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ သို့ဖြစ်ရာ ထိုသို့သောကိစ္စများအတွက် အဓိက တာဝန်ရှိသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ရဲတပ်ဖွဲ့နှင့် ရှေးဟောင်းသုတေသနမှ လုံခြုံရေးဝန်ထမ်းများ အင်အား တိုးမြှင့်ချထားပေး သင့်ကြောင်း ၎င်းက အကြံပြုသည်။

”ဧည့်လမ်းညွှန်တို့၊ ကားဆရာတို့ကတော့ အဲဒါမျိုးတွေ လုပ်တာတွေ့ရင် ပြောမှာပဲ။ ရှေး ဟောင်းသုတေသနက လုံခြုံရေး ဝန်ထမ်းတွေ အများကြီး ခန့်ရ မယ်။ဝင်ကြေးတွေ ကောက်နေတာပဲ။ ဘဏ္ဍာငွေ မလုံလောက် ရင် တောင်းပြီးတော့ လုံခြုံရေး ဝန်ထမ်းထပ်တိုးဖို့ လုပ်သင့်တယ်” ဟု ၎င်းကပြောသည်။

ရွှေဆံတော်စေတီပေါ်သို့ ဖိနပ်စီး၍ တက်သည့်ဧည့်သည်များနှင့်ပတ်သက်၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြား ရေးမှူး ဦးအောင်ကျော်ကျော်က ထိုသို့ အဂါရဝဖြစ်စေသည့် ကိစ္စ များကို ထိန်းသိမ်းကြီးကြပ်ရန် ရွှေဆံတော် စေတီဂေါပကအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ ကြောင့် ဂေါပကအဖွဲ့က ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

”ရွှေဆံတော်စေတီ စီမံခန့်ခွဲ ရေး ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဂေါပကအဖွဲ့ဖွဲ့တယ်။ အရင် လကပဲဖွဲ့လိုက်တာပါ။ အဲဒါကြောင့် ဂေါပကတွေက စည်းကမ်းပိုင်းကို လုပ်ဆောင်သွားမယ်။ ဂေါပကအဖွဲ့ ဖွဲ့စည်းလိုက်တော့ ကျွန်တော်တို့လည်းတခြား လူသူအရောက်အပေါက်နည်းတဲ့ စေတီပုထိုးတွေကို ပိုပြီးလုံခြုံရေး ဂရုစိုက်နိုင်တာပေါ့” ဟု ၎င်းက ပြောသည်။ ပုဂံသို့ လာရောက်သော ပြည်ပဧည့်အချို့သည် စေတီများပေါ်တွင်ကခုန်ခြင်း၊ အရက်သေ စာသောက်စားခြင်း၊ ဖိနပ်စီး၍ တက်ခြင်းများ ရှိခဲ့သဖြင့် ရှေး ဟောင်းသုတေသနနှင့် အမျိုး သား ပြတိုက်ဦးစီးဌာနက သတိ ပေးတားမြစ်ခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။

Photo -Michael Riyo

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*