”လုပ်ပုံကိုင်ပုံတွေက ကျေနပ်စရာ သိပ်မရှိပါဘူး။ ဘာမှမလုပ်ဘူးလို့တော့ မပြောပါဘူး။ ဒါပေမယ့် ပြောစရာတွေက ရှိနေတယ် …”

”လုပ်ပုံကိုင်ပုံတွေက ကျေနပ်စရာ သိပ်မရှိပါဘူး။ ဘာမှမလုပ်ဘူးလို့တော့ မပြောပါဘူး။ ဒါပေမယ့် ပြောစရာတွေက ရှိနေတယ် …”
March 24, 2017 Asian Fame

11:49 am
”လုပ်ပုံကိုင်ပုံတွေက ကျေနပ်စရာ သိပ်မရှိပါဘူး။ ဘာမှမလုပ်ဘူးလို့တော့ မပြောပါဘူး။ ဒါပေမယ့် ပြောစရာတွေက ရှိနေတယ် …”

U Aung Naing Interview

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့၏ တစ်နှစ်တာသက်တမ်းအတွင်း ဆောင်ရွက်မှုများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်း၍ အပတ်စဉ်တင်ဆက်လာခဲ့ရာ၊ ယခုအပတ်တွင်မတော့ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကယားပြည်နယ် မယ်စဲမြို့ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့ နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်တို့နှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်းများကို တင်ပြထားပါသည်။

ကယားပြည်နယ် မယ်စဲမြို့ မဲဆန္ဒ နယ်အမှတ် (၁) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး နှင့် တွေ့ဆုံမေးမြန်းခြင်း

သက်တမ်းအားဖြင့် တစ်နှစ်ပြည့် မြောက်သွားပြီဖြစ်တဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်ရဲ့ ဆောင်ရွက်မှုအနေအထားနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဘာများ ပြောချင်ပါသလဲခင်ဗျ။

အားရကျေနပ်မှု ရှိတဲ့ အပိုင်းတွေ ရှိသလို၊ အားမရတဲ့အပိုင်းတွေလည်း ရှိတယ်လို့ ပြောပါရစေ။ တစ်နှစ်သက်တမ်းရှိတဲ့ ဒုတိယအ ကြိမ် ကယားပြည်နယ်လွှတ်တော် ဟာ ကုန်လွန်ခဲ့တဲ့ သက်တမ်းတစ် နှစ်အတွင်းမှာ ဘာဥပဒေမှ မပြဋ္ဌာန်း နိုင်ခဲ့ပါဘူး။ အဲဒီသက်တမ်းအတွင်း မှာ လွှတ်တော်က စည်ပင်ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့အတွက် ဆွေးနွေးမှု တွေ၊ ပြင်ဆင်မှုတွေသာ လုပ်နိုင်ခဲ့ပါတယ်။ ဒါကလည်း လွှတ်တော် ကိုယ်စားလှယ် အရေအတွက်နည်း ပါးတဲ့ ပြည်နယ်လွှတ်တော် ဖြစ်နေ တာကြောင့်ပါ။ လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရတစ်ဖွဲ့လုံးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် အားလုံးပေါင်း မှ အယောက် ၂ဝ ပဲရှိပါတယ်။ ရှိ တဲ့ အင်အားနဲ့ လုပ်နေရတဲ့အတွက် ဥပဒေတွေကို အများကြီး မပြဋ္ဌာန်း နိုင်ခဲ့ဘူး။ ပြင်ဆင်တာလောက်ပဲ လုပ်နိုင်ခဲ့တယ်။ ဒါ့ကြောင့် အားရမှု မရှိဘူးလို့ ပြောချင်တယ်။ အားရမှု ရှိတဲ့အပိုင်းတွေလည်း ရှိပါတယ်။ အဲဒါကတော့ အစိုးရကို လွှတ်တော် က ထိန်းကျောင်းနိုင်ခဲ့တယ်။ ပြီးတော့ ပြည်သူ့လိုအပ်ချက်တွေကို လည်း တောင်းဆိုနိုင်ခဲ့တယ်။ လွှတ် တော်ကိုယ်စားလှယ် နည်းနည်းလေး ရှိတဲ့ပြည်နယ်က ရှေ့လာမယ့်လွှတ်တော်အစည်းအဝေးတွေကျရင် စည်ပင်ဥပဒေကိုလည်း ပြဋ္ဌာန်းနိုင် တော့မယ်။ ဒါတွေကတော့ အားရတဲ့အပိုင်းတွေပါပဲ။

လွှတ်တော်မှာ မေးခွန်းတွေလာဖြေတဲ့ ဝန်ကြီးတွေရဲ့ အဖြေစကား နဲ့ပတ်သက်ပြီးတော့ရော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်က ဘယ်လိုတွေ ရှိနေလဲ။

အဲဒီကိစ္စကို ပြောရမယ်ဆိုရင် အားမနာတမ်း ပြောရမယ်။ မေး ခွန်းမေးတာကတခြား၊ ဖြေတာက တခြားဖြစ်နေတယ်။ အောက်ခြေဝန်ထမ်းတွေ ရေးပေးသမျှကို လာ ဖြေတဲ့ ဝန်ကြီးရှိသလို၊ ကိုယ်တိုင် ကိုယ်ကျကွင်းဆင်းပြီး လာဖြေတဲ့ ဝန်ကြီးလည်းရှိနေပြန်တယ်။ ကွင်း ဆင်းတဲ့အဲဒီလိုဝန်ကြီးမျိုးကိုတော့ ကြိုဆိုရမှာပေါ့။ အထူးသဖြင့် စည် ပင်ဝန်ကြီးပါပဲ။ အောက်ခြေက ပြောသမျှကို သူနားမထောင်ဘူး။ ကိုယ်တိုင်ဆင်းစစ်တယ်။ အဲဒီ အဖြေစကားတွေကို လာဖြေတယ်။ ဒါကိုတော့ ကြိုဆိုတယ်။

ပြည်နယ်အစိုးရနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးချင်ပါတယ်။ ပြည်နယ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံကို ကျေနပ်ပါသလား။ အပြောင်းအလဲ တွေ ဖော်ဆောင်နိုင်တဲ့ အစိုးရတစ် ရပ်လို့ မှတ်ချက်ပြုပေးနိုင်သလား။

လုပ်ပုံကိုင်ပုံတွေက ကျေနပ် စရာ သိပ်မရှိပါဘူး။ ဘာမှ မလုပ် ဘူးလို့တော့ မပြောပါဘူး။ ဒါပေ မယ့် ပြောစရာတွေက ရှိနေတယ်။သူတို့နဲ့ သက်ဆိုင်တဲ့၊ ဥပမာ- အ ဆောက်အအုံတွေ စစ်ဆေးတဲ့ကိစ္စ ကို ပြောပါမယ်။ အောက်ခြေစချတဲ့ အချိန်ကတည်းက စစ်ရမှာဗျ။ ဒါမှ အဆင်ပြေမှာပေါ့။ အခုတော့ တစ် ဝက်တစ်ပျက်လောက်မှာ သွားစစ်။ ဒီအခါကျရင် ကောင်းမကောင်း သူတို့ဘယ်လိုဆုံးဖြတ်မလဲ။ လွှတ် တော်ဘက်ကတော့ ဒီလိုမဟုတ်ဘူး။ သေချာစစ်တယ်။ အမှန်ဆို အစိုးရက အဲဒီလိုစစ်ရမှာ။ နောက်တစ်ခုလမ်းတွေပေါ့ဗျာ။ ဒါလည်း အဲဒီအတိုင်းပဲဗျ။ ထုကို ဖောက်စစ်ရမှာ။ လုပ်ပုံကိုင်ပုံတွေကို အားမရပါဘူးဗျာ။

ကယားပြည်နယ်လွှတ်တော်က ဖွဲ့ စည်းပေးထားတဲ့ ရေးရာကော်မတီ တွေရဲ့ အလုပ်လုပ်ပုံဟာ စစ်စစ်စီစီ ရှိတယ်လို့ လုပ်ငန်းရှင်အချို့ရဲ့ ညည်းတွားမှုကို ကြားနေရပါတယ်။

ကျွန်တော်တို့ကို လွှတ်တော် က တာဝန်ပေးတယ်။ အဲဒီတာဝန် တွေအတိုင်း ကျွန်တော်တို့ ဆောင် ရွက်တယ်။ အစိုးရနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို စစ်ဆေးတယ်။ ရလဒ်က ခုအစိုးရနဲ့ အရင်အစိုးရ ဘာမှမဆိုင်ဘူး။ အခုအစိုးရရဲ့ လက်ထက် စီမံကိန်းတွေဟာ စနစ် တကျရှိနေတယ်။ ခိုလို့မရဘူး၊ ကပ် လို့မရဘူး။ စံချိန်စံညွှန်းနဲ့ အမီလုပ် နိုင်တယ်။ အဲဒီလို လုပ်နိုင်အောင် လည်း ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက အားမနာဘူး။ ဒါဟာ ပြည်သူ့ငွေကို စီစီစစ်စစ် လုပ်နေတယ်။ ကိုယ်ကျိုးအတွက် လုပ်နေတာမဟုတ်ဘူး။ ပြီးတော့ အစိုးရကို ဘောင်ကျော်တာလည်း မဟုတ်ဘူး။ သို့သော် ပြည်နယ် အစိုးရဘက်ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘောင် ကျော်တယ်လို့တော့ မြင်ကြတယ်။ ကျွန်တော်တို့ဟာ ပြည်သူအတွက် လုပ်နေတာပဲ ဖြစ်တယ်။

ကယားပြည်နယ် အစိုးရရဲ့ လုပ်ပုံ ကိုင်ပုံတွေကို ဘာလို့ သဘောမကျ တာလဲဗျ။

ကျွန်တော်က မယ်စဲမဲဆန္ဒနယ် အမှတ်(၁)က လွှတ်တော် ကိုယ် စားလှယ်ပါ။ အမှတ်(၂)ကတော့ ဝန်ကြီးချုပ်ဖြစ်သွားပါတယ်။ ပြီး တော့ ကျွန်တော်ဟာ NLD အဖွဲ့ ဝင်ပါ။ သူလည်း NLD ပါပဲ။ အခု လွှတ်တော်ရော၊ အစိုးရရော NLD ပါပဲ။ ဒီတော့ ကိုယ့်အစိုးရ ကိုယ်ကောင်းချင်တာပေါ့။ ဘယ်သူမှ အပြစ်ပြောတာမှ မကြိုက်ဘူး။ သို့ သော်လည်းပဲ အရှိအရှိတရား အတိုင်းတော့ ပြောရမယ်။ ပြည်နယ်အစိုးရဟာ ကိုယ်ဘာတွေလုပ် နေသလဲဆိုတာ ကိုယ့်ပြည်သူကို အသိပေးရမယ်။ မူဝါဒတွေ ချပြရမယ်။ ပြည်သူ့အသံအစစ် ကိုလည်း နားထောင်ရမယ်။ ဌာနဆိုင်ရာ ပြောသမျှကိုပဲ နားထောင်ပေးရမှာ မဟုတ်ဘူး။

ကျွန်တော်တို့ ဒီလိုပြောလို့ ဌာနဆိုင်ရာတွေကို ကန့်လန့်တိုက် နေတာမဟုတ်ဘူး။ အမှား၊ အမှန်ကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ပေါ့။ ကျွန်တော်တို့ပြည်နယ်မှာ ပြောင်းလဲ တာဆိုလို့ လွိုင်ကော်နဲ့ ထိုင်းက မယ်ဟောင်ဆောင်နဲ့ ညီအစ်မ မြို့တော်အဖြစ် လုပ်နိုင်တာ တစ်ခုပဲ ရှိတယ်။ ကျန်တာ ကြီးကြီးမားမား ဘာမှမရှိဘူး။ နောက်တစ်ခုက’သစ်’ ကိစ္စ။ ဒေသခံတွေကို နှိပ်ကွပ်ဖို့ လောက်လုပ်နေတယ်။ ဒေသသုံး သစ်တွေကို ခွင့်ပြုဖို့ သူတို့ မလုပ်ပေးနိုင်ဘူး။ ဥပမာဗျာ ဖားဆောင်း နဲ့ဘော်လခဲမှာ စာသင်ကျောင်းတွေ ဆောက်နေတယ်။ သစ်လိုတယ် လေဗျာ။ အဲဒါကို ခွင့်ပြုချက် မပေးဘူး။ အဲဒါဆို ဘယ်ကသစ်တွေသုံး မလဲ။ နောက်ဆုံး အဲဒီမှောင်ခိုဘက်ကိုပဲ လှည့်သွားကြတာပဲ။ သစ်အလုံးလိုက်ထွက်နေတာကျ တော့ မတားဆီးနိုင်ဘူး။ ဒေသသုံးနဲ့ လုပ်ငန်းသုံးကိုတော့ စစ်ဆေး လိုက်တာဗျာ။ ကြပ်ကြပ်မတ်မတ်ပဲ။ ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းတွေမေးဦးမှာ။

ဟုတ်ကဲ့ခင်ဗျာ။ ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။

ကျွန်တော်တို့ ပြည်နယ်မှာ ခု ဆိုရင်လမ်းတွေတော်တော် ကောင်း သွားပါပြီ။ တံတားတွေလည်း တော်တော်ကောင်းလာပါပြီ။ ဒါ့ ကြောင့် ကျွန်တော်တို့ရဲ့ ထုတ်ကုန် တွေကို ပြည်ပကိုပို့နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ သဘာဝတွင်းထွက် သတ္တု တွေရှိပါတယ်။ ဒါတွေကိုလည်း အကျိုးရှိစွာ အသုံးချနိုင်အောင် လုပ်ပေးရပါမယ်။ နောက်တစ်ခုက ခရီးသွားလုပ်ငန်းပါ။ ခုလည်း လုပ်နေပါတယ်။ ဒါကို ပိုတိုးချဲ့ရမယ်။ နောက်ပြီး ကျွန်တော်တို့ဆီမှာ ဂူတွေပေါတယ်။ ဒါတွေကို ဖော် ဆောင်ပြီး ခရီးသွားလုပ်ငန်း တိုး တက်ဖို့ လုပ်ရပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်တို့ပြည်နယ်ဟာ တော် တော်လေးကို တိုးတက်သွားပါပြီ။ ဒါတွေကိုလုပ်ဖို့ အစိုးရမှာ အပြည့် အဝ တာဝန်ရှိပါတယ်။ ပြီးတော့ လွှတ်တော်ကလည်း တာဝန်မကင်းပါဘူး။ သူကလည်း ထောက်ပြပေးဖို့ တိုက်တွန်းဖို့ တာဝန်ရှိတယ်လို့ မြင် ပါတယ်။

ဟုတ်ကဲ့။ အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ပေါ်ပြူလာနယူးစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*