”လက်တွဲလိုတဲ့ဌာနဆိုင်ရာတွေ ရှိသလို၊ လက်မတွဲလိုတဲ့ ဝန်ထမ်းတွေလည်း ရှိတယ်။ ဒီအတိုင်းပဲ အေးအေးနေချင်တဲ့ ဝန်ထမ်းတွေလည်းရှိတယ်။ ဒီတော့ကာ အားရ ကျေနပ်မှု ရှိမရှိဆိုတာက ခုချိန်မှာ ဒါတွေပြောဖို့ စောနေပါသေးတယ်”

”လက်တွဲလိုတဲ့ဌာနဆိုင်ရာတွေ ရှိသလို၊ လက်မတွဲလိုတဲ့ ဝန်ထမ်းတွေလည်း ရှိတယ်။ ဒီအတိုင်းပဲ အေးအေးနေချင်တဲ့ ဝန်ထမ်းတွေလည်းရှိတယ်။ ဒီတော့ကာ အားရ ကျေနပ်မှု ရှိမရှိဆိုတာက ခုချိန်မှာ ဒါတွေပြောဖို့ စောနေပါသေးတယ်”
March 24, 2017 Asian Fame

11:58 am
”လက်တွဲလိုတဲ့ဌာနဆိုင်ရာတွေ ရှိသလို၊ လက်မတွဲလိုတဲ့ ဝန်ထမ်းတွေလည်း ရှိတယ်။ ဒီအတိုင်းပဲ အေးအေးနေချင်တဲ့ ဝန်ထမ်းတွေလည်းရှိတယ်။ ဒီတော့ကာ အားရ ကျေနပ်မှု ရှိမရှိဆိုတာက ခုချိန်မှာ ဒါတွေပြောဖို့ စောနေပါသေးတယ်”

U Zaw Maung

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့၏ တစ်နှစ်တာသက်တမ်းအတွင်း ဆောင်ရွက်မှုများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်း၍ အပတ်စဉ်တင်ဆက်လာခဲ့ရာ၊ ယခုအပတ်တွင်မတော့ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကယားပြည်နယ် မယ်စဲမြို့ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့ နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်တို့နှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်းများကို တင်ပြထားပါသည်။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့ နယ် မဲဆန္ဒနယ် အမှတ် (၂)

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင် နှင့် တွေ့ဆုံမေးမြန်းခြင်း

၎င်းသည် တိုင်းလွှတ်တော် ပြည်သူ့ရေးရာကော်မတီ၏ ဥက္ကဋ္ဌတာဝန် ယူထားသူဖြစ်သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ် တော်က ဥပဒေနဲ့ပတ်သက်ပြီး ဘာတွေလုပ်နိုင်ပြီးပြီလဲခင်ဗျ။

စည်ပင်ဥပဒေထဲက အရေးကြီး တဲ့ ပုဒ်မ ၆ ခုကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်ပေးနိုင်ခဲ့တာကြောင့် လူထုတင်မြှောက်ကြတဲ့ စည်ပင်ရွေးကောက်ပွဲတွေ ကျင်းပ နိုင်ခဲ့တာပါ။ ဥပဒေနဲ့ ပတ်သက်ပြီး တော့ အဲဒီတစ်ခုကိုပဲ လုပ်နိုင်ခဲ့ပါ တယ်။ ဒီကာလတွေထဲမှာတော့ မြို့တော်စည်ပင်သာယာဥပဒေကို ပြင် ဆင်နိုင်ဖို့အတွက် လွှတ်တော်က ထဲထဲဝင်ဝင် လေ့လာနေတယ်။ နယ် စည်ပင် ဥပဒေတွေကိုလည်း ပြင် ဆင်ပြဋ္ဌာန်းနိုင်အောင် လေ့လာမှုတွေလည်း လုပ်နေပါတယ်။ ဥပဒေပိုင်း ဆိုင်ရာကတော့ ဒီလောက်ပါပဲ။ နောက်လွှတ်တော်ရဲ့ အလုပ်ဖြစ်တဲ့ ပြည်သူ့ရဲ့ တိုင်ကြားစာလက်ခံတဲ့ အလုပ်။ ဒါတွေကိုလည်း လွှတ် တော်က ပီပီပြင်ပြင်ဆောင်ရွက်နေ ပါတယ်။ အလေးအနက်ထား လက် ခံပြီး၊ အလေးအနက် ပြန်ကြားပေးတယ်။ တွေ့ရှိချက်တွေ၊ ဆောင်ရွက်သင့်တာတွေကိုလည်း အစိုးရအဖွဲ့ ကို လိပ်မူပေးပို့ပါတယ်။ ဒါကတော့ လွှတ်တော်ရဲ့ ပူးပေါင်းပါဝင်မှု အ ခန်းကဏ္ဍပါပဲ။ နောက်တစ်ခု။ အ ရင်အစိုးရ ကုန်ဆုံးခါနီးအချိန်မှာ မြေကွက်တွေ ချထားပေးခဲ့တာတွေ လုပ်ခဲ့ပါတယ်။ ဒါတွေကို လွှတ် တော်က စိစစ်ပါတယ်။ တွေ့ရှိချက် တွေကို အစိုးရဆီ တင်ပြထားပါ တယ်။ ပြီးတော့ ဒေသဖွံ့ဖြိုးရေးအ လုပ်တွေ ဒါတွေကိုလည်း လွှတ် တော်က လုပ်ပေးခဲ့ပါသေးတယ်။ ကျွန်တော် ပြောခဲ့တာတွေက အ ကျဉ်းချုပ်ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။ များပြားတဲ့ဆောင်ရွက် ချက်တွေလည်း ကျန်ပါသေးတယ်။

လွှတ်တော်ထဲ လာဖြေတဲ့ တိုင်းဝန် ကြီးတွေရဲ့ အဖြေစကားတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် တွေ အားရကျေနပ်မှု ရှိပါသလား။

အဲဒါကတော့ ကျွန်တော်တို့ ခုသွားနေတဲ့ နိုင်ငံရေးလမ်းကြောင်း နဲ့ ချိန်ထိုးပြီးပြောရရင် ကျွန်တော် တို့က ပူးပေါင်းဆောင်ရွက်မှုကို အ လေးထားတယ်။ ဥပမာဗျာ။ ပြင် ဦးလွင်က သစ်တောကိစ္စနဲ့ ပတ်သက် ပြီး လွှတ်တော်က စိစစ်ဖို့ အစိုးရက တိုက်တွန်းတယ်။ ဝန်ကြီးချုပ်ကြီး ကလည်း လွှတ်တော်ကိုယ်စားလှယ် တွေ ပူးပေါင်းပါဝင်ပေးပါလို့ တောင်း ဆိုနေတယ်။ ဒီအချိန်မှာ လူထုယုံ ကြည်မှုက လွှတ်တော်ကိုယ်စား လှယ်တွေ ဆီမှာ ရှိနေကြတာပေါ့။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ် တွေလည်း ပါဝင်ကူညီလိုက်ရတယ်။ ကျွန်တော် ပြောချင်တာက အား နည်းချက်၊ အားသာချက်တွေက တော့ နေရာတိုင်းမှာ ရှိတာပဲ။ ဒီ လိုပဲ လက်တွဲလိုတဲ့ဌာနဆိုင်ရာတွေ ရှိသလို၊ လက်မတွဲလိုတဲ့ ဝန်ထမ်း တွေလည်း ရှိတယ်။ ဒီအတိုင်းပဲ အေးအေးနေချင်တဲ့ ဝန်ထမ်းတွေ လည်းရှိတယ်။ ဒီတော့ကာ အားရ ကျေနပ်မှု ရှိ မရှိဆိုတာက ခုချိန်မှာ ဒါတွေပြောဖို့ စောနေပါသေးတယ်။

မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ တစ်နှစ် တာဆောင်ရွက်ချက်အပေါ် အားရကျေနပ်မှု ရှိနေတဲ့သဘောလား။

အရင်တုန်းက မရှိခဲ့တဲ့၊ အရင် တုန်းက မတွေ့ခဲ့ရဖူးတဲ့ဖြစ်ရပ်တွေ မန္တလေးတိုင်းအတွင်း ရှိလာတာ တွေ့ရပါတယ်။ အဲဒါက ဘတ်ဂျက် တွေ ပိုလာတာပဲဗျ။ စစ်စစ်စီစီသုံး ကြတယ်။ ဘတ်ဂျက်အဟောင်းက ငွေတွေနော်။ ဒါတွေကို ခုဆိုရင် ကျေးရွာတွေမှာ ကျောင်းတွေ ပြန် ဆောက်တယ်၊ လိုအပ်တဲ့ အဆောက် အအုံတွေ ပြန်ချပေးတယ်။ အရင် တုန်းက ဒါမျိုးဆိုတာ မရှိခဲ့ဘူးဗျ။ ချပေးရင် ချပေးသလောက်ကုန်တာ ပဲ။ ဒါဟာ ပြောင်းလဲမှုပေါ့ဗျ။ နောက် တစ်ခုက ကုန်ဆုံးခါနီးချထားပေး တဲ့ မြေကွက်တွေနဲ့ ပတ်သက်ပြီး တိုင်းအစိုးရက များမကြာမီ တစ် ခုခု လုပ်ပါလိမ့်မယ်။ ဒီအခါမှာဆို ရင်လည်း ပြောင်းလဲမှုကို တွေ့ရမှာ ပါ။ ဘာပဲဖြစ်ဖြစ် ပြောင်းလဲမှုတွေ ရှိလာပါပြီ။

တိုင်းအစိုးရသစ်လက်ထက်တိုင်းအတွင်း တရားဥပဒေစိုးမိုးရေး အခြေအနေ ဘယ်လိုရှိပါသလဲ။

အရင်အတိုင်းပါပဲ။ မပြောင်း လဲသေးပါဘူး။ တရားရေးမဏ္ဍိုင်ရဲ့အကြီးအကဲဟာ အသက် ၇ဝ ပြည့် မှ နုတ်ထွက်လို့ရတယ်ဆိုတဲ့ ပြဋ္ဌာန်း ချက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာရှိပါတယ်။ သူကိုယ်တိုင် ပြောင်း လဲလိုစိတ်ရှိရင် တရားဥပဒေစိုးမိုး ရေးဟာ ပြောင်းလဲသွားမှာပါ။ ကျွန် တော်တို့ တိုင်းအတွင်းမှာ တရား ဥပဒေစိုးမိုးရေး အဆိုအောင်ထား ပါတယ်။ ဒီတော့ ကျွန်တော်တို့တွေ လုပ်သွားမှာပါ။ ဒါဟာ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၁) ပါ ပြဋ္ဌာန်းချက်အတိုင်းပါပဲ။

မန္တလေးတိုင်း ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဘာတွေလုပ်ဖို့လိုမလဲ။

ရေရှည် စီမံချက်တွေချပြီးလုပ် ဖို့ လိုတယ်လို့ထင်ပါတယ်။ ကျွန် တော်တို့တိုင်းဟာ ယဉ်ကျေးမှုများစွာ ကျန်ရှိနေသေးတဲ့ တိုင်းတစ်တိုင်း ပါ။ ဒါတွေကို ထိန်းသိမ်းစောင့်ရှောက် မယ်။ ပြီးတော့ ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်အောင် စသဖြင့် လုပ်မယ်ဆိုရင် တိုင်းဟာ ဒီ့ထက်ပို ပြီး ဖွံ့ဖြိုးတိုးတက်သွားမှာပါ။

အရေးတကြီး လုပ်ရမယ့်အလုပ်တွေက ဘာတွေဖြစ်မလဲ။

လုံခြုံရေးကဏ္ဍကို ဒီ့ထက်ပို ပြီးချထားဖို့ လိုပါလိမ့်မယ်။ နောက် တစ်ခုက ရေစီးရေလာကောင်းဖို့ လုပ်ပေးရပါမယ်။ မန္တလေးမှာ မိုး ရွာရင်ရေတွေ တအားလျှံတယ်။ ဒါတွေဟာ ရုပ်ပျက်ပါတယ်။ ဒါဟာ အရေးတကြီး လုပ် ရမယ့်ကိစ္စတွေပဲ ဖြစ်ပါတယ်။

ဟုတ်ကဲ့။ အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။

ပေါ်ပြူလာနယူးစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*