FDA ထောက်ခံချက်မပါသည့် ရေသန့်လုပ်ငန်းများအရေးယူပြီးနောက် လိုင်စင် လျှောက်ထားသူများလာ

FDA ထောက်ခံချက်မပါသည့် ရေသန့်လုပ်ငန်းများအရေးယူပြီးနောက် လိုင်စင် လျှောက်ထားသူများလာ
March 24, 2017 Asian Fame

11:13 am
FDA ထောက်ခံချက်မပါသည့် ရေသန့်လုပ်ငန်းများအရေးယူပြီးနောက် လိုင်စင် လျှောက်ထားသူများလာ

သီဟ
ရန်ကုန်၊ မတ် ၁၇

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦး စီးဌာန (FDA) ထောက်ခံချက် မပါသည့်ရေသန့်လုပ်ငန်းများကို အရေးယူမည်ဟု ကြေညာပြီး နောက်ပိုင်း ရေသန့်လုပ်ငန်း လိုင်စင်လျှောက်ထားမှု များပြားလာကြောင်း သိရသည်။

”လုပ်ငန်း လိုင်စင်သစ်လျှောက်ထားမှုက တော်တော်များများတိုးလာတာတွေ့ရတယ်။ တနင်္သာရီတိုင်းမှာဆို လုပ်ငန်းလိုင်စင်သစ် ၁ဝ ခု လျှောက်လွှာတင်ထားတယ်၊ ရေသန့်လုပ်ငန်းဟောင်း သက်တမ်းတိုးတဲ့သူ လျှောက်လွှာသစ်တင်တဲ့သူ ၂ဝ ကျော်လောက်ရှိတယ်”ဟု FDA မှ ညွှန် ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောသည်။

အိမ်သုံးရေသန့်စက်များကိုအသုံးပြုကာ ရေသန့်ဘူးထုတ်၍ စီးပွားဖြစ်ရောင်းချ၍မရကြောင်း၊ စက်ပစ္စည်းများအသုံးပြု၍ စီးပွားဖြစ်ရောင်းချနေသည့် ရေသန့်စက်များဖြင့် နှိုင်းယှဉ်၍ မရကြောင်း ၎င်းက ပြောသည်။ FDA ထောက်ခံချက်မယူသည့် လုပ်ငန်းများကို ပိတ်သိမ်းသည်အထိအရေးယူမည်ဟု ကြေညာထားပြီး လက်ရှိတွင်လည်း ရန်ကုန်ရှိ သောက်ရေ သန့်လုပ်ငန်း ၆ ခုကို ရန်ကုန် FDA က တရားစွဲဆို အရေးယူထားသည်ဟု FDA ရန်ကုန်ဌာနခွဲမှ ညွှန် ကြားရေးမှူး ဒေါက်တာခင်စောလှက ပြောသည်။ ”တရား စွဲဆိုထားတာက ကြာပြီ။ ဆရာမတို့ တခြားလုပ်ထားတာတွေလည်းအများကြီးပါ” ဟု ၎င်းက ပြောသည်။

ထို့ပြင် သက်တမ်းလွန်ထောက်ခံချက် ကိုင်ဆောင်ထားကာ ထုတ်လုပ်ရောင်းချနေသူများကိုလည်း အထက်ညွှန်ကြားချက်အတိုင်း အရေးယူ သွားမည်ဖြစ်ကြောင်း ဒေါက်တာ ထွန်းဇော်က ပြောသည်။ သောက်ရေသန့် ထုတ်လုပ်မှုလုပ်ငန်းလိုင် စစ်သစ်များ လာရောက် လျှောက်ထားမှုအပေါ် သီးခြားငွေကြေး ကောက်ခံမည် မဟုတ်ကြောင်း၊ ရုံးသို့ လာရောက် လျှောက်ထားနိုင်ကြောင်း၊ ပြည် သူများ ကျန်းမာရေးအတွက် သေချာစိစစ်ပြီးမှ သာ ထောက်ခံချက် ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ FDA ထောက်ခံချက်သည် သက်တမ်းအားဖြင့် နှစ်နှစ်အကျုံးဝင်မည်ဖြစ်ပြီး သက်တမ်းမပြည့်ခင် သုံးလအတွင်း သက်တမ်းတိုးရမည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*