တရားရုံးကလည်း ထိရောက်တဲ့ ပြစ်ဒဏ် မချမှတ်နိုင်တဲ့အတွက် ခိုးကူးတွေ ဈေးကွက်က ကြီးထွားလာတာပါ

တရားရုံးကလည်း ထိရောက်တဲ့ ပြစ်ဒဏ် မချမှတ်နိုင်တဲ့အတွက် ခိုးကူးတွေ ဈေးကွက်က ကြီးထွားလာတာပါ
November 18, 2016 Asian Fame

9:03 am
တရားရုံးကလည်း ထိရောက်တဲ့ ပြစ်ဒဏ် မချမှတ်နိုင်တဲ့အတွက် ခိုးကူးတွေ ဈေးကွက်က ကြီးထွားလာတာပါ
In Crime, Opinion

pers

အနုပညာလောကအတွင်း မူပိုင်ခွင့်ချိုးဖောက်မှုများကိုကာကွယ် နိုင်ရန် ”မြန်မာနိုင်ငံ အနုပညာ ဆိုင်ရာ မူပိုင်ခွင့် ချိုးဖောက်ခံရမှု ကာကွယ် တားဆီးရေးပူးပေါင်း   ကော်မတီ” ကိုဖွဲ့စည်းလိုက်ပြီဖြစ် သည်။

အဆိုပါကော်မတီတွင် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် သူများအသင်းနှင့် မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များအသင်း စသည်တို့ ပါဝင်ဖွဲ့စည်းထားသည်။

သို့ဖြစ်ရာကော်မတီမှလုပ်ဆောင်သွားမည့်အစီအမံများနှင့်ပတ် သက်၍ ကော်မတီဝင်များ၊ ကျွမ်း ကျင်သူများ၏အသံများကို စုစည်း ဖော်ပြလိုက်ပါသည်။

ဦးအောင်စိုးဦး (စာရေးဆရာ၊ တရားလွှတ်တော်ရှေ့နေ)

အနုပညာ မူပိုင်ခွင့်လို့ပြောရင် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ဇာတ်သဘင်၊ ပန်းချီစတဲ့ အနုပညာအားလုံးမှာမူ ပိုင်ခွင့်ရှိပါတယ်။ ဂီတကရှေးကျတဲ့ အတွက် မူပိုင်ခွင့်နဲ့ ဂီတက ပိုပြီး ဆက်စပ်မိကြတယ်။ မြန်မာမှာက အနုပညာကို ပစ္စည်းလိုမသိဘူး။ ဒီအနုပညာ အလုပ်ကိုလည်းစီးပွား ရေးအလုပ်လို့ မမြင်ကြဘူး။ ဝါ သနာလို့ အမည်တပ်ပြီးတော့ လုပ် ကြတယ်။ အနုပညာဆိုတာအ လကားရတဲ့ ပစ္စည်းလို့ ထင်ကြ တယ်။ ပိုက်ဆံပေးရကောင်းမှန်း မသိဘူး။ တကယ်တော့ အနုပညာ ဆိုတာအသိÓဏ်က ရလာတဲ့ ပစ္စည်း။ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းရှိတယ်။အနိမ့်ဆုံး ခုံဖိနပ်၊ ထဘီအစုတ်က အစ ကိုယ့်မှာ မူပိုင်ခွင့်နဲ့ကာကွယ် လို့ရတယ်။ အနုပညာကျတော့ အဲဒီ လိုမဟုတ်ဘူး လွယ်လွယ်ကူကူကူး ယူကြတယ်။ အရင်က သာကေတ မှာခုံဖိနပ်ခိုးလို့ အငြင်းပွားပြီးလူ သတ်မှုဖြစ်ခဲ့ဖူးတယ်။ အခုအနုပညာ ကိုခိုးရင် အနုပညာသူခိုးပဲ။ ကြာ လာတော့ဒါကိုစီးပွားဖြစ် အလွဲသုံး စားလုပ်တာတွေ များလာတယ်။အခု ကာကွယ်စော င့်ရှောက်ရ ကောင်းမှန်း အနုပညာရှင်တွေသိ လာပြီ။ ဆရာမှတ်မှတ်ရရ ၁၉၇၈ ခုနှစ်မှာ ဥပဒေနယ်ပယ်ထဲ စရောက် ပြီးအဲဒီမှာ တေးရေးဆရာ ၁ဝ ယောက် ရဲ့သီချင်းတွေကို သတင်း စာထဲမှာ ခွင့်ပြုချက်မရဘဲသုံးစွဲခွင့် မပြုဘူး။ ကြေညာချက်ထုတ်ပေး ခဲ့တယ်။ ဒါပေမယ့် ထဲထဲဝင်ဝင် မရပါဘူး။ အဆိုတော်တွေ ကတေး ရေး ရေးပေးလိုက်တဲ့ သီချင်းကို အခွေထုတ်ပြီး ဘယ်နေရာ ရောက် ရောက် ထပ်ခါထပ်ခါ ပြန်ဆိုတယ်။ အနုပညာကြေးကျတော့ အဆို တော်တွေမှာပဲ ရတယ်။ တေးရေး တွေက တစ်ခါပဲရတာလည်းရှိ တယ်။ သူတို့က ထပ်ခါထပ်ခါဆို တယ်။ ရေးတဲ့သူက မူပိုင်ခွင့်ကိုသူ ပိုင်တယ်။ ခွင့်ပြုချက်မရဘူးဆို တရားစွဲလို့ရတယ်။ အခုနောက် ပိုင်းမူပိုင်ခွင့်တွေ အရေးထားလာ တယ် မူပိုင်ခွင့် ဥပဒေတွေလည်း နောက်ထပ်အသစ်တွေ ရေးဆွဲမယ် ပြဋ္ဌာန်းမယ်ဆို အနုပညာရှင်တွေ အတွက် ပိုပြီးစည်းစနစ်ကျလာမှာ ပါ။

ရုပ်ရှင် အခုခိုးကူးခွေတွေဖမ်း ဆီးတဲ့အထဲမှာ အရင်ကဆို ဆရာ တို့လည်းပါဝင်တာပဲ။ ဥပဒေက ဥပဒေပဲရှိပြီး မထိရောက်တဲ့အခါ မှာ လမ်းဘေးမှာ ခိုးကူးခွေတွေက မပျောက်ကွယ်ဘူးပေါ့။ ဒီလူရဲ့ စားဝတ်နေရေး စသဖြင့် ငဲ့ညှာ တာတွေလည်းရှိတယ်။ ဥပဒေအရ တိတိကျကျလုပ်ရင် ပပျောက်သွား မှာပါ။ မူပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး အင်တိုက်အားတိုက် လုပ်ဆောင် လာတာ ကြိုဆိုတယ်။

လူမင်း (မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ)

အခု ဗီဒီယိုခိုးကူးခွေတွေ ဖမ်း မယ် ဆိုပေမယ့် နောက်အနာဂတ် မှာဒီခိုးကူး ခွေတွေရှိချင်မှ ရှိတော့ မယ်။ နည်းပညာ တိုးတက်လာတာ နဲ့အမျှ ပြောင်းလဲမှုတွေ ကလည်း မြန်ဆန်တယ်လေ။ အခုတောင် အင်တာနက်ရှိရင် အွန်လိုင်းပေါ် အကုန် ရောက်ကုန်ပြီလေ။ နောက် ပိုင်း နည်းပညာဆိုင်ရာနဲ့ ပတ် သက်ပြီး ထိန်းသိမ်းနိုင်ဖို့ချိုး ဖောက်လာခဲ့ရင် ဘယ်လိုအရေး ယူမှာလဲဆိုတဲ့ အပိုင်းက ပိုအရေး ပါမယ်။ အဲဒါကိုဆောင်ရွက်နိုင်ဖို့ အတွက် အနုပညာရှင်တွေ စု ပေါင်းပြီး ဒီအဖွဲ့ကိုဖွဲ့ လိုက်တယ်။ ဒီကော်မတီရဲ့ ခေါင်းစဉ်ကိုကြည့်ပြီး တော့ မေးစရာရှိပါတယ်၊ ကျွန် တော်တို့ တိုင်းပြည်မှာမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဥပဒေမရှိဘူးလား၊ ရှိပါတယ်။ ဒါပေမယ့် ၁၉၁၄ ခုနှစ် ကတည်းကရှိခဲ့တဲ့ မူပိုင်ခွင့် ဥပဒေ ပဲရှိတယ်။ လွတ်လပ်ရေး တောင် မရသေးဘူး။နှစ်ပေါင်း ၁ဝဝကျော် ပြီဖြစ်တဲ့အတွက် အခု အိုင်တီ ခေတ်ကြီးနဲ့ ဘယ်လိုမှ အံမဝင်ခွင် မကျဘူးဖြစ်နေတယ်။ အဲဒါ ကြောင့် ဒီအနုပညာမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ရေးဆွဲပြီးတော့ လွှတ် တော်မှာ တင်ပြတဲ့အဆင့်ရောက် နေပြီလို့ သိရပါတယ်။ တိုင်းပြည်ရဲ့ တိုးတက်လာတဲ့နည်းပညာအရ နောက်ပိုင်း အနုပညာမူပိုင်ခွင့် ဆိုင်ရာ ချိုးဖောက်ခံရမှုက   တော် တော်တွေ့ရပါတယ်။ မြန်မာနိုင်ငံ အနုပညာ ချိုးဖောက်ခံရမှုနဲ့ ပတ် သက်ပြီး ဘယ်လိုကာကွယ် တား ဆီးမလဲ နည်းလမ်းတွေကိုရှာပြီး တာဝန်ရှိတဲ့ သူတွေကို ကူညီပေးဖို့ တောင်းဆိုသွားမယ်။ အနုပညာ လောကသားတွေ အနုပညာလုပ် ငန်းတွေဆိုတာ ပရိသတ်မရှိရင်ရပ် တည်လို့ မရပါဘူး။ ကျွန်တော်တို့ အနုပညာရှင်တွေဘက်က ကိုယ့် အနုပညာတစ်ခုကို ကာကွယ်ရုံ မဟုတ်ဘဲ အားပေးတဲ့ ပရိသတ်အ တွက်ပါ ထည့်စဉ်းစားပေးတယ်။

ဦးတင်ဦးလေး (မြန်မာနိုင်ငံဂီတ အစည်းအရုံးဥက္ကဋ္ဌ)

မူပိုင်ခွင့် ချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး အနုပညာလောက မှာ အနုပညာရှင်များရဲ့ ထိခိုက် နစ်နာမှုကိုနှိုင်းယှဉ်ပြောရရင် ဂီတ လောကမှာ အဆိုးဆုံးအဖြစ်ပဲ။ အခုအချိန်ဆို တေးထုတ်လုပ်သူ တွေမှာ ကိုယ်ပိုင်ထုတ်လုပ်နိုင်ခြင်း မရှိတော့ဘဲ ဂီတပညာရှင်များက မိမိတို့နာမည်နဲ့ ဂုဏ်သိက္ခာမပျောက် စေရေးအတွက် အဆိုတော်တွေ က မိမိကိုယ်ပိုင်ထုတ်လုပ်ဖြန့်ချိတဲ့ တေးစီးရီး အနည်းငယ်သာထွက်ရှိ နိုင်တော့တယ်။ လက်ရှိအချိန်မှာ အဆင့်အတန်းမီ တေးစီးရီးတစ် ခွေ ထုတ်မယ်ဆို ကုန်ကျငွေက သိန်း တစ်ရာ့ငါးဆယ်မှ သိန်းနှစ်ရာ အတွင်းရှိတယ်။ ခိုးကူးခွေကြောင့် ပြန်ရတဲ့ အသားတင်ဝင်ငွေကျ တော့ အကြမ်းဖျင်း သိန်းငါးဆယ် ပဲရှိတယ်။ အဲဒီလိုကျတော့ဆက် လက်ထုတ်လုပ်ဖြန့်ချိနိုင်ဖို့ ခက်ခဲ တာတွေ့ရတယ်။ မြန်မာနိုင်ငံဂီတ အစည်းအရုံးဗဟိုအနေနဲ့ တတ် စွမ်းသလောက် ခိုးကူးခွေတွေ ဖမ်းဆီးပေမယ့် အာဏာပိုင် အဖွဲ့အစည်းများရဲ့ ပံ့ပိုးမှု အား နည်းတဲ့အတွက် သက်ဆိုင်ရာ တရားရုံးကလည်း ထိရောက်တဲ့ ပြစ်ဒဏ် မချမှတ်နိုင်တဲ့အတွက် ခိုးကူးတွေ ဈေးကွက်က ကြီးထွား လာတာပါ။ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးဗဟိုအနေနဲ့ ခိုးကူး ခွေကိုထိရောက်စွာဆောင်ရွက်နိုင် ရန် မူပိုင်ခွင့်သီးခြားကော်မတီ ကို ဖွဲ့ထားတယ်။ ကော်မတီဝင်များ နဲ့အတူ လုပ်ငန်းထိရောက်တွင် ကျယ်ရန်အတွက်ဆိုပြီး အငြိမ်းစား ရဲမှူးတစ်ဦးကို ပူးတွဲခန့်ထားပြီး သတင်းအချက်အလက် စုဆောင်း တာတွေ အာဏာပိုင်အဖွဲ့အစည်း များနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ သက်ဆိုင်ရာ တရားရုံးများနဲ့ဆက် သွယ်တာတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင် ခဲ့တယ်။ အဲဒီလို လုပ် ဆောင်ခဲ့တဲ့အတွက် ထူးခြားဖြစ် စဉ်မှာ မူရင်းတေးစီးရီးခွေတွေ ထိုက် သင့်သလောက် ရောင်းအားမြင့် တက်လာပါတယ်။ အခုရှေ့လုပ် ငန်းစဉ်အတွက် ထိထိရောက် ရောက်ဖြစ်အောင် ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံး သုံးခုအပြင် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အ သံထုတ်လုပ်သူများအ သင်း၊ မြန် မာ့တေးရေး မူပိုင်ခွင့်အသင်းတို့ပူး ပေါင်းပြီး ယခုမြန်မာနိုင်ငံအနု ပညာဆိုင်ရာ မူပိုင်ခွင့်ချိုးဖောက်ခံ ရမှုကာကွယ်တားဆီးရေးပူးပေါင်း ကော်မတီကို ဖွဲ့တယ်။ အားလုံးစု ပေါင်းပြီးတော့ ဒီခိုးကူးပပျောက် မသွားသည့်တိုင်အောင် အတိုင်း အတာတစ်ခုအထိ ဆောင်ရွက်နိုင် မယ်လို့ မျှော်လင့်တယ်။

ဦးဖိုးချစ် (မြန်မာနိုင်ငံသဘင် အစည်းအရုံး-ဥက္ကဋ္ဌ)

ခိုးကူးခွေတွေ ကိစ္စမှာရုပ်ရှင် ဂီတရယ်မှမဟုတ်ဘူး၊ သဘင်မှာ လည်းထိခိုက်နစ်နာမှုတွေ ရှိပါ တယ်။ ကျွန်တော်တို့ကို ထိမှနာ တာတော့ မဟုတ်ပါဘူး။ ကျွန် တော်တို့ မျှမျှတတလုပ်မှာဖြစ်ပါ တယ်။ ခိုးကူးခွေတွေဖမ်းပြီဆိုတဲ့အချိန်မှာ လမ်းဘေးမှာ အခွေလေး တွေကိုင်ပြီး ရောင်းနေတဲ့သူတွေ ကျီးလန့်စာစားနဲ့ ဟိုပြေးဒီပြေး နေရတဲ့သူတွေ တွေ့ရပါတယ်။ ဖမ်း လိုက်ပြီဆို ကျွန်တော်တို့က ဇာတ် သဘင်ဆိုတော့ ပွဲခင်းထဲမှာအော် တယ်၊ ဆဲတယ်။ အဲဒီလိုမျိုးဖြစ် နေတော့ ကျွန်တော်တို့ ဘက်က လည်းသူတို့ကို ယုံယုံကြည်ကြည်နဲ့ တရားဝင် လုပ်ကိုင်နိုင်ခွင့်များ ဖော်ဆောင်ပေးဖို့လည်း ကော်မတီ ကနေ ရည်ရွယ်တာရှိပါတယ်။  ကိုယ်လည်း မထိခိုက်အောင်သူ တို့လည်း စားဝတ်နေရေးအဆင် ပြေအောင် လမ်းဘေးမှာအခွေကိုင် ပြီးလန့်ပြီး ရောင်းမနေရအောင် တရားဥပဒေနဲ့အညီ မူရင်းခွေကို ရဲရဲဝံ့ဝံ့နဲ့ကိုင်ပြီး ရောင်းနိုင်တဲ့ဘဝ ဖြစ်အောင်၊ ဝမ်းစာတွေဖြေရှင်းနိုင် တဲ့အထိ လုပ်ပေးဖို့ကော်မတီမှာအစီအစဉ်ရှိပါတယ်။ သာမည တောင် ဆရာတော်ဘုရားကြီး ရေး ထားသလို စားသူမရှိရင် သတ်သူ မရှိ သက်သက်လွတ်ကိစ္စရေးထား တာတွေ့ရတယ်။ ဝယ်တဲ့လူမရှိရင် ရောင်းတဲ့သူ မရှိဘူး။ ခရီးသွား တဲ့အခါ မောလာရင် ရေသန့်တစ် ဘူးပေးပါလို့ပဲ တောင်းတယ်၊ ဘာ တံဆိပ်မှဆိုပြီး မတောင်းပါဘူး။ အမောပြေအောင် လွယ်တဲ့ဟာကို ပဲယူသောက်တယ်။ ကျွန်တော်တို့ ကလည်း ဒီမူရင်းခွေတွေကိုလွယ် လင့်တကူနဲ့ ဝယ်ချင်ရင်ချက်ချင်း လက်လမ်းမီတဲ့ နေရာမှာရှိနေ အောင် ဆောင် ရွက်နိုင်မယ်ဆိုရင်   တော့ တော်တော်လေး အဆင်ပြေ မယ်ထင်တယ်။

ထူးထူး စုစည်းတင်ပြသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*