တစ်လကျော်ကာလအတွင်း YBS ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁ဝဝ နီးပါး အရေးယူထား

တစ်လကျော်ကာလအတွင်း YBS ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁ဝဝ နီးပါး အရေးယူထား
March 1, 2017 Asian Fame

11:24 am
တစ်လကျော်ကာလအတွင်း YBS ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁ဝဝ နီးပါး အရေးယူထား

ybs

ဝေရှိုင်းကျော်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

တစ်လကျော်အတွင်း YBS ယာဉ်လိုင်းများ၏ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁ဝဝ နီးပါးကို အရေးယူဆောင် ရွက်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ပြောသည်။

”အရေးယူထားတဲ့သူ ၁ဝဝ ဝန်းကျင်လောက် ရှိပါတယ်။ ကိုယ်ထိလက်ရောက် စော်ကားတာတွေ နဲ့ မချေမငံဆက်ဆံတာတွေကို ချက်ချင်းအရေးယူ ဆောင်ရွက်ပါ တယ်။ ဒါ့အပြင် ယာဉ်စီးခ ပိုမို တောင်းခံတာတွေ ပါရှိရင် ကုမ္ပဏီ ကပါ ချက်ချင်း အရေးယူဆောင် ရွက်ပါတယ်” ဟု ယင်းအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ မောင် အောင်က ပြောသည်။ တိုင်ကြားမှုများကို အရေးယူ ဆောင်ရွက်ရာတွင် ယခင် ၂ဝ၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ အရေးယူပြီး လက်ရှိတွင် ဖြစ်စဉ် ပေါ် မူတည်ပြီး အရေးယူခြင်းနှင့် သတိပေးခြင်းများ ဆောင်ရွက်ကြောင်း ၎င်းက ဆိုသည်။

”သူတို့တွေ လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်ပါတယ်။ ဒါ့အပြင် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို သုံးလအထိ ပိတ်သိမ်း အရေးယူပါတယ်။ ကားတွေကိုတော့ နှစ်ရက်ထွက် ခွင့်မပေးပါဘူး” ဟု ဒေါက်တာ မောင်အောင်က ပြောသည်။ YBS ယာဉ်လိုင်း စီးနင်းသူ တစ်ဦးက ”YBS စီးရတာ လုံးဝ အဆင်မပြေဘူး။ စပါယ်ယာတွေလည်း အခုထိရိုင်းနေတုန်းပဲ။ တချို့ စပါယ်ယာတွေဆိုရင် သတ်မှတ်ထားတဲ့ဈေးနှုန်းထက် ကားခပို တောင်းတာတွေရှိတယ်။ ပြီးရင် ကားတွေက ညဘက်အစောကြီးပဲ ရှိသေးတယ်။ ကားတွေမထွက် တော့ဘူး။ ပြီးရင်အဲဒီ YBS ကားတွေက မှတ်တိုင်တွေမှာ ပါကင်ထိုးထားကြတယ်”ဟု ပြောသည်။

ထို့အပြင် YBS ကားမှတ်တိုင်များကို ဖျက်ဆီးမှု ၇ မှတ်တိုင်ရှိ နေပြီး ယင်းဖျက်ဆီးသူများကိုလည်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။ YBS ယာဉ်လိုင်း စတင်ပြေးဆွဲသည့် အချိန်မှစပြီး အဆိုပါယာဉ်လိုင်းများတွင် တိုင်ကြားမှု ပေါင်း ၇ဝဝ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့မှ သိရသည်။ ထို့အပြင် YBS ယာဉ်လိုင်းများကို စီးနင်းသူများအနေနှင့် အွန်လိုင်းမှ တစ်ဆင့် တိုင်ကြားနိုင်ပြီး အဆိုပါ ယာဉ်လိုင်း၏ စည်းကမ်းဖောက်ဖျက်မှုများကို တိုင်ကြားနိုင်သည့် ဆော့ဖ်ဝဲမှာ Yangon Bus Report ဖြစ်ပြီး Google မှတစ်ဆင့် Free Download ပြုလုပ်ကာ တိုင်ကြားနိုင်သည်။ ယခင် မထသစနစ်ကို ဖျက်သိမ်းပြီး YBS ယာဉ်လိုင်း စနစ်ကို ယခုနှစ်ဇန်နဝါရီ ၁၆ ရက် နေ့က စတင်ပြောင်းလဲပြေးဆွဲပေးခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*