ကွန်တိန်နာအတွင်းတရားမဝင်သစ်များဖမ်းဆီးမှုမှ တရားခံအချို့လွတ်နေသေး

ကွန်တိန်နာအတွင်းတရားမဝင်သစ်များဖမ်းဆီးမှုမှ တရားခံအချို့လွတ်နေသေး
February 27, 2017 Asian Fame

2:57 pm
ကွန်တိန်နာအတွင်းတရားမဝင်သစ်များဖမ်းဆီးမှုမှ တရားခံအချို့လွတ်နေသေး

မြန်မာစက်မှုဆိပ်ကမ်းရှိ ကွန်တိန်နာအတွင်းမှ ဖမ်းဆီးရမိသည့် တရားမဝင်သစ်များနှင့် ပတ်သက်၍ တရားခံ ၁၂ ဦး လွတ်မြောက်နေသေးကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက ပြောသည်။ တရားမဝင်သစ်များ ခိုးထုတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သူ ၃၂ ဦးရှိကြောင်း၊ ယင်းမှ ၂ဝ ဦး ဖမ်းဆီးရမိပြီး ၁၂ ဦးမှာ လွတ်မြောက် နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

” ဖမ်းဆီးရမိတဲ့သူတွေကိုတော့ အရေးယူဆောင်ရွက်ထားပါတယ်။ကျန်တဲ့သူတွေက လွတ်မြောက်နေပါတယ်။ ပထမပိုင်း ဖမ်းဆီးရမိတဲ့ သစ်တွေကိစ္စမှာတော့ တရားခံတွေ ဆက်စပ်နေပါတယ်။ နောက်ပိုင်းမိတဲ့ သစ်တွေကတော့ ဆက်စပ်မှုမရှိဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါလွတ်မြောက်နေသူများသည် သစ်ခိုး ထုတ်ရာတွင် ဝန်းခြံများ ငှားရမ်းလုပ် ကိုင်ဆောင်ရွက်နေသူများဖြစ်ပြီး ၎င်းတို့ကို သက်ဆိုင်ရာမြို့နယ်တရားရုံးများ၌ တရားစွဲဆိုခြင်း၊ ရဲစခန်းများတွင် အမှုဖွင့်လှစ်ခြင်း များ ဆောင်ရွက်ထားလျက်ရှိသည်။

” သစ်တွေမိတဲ့ လက်ရှိခြံပိုင်ရှင် တွေကတော့ ပါဝင်ပတ်သက်သလား၊ မပတ်သက်ဘူးလားတော့ မသိသေး ပါဘူး။ လွတ်သွားတဲ့သူတွေကိုမိမှ စစ်ဆေးဆောင်ရွက်မှပဲ သိရမှာဖြစ် ပါတယ်။ အခုကတော့ မသိသေးပါဘူး” ဟု ဦးဇော်မင်းက ပြောသည်။ ရန်ကုန်တိုင်းအတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ဖမ်းဆီးရမိမှုမှာ တရားမဝင် ပိတောက်၊ ကျွန်း၊ တမ လန်း၊ ကုက္ကိုခွဲသား/စကွဲယား (၁၅၃၃၁) ချောင်းနှင့် တုံး ၁၅၃ဝ ဒသမ ၈၉၁၂ တန်၊ လက်ကိုင်လွှစက် ၂ လက်၊ မော်တာတွဲလျက်လွှဝိုင်း ၁ ခု ၊ ၄ လက်မ ကျောက်စက် ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊  CCTV ကင်မရာ ၈ လုံး၊ Fork Clip Car ၁ စီး၊ ကုန် သေတ္တာအလွတ် ၈ လုံး အပါ အဝင် ကုန်သေတ္တာ ၃၇ လုံးနှင့် ကုန်သေတ္တာ တင် ၁ဝ ဘီးယာဉ် ၆ စီးတို့ကို ဖမ်းဆီး ရမိကြောင်း သစ်တောဦးစီးဌာနမှ စာရင်းများအရ သိရသည်။၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်အတွင်း၌ တရားမဝင် သစ်စုစုပေါင်း ၄၁၇၅၈ ဒသမ ၁၁၃၇ တန်၊ နိုင်ငံခြားသား ၁၁ ဦး၊ တရားခံနိုင်ငံသား ၆၃၆၃ ဦး၊ ယာဉ် ယန္တရား ၂၁၁ဝ စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန စာရင်းများအရသိရသည်။

ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*