ယခုဘဏ္ဍာနှစ်အတွက် အခွန်မဆောင်ရသေးသည့် အနုပညာရှင်များ သတ်မှတ်ချိန်အမီ မဆောင်ပါက အရေးယူမည်

ယခုဘဏ္ဍာနှစ်အတွက် အခွန်မဆောင်ရသေးသည့် အနုပညာရှင်များ သတ်မှတ်ချိန်အမီ မဆောင်ပါက အရေးယူမည်
March 1, 2017 Asian Fame

11:40 am
ယခုဘဏ္ဍာနှစ်အတွက် အခွန်မဆောင်ရသေးသည့် အနုပညာရှင်များ သတ်မှတ်ချိန်အမီ မဆောင်ပါက အရေးယူမည်

ထူးထူး၊ လင်းဟိန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် အခွန်ဆောင်ရန်ကျန်နေသော အနုပညာရှင်များ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပေး ဆောင်ရမည်ဖြစ်ပြီး မလိုက်နာပါကဥပဒေအရ အရေးယူရန်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။

”တချို့က လုပ်ငန်းရငွေနဲ့ ရောပြီး ဆောင်တာလည်း ရှိတယ်။မဆောင်သေးတဲ့သူတွေကို ရုပ်ရှင် အစည်းအရုံးကနေတစ်ဆင့် ပြောမယ်” ဟု ၎င်းကပြောသည်။၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းရှိ မြို့နယ်အခွန် ဦးစီးဌာန ရုံးအသီးသီး၌ ကျသင့်သည့် အခွန်များကို ပေးဆောင်ခဲ့ သော အနုပညာရှင်များ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ထိုစာရင်းတွင် ပြေတီဦး၊ နေတိုး၊ ခန့်စည်သူ၊ ဖွေးဖွေးတို့က အမှန် ကန်ဆုံး အခွန်ပေးဆောင်သူ စာရင်းတွင် ပါဝင်သည်။”ဒီလို ကြေညာတာကတော့ အရင်နှစ်တွေမှာလည်း အခွန်ဆောင်မှု အားနည်းလို့ ကြေညာတာပါ။ ဒီနှစ်အတွက် အခွန်မ ဆောင်သေးတဲ့ အနုပညာရှင်တွေများနေတယ်” ဟု ၎င်းက ပြောသည်။

ယမန်နှစ် သြဂုတ် ၂ဝ ရက် နေ့တွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖိုရမ် ဒုတိယနေ့ ဆွေးနွေးမှုတွင် ပြည်တွင်းအခွန်များ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးထင်လင်းကျော်က အခွန်အများ ဆုံးပေးဆောင်ထားသည့် အနုပညာရှင်မှာပြေတီဦးဖြစ်ပြီး နေထူးနိုင်၊ ဂွမ်းပုံကြီး၊ အရိုင်းတို့သည်လည်း အခွန်အမြဲတမ်းထမ်းနေသည့် အခွန်ထမ်းဝန်ထမ်းများ ဖြစ်ကြောင်း ပြောခဲ့သည်။ သရုပ်ဆောင် အရိုင်းက အခွန်ပေးဆောင်မှုနှင့် ပတ်သက်၍ ”နိုင်ငံသားတစ်ယောက်အနေနဲ့အခွန်ဆောင်ရတာကို တာဝန်တစ် ခုလို့ ယုံကြည်တယ်။ နှစ်စဉ်နှစ်တိုင်း အမြဲမပြတ် အခွန်ဆောင် ဖြစ်တယ်။ အခြားသူတွေကိုလည်း ဆောင်စေချင်တယ်။ ကျွန်တော်တို့ဆာင်တဲ့ အခွန်တွေနဲ့ နိုင်ငံတော် ဘဏ္ဍာမှာ လိုအပ်တာတွေ အသုံးပြုမှာဖြစ်တဲ့အတွက် ကိုယ်နေထိုင်တဲ့နိုင်ငံ သာယာဖွံ့ဖြိုးဖို့အတွက်အခွန်ကို မှန်မှန်ကန်ကန်နဲ့ နှစ်စဉ်ဆာင်သင့်တယ်လို့ တိုက်တွန်းချင်တယ်”ဟု ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*