လိုင်စင်ကြေးငွေကို ဘဏ်တွင် ထည့်စေပြီး အတိုးခံစားခွင့်ပြုသင့်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီများက အစိုးရသို့ တင်ပြ

လိုင်စင်ကြေးငွေကို ဘဏ်တွင် ထည့်စေပြီး အတိုးခံစားခွင့်ပြုသင့်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီများက အစိုးရသို့ တင်ပြ
February 23, 2017 Asian Fame

4:15 pm
လိုင်စင်ကြေးငွေကို ဘဏ်တွင် ထည့်စေပြီး အတိုးခံစားခွင့်ပြုသင့်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီများက အစိုးရသို့ တင်ပြ
tgr6dyjfk

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြုလုပ်သော အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် MOEAF အဖွဲ့ချုပ်၏ အစည်းအဝေး Photo- MOEAF

 

ရဲလွင်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ဝ

အေဂျင်စီများ ပေးသွင်း ရသည့် လိုင်စင်ကြေးငွေကို ဘဏ်တွင် ထည့်စေပြီး အ တိုးခံစားခွင့် ပြုသင့်သည်ဟု ပြည်ပအလုပ်အကိုင် အေဂျင် စီများအသင်း MOEAF က အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ တင်ပြထား ကြောင်း သိ ရသည်။

လက်ရှိတွင် ပြည်ပအ လုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများ ပေးသွင်းရ သည့် Deposit ငွေကို ကျပ် သိန်း ၅ဝ မှ သိန်း၅ဝဝ သို့ တိုးမြှင့်ကောက်ယူရန် အစိုးရ ကက်ဘိနက်မှ အတည်ပြုပြီး ဖြစ်သည်ဆိုသော်လည်း အေ ဂျင်စီများ၏ အသံကိုလည်း နားထောင်စေလိုကြောင်း၊ အေဂျင်စီ များ၏ လိုင်စင် ကြေးငွေအား ဘဏ်တွင်ထည့် စေပြီး အတိုးခံစား ခွင့်ပြုသင့် ကြောင်း၊ ကျပ်သိန်း ၅ဝဝ တိုးမြှင့်မည့် အချိန်ကာလကို လည်း နောက်ဆုတ် စေလို ကြောင်း၊ အခြား လုပ်ငန်း လိုင်စင်များအတိုင်း အချိန် ကာလတစ်ခုဖြင့်သာ ဘဏ် တွင် ပြစေလိုပြီး လုပ်ငန်းအ တွက် ရင်းနှီးရန် ပြန်ထုတ်ပေး စေလိုကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင် များအသင်းချုပ် MOEAF ဥက္ကဋ္ဌ ဦးမင်းလှိုင် က အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနသို့ တင်ပြထား ကြောင်း MOEAF သတင်း ထုတ်ပြန်ရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ပြုလုပ် ခဲ့သော အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နှင့် MOEAF အဖွဲ့ချုပ် အစည်း အဝေးတွင် ယခုကဲ့သို့ တင်ပြခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဥက္ကဋ္ဌ ဦးလှိုင်မင်းက ကျပ် သိန်း ၅ဝဝ ပေးသွင်းရန် အားလုံး မှာ အခက်အခဲ ရှိကြကြောင်းနှင့် မသွင်းနိုင်သည့် အေဂျင်စီများ ကြောင့် ပွဲစားများ ပိုမို များပြား လာနိုင်ပြီး နိုင်ငံခြားသား ပိုင် ရှင်၏ နိုင်ငံသားအမည်ခံများ ပိုမိုများပြားလာနိုင်ကြောင်း ထပ် မံ တင်ပြခဲ့သည် ဟု သိရသည်။

ကျပ်သိန်း ၅ဝဝ တိုးမြှင့် ကောက်ခံမည့်ကိစ္စနှင့် ပတ်သက် ၍ ၄င်းဝန်ကြီးဌာန အနေဖြင့် စဉ်းစား ဆုံးဖြတ်နေဆဲဖြစ် ကြောင်း ရွှေ့ပြောင်းလုပ်သား ရေးရာဌာနမှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခင်က သတ်မှတ်ကောက် ခံထားသော အာမခံကြေးငွေကျပ် သိန်း ၅ဝ သည် နည်းပါးသည့် အတွက် အေဂျင်စီအချို့က စည်းကမ်းလိုက်နာမှု နည်းပါး ခြင်းများ တွေ့နေရသဖြင့် အာမ ခံကြေးတိုးမြှင့်ကာ စည်းကမ်း တင်းကျပ်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက ပြော ကြားထားသည်။

လက်ရှိတွင် ဝန်ကြီးဌာန ဘက်က အေဂျင်စီစုစုပေါင်း ၂၆ဝ ကျော်ကို ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်သည့် လိုင်စင်နှင့် အခြားနိုင်ငံများသို့ အလုပ်သမား ပို့ဆောင်သည့် လိုင်စင်ဟူ၍ လိုင်စင် ၂ မျိုး ထုတ်ပေးခဲ့ပြီး လိုင်စင်၂ ခု စလုံးယူထားသည့် အေဂျင်စီ ၉ဝ ခန့် ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*