အလုပ်သမားအငြင်းပွားမှုများတွင် တွေ့ ကြုံရသည့်အခက်အခဲများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်မည်

အလုပ်သမားအငြင်းပွားမှုများတွင် တွေ့ ကြုံရသည့်အခက်အခဲများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်မည်
February 17, 2017 Asian Fame

3:39 pm
အလုပ်သမားအငြင်းပွားမှုများတွင် တွေ့ ကြုံရသည့်အခက်အခဲများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်မည်

ရဲလွင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ခုံသမာဓိကောင်စီ၏ အလုပ်ပြန်ခန့် ရန်ဆုံးဖြတ်ချက်ကို မလိုက်နာသည့် စက်ရုံ သုံးရုံကိစ္စနှင့် ယင်းစက်ရုံများကို တရားစွဲ ဆိုစဉ် အခက်အခဲဖြစ်ရသည့် အခြေအနေ များကို သတင်းစာရှင်းလင်းပွဲပြုလုပ်သွား မည်ဖြစ်ကြောင်း အလုပ်သမားအခွင့်အ ရေး လှုပ်ရှားသူများအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အ ထည်ချုပ်စက်ရုံ ၂ ခုဖြစ်သော Running Tex နှင့် United Oversea စက်ရုံနှစ်ရုံ၊ ကျော်ထက်ကျော် ဂုန်နီအိတ်စက်ရုံတို့တွင် အလုပ်သမားအချို့ကို အလုပ်ထုတ်သည့် ကိစ္စနှင့်ပတ်သက်၍ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို ခံယူရာ အလုပ်ပြန်လည် ခန့် အပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို စက် ရုံတို့က မလိုက်နာသည့်အတွက် တရားစွဲဆိုရာ တရားရုံးအတွင်းသို့ အလုပ်သမား ကိုယ်စားလှယ်များ ဝင်ရောက်နားထောင် ခွင့်မပြုသည့်အတွက် ယင်းကိစ္စများကို ထုတ်ဖော်ပြောကြားရန် သတင်းစာရှင်း လင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ ကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေသည့် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့မှ ဒါရိုက်တာဦးသူရိန်အောင်က ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဖေ ဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြုလုပ်ရန် လျာထားခဲ့သော်လည်း အကြောင်းကြောင်း ကြောင့် ၂၁ ရက်နေ့ နောက်ပိုင်းသို့ ရက် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ ”သတင်းစာ ရှင်းလင်းပွဲရဲ့ အဓိကတောင်းဆိုချင်တဲ့အချက်က ၂ ချက်ပဲရှိတယ်။ တစ်ချက်ကအလုပ်သမားမှုအငြင်း ပွားမှု ဖြေရှင်းရေး ဥပဒေအရ ခုံသမာဓိ ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ဒဏ်ငွေဆယ်သိန်းဆိုတာကို ပြင်ဆင်ပေးဖို့ အားလုံးက တောင်းဆိုနေကြတယ်။ ကျွန်တော်တို့ကတော့ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားကို အလုပ်ပြန်မခန့် မချင်း တရားစွဲတာတွေ ထပ်ခါထပ်ခါပြုလုပ်ပေးဖို့ တောင်းဆိုမယ်။ နောက်တစ်ချက်ကတော့ တရားခွင်မှာ အမှုစစ်တုန်း အလုပ်သမား တွေကို ဝင်ရောက်နားထောင်ခွင့် မပေး တာကို တောင်းဆိုသွားမယ်” ဟု ဦးသူရိန် အောင်က ဆိုသည်။

အဆိုပါ စက်ရုံများကို အလုပ်သမားဝန်ကြီးဌာနမှ တရားစွဲဆိုခြင်းဖြစ်ပြီး တရားရုံးမှအလုပ်သမားတစ်ဦးလျှင် အလုပ်ထုတ်ခ ကျပ် ၁ဝ သိန်းစီ ဒဏ်ငွေသတ် မှတ်ခဲ့ကြောင်း၊ သက်ဆိုင်ရာအလုပ်ရှင်များကလည်း ယင်းအပေါ်တွင် ကျေလည်စွာ ပေးချေခဲ့ကြောင်းသိရသည်။ လက်ရှိတွင်လည်း အလုပ်သမားအ ငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို လွှတ်တော်မှ ပြန်လည်ပြင်ဆင်ရန် သုံးသပ်နေပြီး အလုပ်သမားများနှင့် အလုပ်သမားအခွင့် အရေးလှုပ်ရှားသူများက ငွေဒဏ်ကျပ် ဆယ်သိန်းအပြင် ထောင်ဒဏ်ကိုပါ ထည့်သွင်းသတ်မှတ်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ထားကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*