အထည်ချုပ် လုပ်သားဆိုင်ရာ စစ်တမ်းကို လုပ်ငန်းရှင်များထံ ချပြ ဆွေးနွေးမည်

အထည်ချုပ် လုပ်သားဆိုင်ရာ စစ်တမ်းကို လုပ်ငန်းရှင်များထံ ချပြ ဆွေးနွေးမည်
December 14, 2016 Asian Fame

7:46 am
အထည်ချုပ် လုပ်သားဆိုင်ရာ စစ်တမ်းကို လုပ်ငန်းရှင်များထံ ချပြ ဆွေးနွေးမည်

ရဲလွင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃

အထည်ချုပ် လုပ်သားများ၏အခက်အခဲများနှင့် ပတ်သက်၍ ကောက်ယူထားသည့် စစ်တမ်းကို  အ ထည်ချုပ်လုပ်ငန်းရှင်များထံသို့ တင်ပြ၍ အလုပ်သမား များ အခွင့်အရေးပိုမိုရရှိရန် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသော အလုပ်သမားများ ကြုံတွေ့နေရ သည့် အဆင်မပြေမှုများ၊ အခွင့် အရေးချိုး ဖောက်ခံရမှု အခြေအနေများ ပါဝင်သည့် ‘အနိမ့်ဆုံးကိုမြှင့်တင်ပေး ခြင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းအခြေအနေ အစီရင် ခံစာ’ကို ယခုလပထမအပတ်အတွင်းက ထုတ် ပြန်ခဲ့ပြီး ဖြစ်သည်။

လာမည့် ဒီဇင်ဘာတတိယပတ်အတွင်း အထည် ချုပ်လုပ်သားများနှင့် ပတ်သက်သည့် လှုပ်ရှားမှုပွဲများ ကို ပြုလုပ်ရန်ရှိပြီး အဆိုပါပွဲများ တွင် အထည်ချုပ် လုပ်ငန်းရှင်များအား စစ်တမ်းပါ အခြေအနေများ ချပြ တိုင်ပင်၍  ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တမ်းေ ကာက်ယူခဲ့သည့် အလုပ်သမားအဖွဲ့အစည်း များထဲမှ တစ်ဖွဲ့ဖြစ်သည့် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့၏ ဒါရိုက်တာ ဦးသူရိန်အောင်က ဆိုသည်။

ပထမဦးဆုံးအနေဖြင့်  အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်သည့်လှုပ်ရှားမှုပွဲကို  ဒီဇင်ဘာ၁၆ ရက်နေ့ တွင် ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

ယင်းစစ်တမ်းကို ပြီးခဲ့သည့်ရက်ပိုင်းက အမျိုး သားလွှတ်တော် အလုပ်သမားရေးရာကော်မတီသို့ တင်ပြခဲ့သေးကြောင်းလည်း သိရသည်။

”သူတို့ (အမျိုးသားလွှတ်တော်အလုပ်သမားရေး ရာကော်မတီ)ဘက်ကတော့ ပြန်ပြောတယ်။ အထည် ချုပ်စက်ရုံတွေထဲမှာ  အရမ်း ဆိုးရွားတဲ့ စက်ရုံတွေရှိနေ တယ်ဆိုရင် ပြောပြပေးဖို့၊ သူတို့ကိုယ်တိုင် သွားရောက် စစ်ဆေးတာတွေလုပ်မယ်ဆိုပြီးတော့ပေါ့နော်။ ဒါပေ မယ့် လောလောဆယ် အဲဒီလောက်ကြီး ဆိုးတာတော့ မရှိသေးပါဘူး။ ပြီးတော့ အလုပ်သမားကဏ္ဍမြှင့်တင် ဖို့ စစ်တမ်းတွေနဲ့ ဆက် လက်ပြီးကူညီပေးဖို့ကိုလည်း ပြောခဲ့ပါတယ်” ဟု ဦးသူရိန်အောင်ကဆိုသည်။

အထည်ချုပ်လုပ်ငန်းတွင်းရှိ အလုပ်သမားများ အခြေအနေစစ်တမ်းကို ယခုနှစ်နှစ်ဆန်းပိုင်းမှစတင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး အစီရင် ခံစာတွင် အစိုးရသစ် တက်ပြီး တစ်နှစ်ခန့်ကြာခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်သားများကို တိကျသေချာသည့်ဥပဒေ များဖြင့် အကာအကွယ်ပေးရန်လိုအပ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*