ငြိမ်းချမ်းရေး ဇာတ်သိမ်းခန်း လှစေချင်

ငြိမ်းချမ်းရေး ဇာတ်သိမ်းခန်း လှစေချင်
February 8, 2017 Asian Fame

1:44 pm
ငြိမ်းချမ်းရေး ဇာတ်သိမ်းခန်း လှစေချင်

ub

”မေတ္တာတရားသာလျှင် အဖျက်စိတ်များကို လွှမ်းမိုး၍ အပြုစိတ်များအဖြစ်သို့ ပြောင်းလဲစေနိုင်သော စွမ်းအားရှိသည်။ မုန်းတီးခြင်းသည် ဆန့်ကျင်ဘက်ပုဂ္ဂိုလ်၏ စိတ်သဘောထားကို မာကျောစေရန်ကို သာစွမ်းနိုင်၏”

ဒေါက်တာ ကေသီရိဓမ္မနန္ဒ(ဗုဒ္ဓစာပေပညာရှင်)

မေတ္တာစွမ်းအား

ပါဠိစာပေ၌ မေတ္တာကို အဒေါသ ဟူ၍ ဆိုထားသည်။ ဆိုလိုသည့် သဘောမှာ မေတ္တာတရားတွင် အမျက်ဒေါသမရှိဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ မေတ္တာစိတ်သည် အပြုစိတ်ဖြစ်သည်။ မေတ္တာစိတ်မှာ အပြုစိတ်ပါလာသဖြင့် ပြုပြင်ပြောင်းလဲပေးနိုင် သောစွမ်းအားရှိသည်။ မုန်းတီးခြင်း ဒေါသ စိတ်သည် အဖျက်စိတ်ဖြစ်သည်။ မုန်းတီး စေခြင်း ဒေါသစိတ်တွင် အဖျက်စွမ်းအားသာရှိပါသည်။ မုန်းတီးစေခြင်း ဒေါသစိတ်သည် အဖျက်စွမ်းအားရှိသောကြောင့် ဆန့် ကျင်ဘက်ပုဂ္ဂိုလ်၏ စိတ်သဘောထားကို မာကျောစေနိုင်သည်။ အပြုစွမ်းအားရှိသော မေတ္တာစိတ်သည် အဖျက်စွမ်းအားနှင့် မုန်း တီးခြင်း၊ ဒေါသစိတ်ရှိသော တစ်ဖက်ဆန့်ကျင်ဘက် ပုဂ္ဂိုလ်၏ စိတ်ကို နူးညံ့သိမ်မွေ့ သွားစေနိုင်ပါသည်။

အထက်ဖော်ပြပါ ဗုဒ္ဓစာပေ ပညာရှင် ဒေါက်တာ ကေသီရိဓမ္မနန္ဒ၏ အဆိုအမိန့်သည် ငြိမ်းချမ်းရေး ဖော်ဆောင်နေကြသူများ ကျင့်သုံးဆောင်ရွက်သင့်သော ဆောင် ပုဒ်ဖြစ်သည်ဟု ဆိုချင်ပါသည်။ မေတ္တာတရား၊ ချစ်ခြင်းကရုဏာတရားတို့သည် ထက်မြက်သော စွမ်းအားများပွားများဖြစ် ပေါ်နိုင်သည်ကို အောက်ပါအတိုင်း သတိ ပေးဖော်ပြချက်များကိုလည်း ၎င်းရေးသားသော ‘Why Worry စာအုပ်၊ စာမျက်နှာ ၁၅၉ တွင် အောက်ပါအတိုင်း ရေးသားဖော် ပြထားပါသည်။

ချစ်ခြင်းမေတ္တာနှင့် သနားခြင်း ကရုဏာတို့သည် မုန်းတီးမှုဒေါသအတွက် ဖြေဆေးများဖြစ်၏။ စိတ်စေတနာကောင်းသည် စိတ်ဆိုးခြင်း၏ ဖြေဆေးဖြစ်၏။ အပြုခွန် အားတစ်ခုရှိခြင်းသည် ဆန့်ကျင်ဘက် အ ဖျက်ခွန်အားမရှိခြင်းကို သွယ်ဝိုက်၍ ဖော်ညွှန်းပြ၏။ မေတ္တာကရုဏာနှင့် စိတ်စေတနာ ကောင်းတို့ကို ပြုစုပျိုးထောင်ခြင်းဖြင့် ရရှိ လာသောစိတ်ကူးများကို ကျွန်ုပ်တို့၏ အဖိုး တန်ဆုံးအရည်အသွေးများအဖြစ် အသုံးပြုနိုင်ပါသည်ဟု ဆိုထားပါသည်။

သို့သော် ယနေ့ ပြည်တွင်းစစ် ဖြစ်ပွား နေသည်။ မေတ္တာကရုဏာနှင့် စိတ်စေတ နာကောင်းတို့သည် အဖိုးတန်ဆုံးသော အ ရည်အသွေးများကို နှစ်ဖက်လုံး မေ့လျော့ နေကြပါသည်။ ၎င်းကဲ့သို့ တိုက်ပွဲပြင်ဆင် ဖြစ်ပျက်နေခြင်းတို့နှင့် ပတ်သက်၍ မည် သူမှန်သည်၊ မည်သူမှားသည်ကို အပြစ် သဘော စောကြောမပြောလိုပါ။ မေတ္တာ၊ ကရုဏာတရားနယ်ပယ်မှ ဝေးဝေးမနေကြ ပါနှင့်။ မေတ္တာ၊ ကရုဏာတရားတို့သည် မိမိနှလုံးသားအတွင်းမှာ ထားရှိကြပါ။ ငြိမ်းချမ်းရေးကို အဖျက်တရားစစ်ပွဲတွေနှင့် အ ဖြေမရှာပါနှင့်တော့။ ငြိမ်းချမ်းရေးကို အပြု တရားစွမ်းအားရှိသော မေတ္တာတရား၊ ကရု ဏာတရားတို့နှင့် စားပွဲဝိုင်းထိုင်ပြီး အဖြေရှာကြပါတော့လို့ ပြောချင်၍ ဤဆောင်းပါး ရေးသားလိုက်မိပါတော့သည်။

မေတ္တာ ကရုဏာ တရားများ မေ့လျော့နေကြခြင်း

အမျိုးသားသင့်မြတ်ရေး ၂၁ ရာစု ပင်လုံညီလာခံအစည်းအဝေးကို ၃၁-၈-၂ဝ၁၆ နေ့မှ ၃-၉-၂ဝ၁၆ နေ့အထိ ကျင်းပခဲ့ရာ ငြိမ်းချမ်းရေးညီလာခံ ဇာတ်လမ်းအဖွင့်၏ အက၊ အလှတို့မှာ ရှုမဝသော အကအလှတို့ဖြင့် မေတ္တာ၊ ကရုဏာပန်းများ၏ ရနံ့တို့ သည်လည်း ကြိုင်ခဲ့လှိုင်ခဲ့ပါသည်။ ကမ္ဘာကပင် ရင်သပ်ရှုမောအံ့သြခဲ့ပါသည်။ သို့ သော် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက် နေ့တွင် ငြိမ်းချမ်းရေး ဇာတ်စင်မြင့်ပေါ်တွင် ပါဝင်ကပြခဲ့သော ဇာတ်ဆောင်တစ်ဦးဖြစ်သူ KIO နှင့် ငြိမ်းချမ်းရေးဇာတ်ခုံပေါ်တွင် ပါဝင်ကပြခွင့်မရခဲ့သော TNLA , MNDAA နှင့် AA အဖွဲ့တို့က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖွဲ့ပြီး တပ်မတော်နှင့် စစ်ပွဲ ခင်းကြသည့်သတင်းကို ပြန်ကြားရပြန်တော့သည်။ မေတ္တာတရားများ မေ့ပျောက်နေကြပြီဟူ၍ ဆင်ခြင်လိုက်မိသည်။ တိုက်ခိုက်နေကြသည့် နှစ်ဖက်သော အဖွဲ့များသည် များသောအားဖြင့် ဗုဒ္ဓဘာ သာကိုးကွယ်ကြသူများနှင့် ခရစ်ယာန်ဘာ သာကိုးကွယ်သူများ ဖြစ်ကြသည်။ အဆိုပါ ဘာသာနှစ်ရပ်လုံးက မေတ္တာတရားကို တန် ဖိုးထားကြပါသည်။

ဗုဒ္ဓတရားတော်မှာ ပါဠိတော် ပထမတွဲ မေတ္တာသုတ်- ၄၄၃ တွင် ”မေတ္တာတရား သည် ရန်ကင်းငြိမ်းသည်၊ တစ်စုံတစ်ယောက် ကိုမှ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊ သူ တစ်ပါးကိုလည်း မသတ်ဖြတ်စေ၊ မိမိကိုယ် တိုင်လည်း အနိုင်မယူ၊ သူတစ်ပါးကိုလည်း အနိုင်မယူပေ။ သူတစ်ပါးကိုလည်း အနိုင် မကျင့်စေ”ဟူ၍ ဆိုထားပါသည်။ ခရစ်ယာန်ဘာသာ ဓမ္မာကျမ်းစာသစ်မှာလည်း ”မေတ္တာသည် ဖောက်ပြန်ခြင်း သဘောနှင့် အစဉ်ကင်းစင်၏။ မေတ္တာ တရားသည် ကျေးဇူးပြုတတ်သည်။ မေတ္တာတရားသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ြ<ွကားဝါခြင်း မရှိ၊ မာန်မာနမရှိ၊ ကိုယ်ကျိုးမရှာတတ်၊ အ မျက်ဒေါသ မထွက်တတ်” ဟူ၍ ဖွင့်ဆို ထားပါသည်။

တစ်ဖန် မေတ္တာတရားနှင့် ပတ်သက်၍ ဓမ္မပဒတရားတော်တွင် မေတ္တာတရားသည် သဘာဝနိယာမတရား (Eternal Law) ဖြစ်ကြောင်း ဖွင့်ဆိုထားသည်မှာ ”ဤလော ကတွင် ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် ဘယ် အခါမျှ မပြေငြိမ်းနိုင်ကုန်၊ မေတ္တာဖြင့် သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏။ ဤသဘော အစဉ်အလာမှာ သဘာဝနိယာမ (Eternal Law) ဖြစ်သည်ဟု ဆိုထားပါသည်။ ၎င်းအပြင် ခရစ်ယာန်သူတော်စင်ကြီး မာသာထရီဇာကို ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးပြီးနောက် လူတွေက ကမ္ဘာကြီးငြိမ်း ချမ်းအောင် ဘယ်လိုလုပ်ကြမည်နည်းဟု မာသာထရီဇာကို မေးကြရာ ”ကိုယ့်အိမ် ပြန်ပြီး ကိုယ့်မိသားစုကို ချစ်တာ ငြိမ်းချမ်း ရေးပါ”ဟု ပြန်ဖြေဆိုခဲ့ပါသည်။ ခရစ်ယာန် သူတော်စင်ကြီးကလည်း ငြိမ်းချမ်းရေးကိုလိုချင်ရင် ချစ်ခင်ခြင်း မေတ္တာတရားကိုလက်ကိုင်ထားကြဖို့လိုကြောင်း မိန့်ဆိုထား ပါသည်။ သို့ဖြစ်၍ သေနတ်ကိုင်၍ စစ်ပွဲတွေထဲ မှာ ငြိမ်းချမ်းရေး ရှာမတွေ့နိုင်ပါ။ မေတ္တာ တရားလက်ကိုင်ထားပြီး ငြိမ်းချမ်းရေးစားပွဲ ဝိုင်းမှာ ထိုင်၍ ငြိမ်းချမ်းရေးကို ဆွေးနွေး ရှာဖွေမှ ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ပါ သည်ဟူ၍ မေတ္တာဒဿနအမြင်နှင့် ဆင်ခြင် တင်ပြလိုက်ရပါသည်။

ကြုံတွေ့ခံစားခဲ့ရသည့်
ငြိမ်းချမ်းရေးညှိနှိုင်းမှု ဖြစ်စဉ်များ

(က) ဆိုဗီယက် ရုရှားနှင့် အမေရိကန်တို့ အငြင်းပွားပြဿနာ

မြန်မာ့ပြည်တွင်းစစ် ဖြစ်ပွားပြီး ၂၄ နှစ်အကြာ ၁၉၆၂ ခုနှစ်တွင် ကမ္ဘာကြီးကို အဏုမြူစစ်ပွဲကြီးဖြစ်တော့မည့်ဆဲဆဲတွင် ဆိုဗီယက်ရုရှားက ကျူးဘားနိုင်ငံအား ဒုံး ပစ်စင်များ တည်ဆောက်ပေးမည့်ကိစ္စ ကြောင့်ဖြစ်ပါသည်။ ကျူးဘားသည် အမေရိကန်နိုင်ငံနှင့် နီးကပ်နေ၍ အမေရိကန်က သဘောမတူ ကန့်ကွက်သည်။ ကမ္ဘာ့ကုလသမဂ္ဂသို့ ဖြေရှင်းရန် ထိုပြဿနာ ရောက်ရှိ လာသည်။ ထိုစဉ်က ကမ္ဘာ့ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံသား ဦးသန့်ဖြစ်ပါသည်။ အဏုမြူကမ္ဘာစစ်ပွဲကြီး မဖြစ်စေရန် စေတနာနှင့် ဦးသန့်သည် ကွင်းဆင်းပြီး အချိန်မီ ဖြေရှင်းဆောင်ရွက် ပေးခဲ့သည်။ အောင်မြင်သွားခဲ့သည်။ ထို စဉ်က အမေရိကန်သမ္မတမှာ ဂျွန်အက်ဖ်ကနေဒီ ဖြစ်ပါသည်။ ၎င်းက ”ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ကျေးဇူးတွေကို ကမ္ဘာကြီးက ဆပ်မကုန်ပါဘူး”ဟု ကျေး ဇူးတင်စကား ပြောခဲ့သည်။ မြန်မာနိုင်ငံ သားတို့ ဂုဏ်ယူရမည့် ကျေးဇူးတင်စကား ဖြစ်ပါတော့သည်။ သို့သော် မြန်မာ့ပြည် တွင်းစစ်ကြီးကတော့ စစ်ပွဲတွေ ဖြစ်နေဆဲ၊ ဆွေးနွေးနေကြဆဲ အနှစ် ၇ဝ ခန့် ကြာခဲ့ပြီ ဖြစ်ပါသည်။

(ခ) တော်လှန်ရေး အစိုးရနှင့် ဗကပ တို့ ငြိမ်းချမ်းရေး ညှိနှိုင်းခြင်း

မြန်မာ့ပြည်တွင်းစစ်ဖြစ်ပြီး ၂၅ နှစ် အကြာ၊ ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေး ကောင်စီနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ ငြိမ်းချမ်းရေးညှိနှိုင်းမှု ပြုခဲ့ကြပါသည်။ ဗကပ မှ ဗဟိုကော်မတီဝင်အချို့ကို တရုတ် နိုင်ငံမှ လေယာဉ်နှင့် ခေါ်ယူပေးသည်အထိ အစီအစဉ်များပင် ရှိခဲ့ကြသည်။ သို့သော် နှစ်ဖက်လုံး မေတ္တာတရားနှင့် မေတ္တာအား နည်းကြသောကြောင့်လည်းကောင်း၊ နှစ်ဖက်လုံး အတ္တမာနပြင်းထန်မှုရှိသောကြောင့် လည်းကောင်း၊ ငြိမ်းချမ်းရေး ညှိနှိုင်းမှု မအောင်မြင်ခဲ့ကြပါ။ ဗကပအဖွဲ့ ချောင်းကို ဖြတ်၍ ပဲခူးရိုးမသို့ ပြန်ထွက်ခွာသွားပုံကို သတင်းဓာတ်ပုံဆရာက ဓာတ်ပုံရိုက်ယူထား ပြီး ‘ရှေ့သို့’ ဂျာနယ်တွင် ဖော်ပြထားသည် ကို စာရေးဆရာကြီး အောင်သင်း (ကွယ် လွန်)က ဓာတ်ပုံ၏အနုပညာအလှကို ဖော်ပြရေးသား၍ ငြိမ်းချမ်းရေး မြတ်နိုးကြသော ပြည်သူတို့၏ ခံစားချက်ရှိပုံကို အောက်ပါ အတိုင်း မှတ်ချက်ပြုရေးသားထားပါသည်။ ဖိနပ်လေးတွေ ချွတ်ပြီး လက်မှာကိုင် လျက် ပုဆိုးစလေးတွေ မ,ကာ ချောင်းကို ဖြတ်ကူးနေပုံဖြစ်သည်။ သူတို့ ပြန်ကြလေ ပြီဆိုသည့်အတိုင်း ပြည်သူတို့၏ ရင်ထဲတွင်လည်း ”သြော်၊ သူတို့ တကယ်ပြန်သွားကြပြီကိုး”ဟူသော အသိဖြင့် ဆွေးဆွေး နင့်နင့် ဖြစ်ခဲ့ကြရသည်ဟူ၍ ဖြစ်ပါသည်။

(ဂ)
ညှိနှိုင်းပွဲ၊ ဆွေးနွေးဆဲ၏ ငြိမ်းချမ်းရေးပုံရိပ်

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် သက် တမ်းသည် ၂ဝ၁၇ ခုနှစ်သို့ ရောက်ရှိလာသောအခါ ၆၉ နှစ်အတွင်းသို့ ဝင်ရောက် လာပြီဖြစ်သည်။ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခု နှစ်အထိ သမ္မတဦးသိန်းစိန်လက်ထက်တွင် ငြိမ်းချမ်းရေးအောင်မြင်မှု ခြေလှမ်းများ စတင်လျှောက်လှမ်းလာခဲ့ပါသည်။ နောက် အစိုးရသစ်သမ္မတ ဦးထင်ကျော်လက်ထက် ရောက်လာသောအခါ အမျိုးသားသင့်မြတ် ရေးငြိမ်းချမ်းရေး လမ်းစဉ်ချမှတ်ဆောင် ရွက်ခဲ့ပါသည်။ ထိုလမ်းစဉ်မှာလည်း မေတ္တာ လမ်းစဉ်ပင်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်း စုကြည်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးပထမညီ လာခံကို ၃၁-၈-၂ဝ၁၆ မှ ၃-၉-၂ဝ၁၆ နေ့အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့၍ ကမ္ဘာကပင် ရင်သပ်ရှုမော အံ့သြခဲ့ရသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အဆိုပါ ငြိမ်း ချမ်းရေးဇာတ်လမ်းဖွင့်ပွဲ အလှသည် ကကွက်လည်းမညီ၊ စည်းချက်နှင့် တီးကွက်များလည်း မညီသော်လည်း ငြိမ်းချမ်းရေး ဇာတ်ခုံပေါ် တွင် စုံညီစွာတွေ့မြင်၍ ပြည်သူတို့ ဝမ်းမြောက်စွာ ကြည့်ရှုကြိုဆိုခဲ့ကြပါသည်။

သို့သော် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် အပြန်အလှန် တိုက်ခိုက် ကြသောစစ်ပွဲများ သတင်းကြားရပြန်၍ စစ်ပွဲသည် ငြိမ်းချမ်းရေးအတွက် လမ်း ကြောင်းမဟုတ်ပါဟူ၍ ပြောကြားလိုပါသည်။ မေတ္တာတရားကို မေ့ပျောက်နေကြသည်ကို တွေ့နေရပါသည်။ စိတ်မကောင်းဖြစ်မိပါ သည်။ မေတ္တာနှင့် ကရုဏာတရားတို့သည် မုန်းတီးမှုနှင့် ဒေါသတရားတို့မှ ပေါက်ဖွား လာသောရန်ပွဲနှင့် စစ်ပွဲများအတွက် ဖြေ ဆေးဖြစ်ကြသည်ကို မေ့နေကြပါသည်။ သို့အတွက် လူတို့သည် လူသားများ အပေါ် အကြင်နာတရားထားရန် ပျက် ကွက်သောအခါ မိမိကိုယ်ပိုင် ငြိမ်းချမ်းရေး စိတ်ဓာတ်ကိုပင် ဖျက်ဆီးပစ်ရာ ရောက်ပါ သည်ဟူသော ဒေါက်တာကေသီရိဓမ္မနန္ဒ၏ အောက်ပါ အဆိုအမိန့်ကို မေတ္တာလက် ဆောင် ပေးလိုက်ပါသည်။

When we fail to be kind to all man, we destroy our own peace of mind” ကျွန်ုပ်တို့သည် လူသားများအပေါ် အကြင်နာတရားများထားရန် ပျက်ကွက်သောအခါ ကျွန်ုပ်တို့၏ကိုယ်ပိုင် ငြိမ်းချမ်းရေးစိတ်ဓာတ်ကိုပင် ဖျက်ဆီးပစ်ရာရောက်သည်။မေတ္တာတရားနှင့် မေတ္တာအားကို ငြိမ်းချမ်းရေးတည်ဆောက်ကြရာတွင် မေ့မထားကြပါနှင့်ဟု တင်ပြလိုပါသည်။ ခရစ်ယာန် သူတော်စင် မာသာ ထရီဇာ (ငြိမ်းချမ်းရေးနိုဘယ်ဆုရသူ)၏ ဆိုစကားလေးအတိုင်း မေတ္တာလက်ဆောင် ပေးလိုက်ချင်သည်ကတော့ ငြိမ်းချမ်းရေးဆိုတာ မိမိအိမ်ကိုပြန်လာပြီး မိမိ၏မိသားစုကိုချစ်တာ မေတ္တာထားတာ ငြိမ်းချမ်းရေးပါဟု ဆိုထားပါသည်။ သို့ပါ၍ မြောက်ပိုင်းနယ်မြေမှာ မကျေပွဲဆင်နွှဲနေသော စစ်ပွဲများ ငြိမ်းချမ်းရေးအတွက် ‘မဆင်နွှဲကြပါနှင့်တော့၊ နိုင်ငံတော်နှင့် ပြည်သူများကို ချစ်ကြသူများဖြစ်ကြ၍ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ဇာတ်ခုံပေါ်သို့ ပြန်လည်တက်ရောက်ကြပါတော့’ဟု တင်ပြချင်ပါသည်။ စစ်ကြောင်းသည် ငြိမ်းချမ်းရေးလမ်းကြောင်းမဟုတ်ပါ။ မေတ္တာ လမ်းကြောင်းသာ ငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်ပါသည်။

ငြိမ်းချမ်းရေးအတွက် လက်ဆောင်မွန်

ငြိမ်းချမ်းရေးအတွက် အီတလီပညာရှင် ဖရန်စက်ကိုဖီးထရပ်ခ်ျ၏ ငြိမ်းချမ်းရေးစကားကို လက်ဆောင်စကားပါးလိုက်ချင်ပါသည်။ ၎င်းမှာ-”ဝိသမလောဘ၊ အလိုဆန္ဒ၊ ဝန်တိုစိတ်၊ ဒေါသ၊ မာန်မာနတည်း ဟူသော အန္တရာယ်သင့်ရောက်စေနိုင်သည့် ရန်သူမျိုးငါးပါးသည် ကျွန်ုပ်တို့၏ ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲလျက်ရှိသည်။ ထိုရန်သူမျိုး ငါးပါးတို့ကို အပြီးတိုင် ပယ်သတ်နိုင်ပါမှ ကျွန်ုပ်တို့သည် ထာဝရငြိမ်း ချမ်းရေးနှင့် ရာသက်ပန် မခွဲမခွာယှဉ်တွဲနေထိုင်နိုင်ပါလိမ့်မည်” ဟု မိန့်ဆိုထားပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား အချင်းချင်း ဦးတည်တိုက်ခိုက်သတ်ဖြတ်နေသော စစ်လမ်းကြောင်းသည် ငြိမ်းချမ်းရေးလမ်းကြောင်းမဟုတ်ပါ။

အမှန်မှာ- တိုင်းရင်းသားအချင်းချင်းသည် ငြိမ်းချမ်းရေး၏ ရန်သူ များ မဟုတ်ကြပါ။ ငြိမ်းချမ်းရေး၏ အစစ်အမှန် ရန်သူများ၊ငြိမ်းချမ်းရေးကို အန္တရာယ်သင့်စေသောရန်သူများမှာ ဝိသမလောဘ၊ အလိုဆန္ဒ၊ ဝန်တို စိတ်၊ ဒေါသနှင့် မာန်မာနတို့သာဖြစ်သည်ကို သတိပြုဖို့ လိုအပ်ပါသည်။သို့ဖြစ်ပါ၍ ထာဝရငြိမ်းချမ်းရေးအတွက် ညီအစ်ကို တိုင်းရင်းသား များသည် ညီညွတ်သော အသိစိတ်ဓာတ်မွေးမြူပြီး အချင်းချင်း မတိုက်ခိုက်ကြဘဲ အထက်တွင် ဖော်ပြထားသည့် ငြိမ်းချမ်းရေးကို အနှောင့်အယှက်ပြုနေခြင်းများကို ရှာဖွေချေဖျက် တိုက်ပစ်ကြပါတော့ဟု ဤဆောင်းပါးရေးသားပြီး ဒုတိယအကြိမ် (၂၁) ပင်လုံညီလာခံအစည်း အဝေးကြီးကို ကြိုဆိုလိုက်ပါသည်။

ဆရာဘုန်း(ဥပဒေ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*