အတောင်းအရမ်းကြမ်းတဲ့ ပင်လုံ နိဒါန်း

အတောင်းအရမ်းကြမ်းတဲ့ ပင်လုံ နိဒါန်း
September 7, 2016 Asian Fame

1:53 pm
အတောင်းအရမ်းကြမ်းတဲ့ ပင်လုံ နိဒါန်း

မိမိတို့ သဘောထား၊ မိမိတို့ အဖွဲ့ကိုယ်စားပြုသည့် အစုအဖွဲ့ အသီးသီးမှ သဘောထားများကို ဖတ်ကြားတင်ပြကြသည့် ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံသည် စက်တင်ဘာ ၃ ရက် နေ့တွင် ပြီးဆုံးသွားပြီဖြစ်သည်။ညီလာခံအစီအစဉ်အရ ပထမ နေ့သည် ထိပ်ပိုင်းခေါင်းဆောင်ကြီး များက မိန့်ခွန်းပြောကြားခြင်း၊ စု ပေါင်း ဓာတ်ပုံရိုက်ခြင်းနှင့် ညပိုင်း ညစာစားပွဲလုပ်ခြင်းဖြင့် ပထမနေ့ ကို အဆုံးသတ်ခဲ့သော်လည်း ဒုတိ ယနေ့၊ တတိယနေ့နှင့် စတုတ္ထနေ့ တို့သည် သဘောထားအမြင်တို့ တင်ပြခြင်းဖြင့်သာ အချိန်ကုန်ဆုံး ခဲ့သည်။

Photo Essay (1)
ညီလာခံတွင် သဘောထားအ မြင် တင်ပြသူ စုစုပေါင်း ၇၂ ဦး ရှိခဲ့ပြီး၊ ယင်းတို့က သဘောထားများ စတင်ဖတ်ကြားကြသည့် ညီလာခံ ဒုတိယနေ့တွင် ၃၂ ဦး၊ တတိယ နေ့တွင် ၃ဝ ဦးနှင့် စတုတ္ထနေ့တွင် ၁ဝ ဦးစီနှင့် အသီးသီးတင်ပြခဲ့ကြ သည်။အဆိုပါ ၇၂ ဦးကို ပိုင်းခြား ကြည့်လျှင် အစိုးရဘက်မှ ၅ ဦး၊ လွှတ်တော်ဘက်ခြမ်းမှ ၅ ဦး၊ တပ် မတော်ဘက်မှ ၁ဝ ဦး၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း တို့ဘက်မှ ၁၄ ဦး၊ နိုင်ငံရေးပါတီ တို့ဘက်မှ ၂၂ ဦး၊ ပါဝင်သင့် ပါ ဝင်ထိုက်သူ ၆ ဦး၊ တိုင်းရင်းသား အစုအဖွဲ့မှ ၆ ဦးနှင့် သီးခြားနိုင်ငံ ရေးပါတီခေါင်းစဉ်အောက်က ၄ ဦးတို့ ဖြစ်ကြသည်ကို တွေ့ရသည်။ညီလာခံတွင် ငြိမ်းချမ်းရေးကို ဦးတည်သည့် မတူညီသောသဘော ထားများကို အများစုက ပွင့်ပွင့်လင်း လင်း ပြောဆိုကြသည်။

ထိုထဲမှာမှ နှစ်ပေါင်း ၆ဝ အ တွင်း ပထမဦးဆုံး ပြောခွင့်ရသည့် အခွင့်အရေးကို လက်လွှတ်မခံ သည့် တိုင်းရင်းသားအချို့တို့က လိုချင်သည့် အကြောင်းအရာ၊ ဖြစ် ချင်သည့် ဆန္ဒတို့ကို မကွယ်ဝှက် တမ်း ညီလာခံတွင် ပြောခဲ့ကြသည်။ယင်းပြောဆိုမှုထဲတွင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ဒေသများ တောင်းခြင်း လည်း ပါဝင်လာခဲ့သည်။ပြီးခဲ့သည့် အစိုးရလက်ထက် ကတည်းက ပြည်နယ်အဆင့်ပေး ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည့် ‘ဝ’သည် ယခုတစ်ကြိမ်တွင် ယင်း၏ မူလ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ မြို့နယ်အပြင် ယင်းတို့နှင့်စပ်ဆက် လျက်ရှိသော ကျိုင်းတုံခရိုင်ကိုပါ ထည့်သွင်း၍ ပြည်နယ်အဆင့်သတ် မှတ်ပေးရန် တောင်းဆိုခဲ့သည့်အ ပြင် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီက ကချင် ပြည်နယ်အတွင်းရှိ မြို့နယ်တချို့ ဖြစ်သောမြစ်ကြီးနား၊ မိုးညှင်း၊ ဗန်း မော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့ဖြစ်သော ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ဒေသများကိုစုပေါင်း ကာ ရှမ်းနီပြည်နယ်အဖြစ်လည်း ကောင်း၊ လီဆူအမျိုးသားတိုးတက် ရေးပါတီ (ဒူးလေးပါတီ) က ကချင် ပြည် နယ် ဆော့လော်မြို့နယ်နှင့် ချီဖွေမြို့နယ်တို့ကို ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အဖြစ်လည်းကောင်း စသဖြင့် အသီးသီးတောင်းဆိုခဲ့ရာ ငြိမ်းချမ်းရေး ညီလာခံ စောင့် ကြည့် သူတို့ မျက်လုံးပင့်ကုန်သည်အထိ ဖြစ်ကုန်တော့သည်။

ယခု တောင်းဆိုမှုအတိုင်းသာ ခွင့်ပြုလိုက်လျှင် ကိုယ်ပိုင်အုပ်ချုပ် ခွင့် ဒေသများစွာ နိုင်ငံတွင်ပေါ်လာ တော့မည်။ ခက်သည်က လက်ရှိ ကျင့်သုံးနေသည့် ၂ဝဝ၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း၂၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်စု ရရှိရေးနှင့်ပတ်သက်၍ ချမှတ်ထား သည့်အခြေခံမူတွင် ညီလာခံတစ် ရပ်၌တင်သွင်း တောင်းဆိုလိုက် သည်နှင့် ရရှိလိမ့်မည်မဟုတ်ပေ။”ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ မှာ ဒီကိစ္စကို တင်းတင်းကျပ်ကျပ် လုပ်ထားတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်မရှိဘဲ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွေဆိုတာ ရှေ့ဆက် ဖြစ်ဖို့မလွယ်ဘူး”ဟု ညီလာခံသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား ကိုယ်စား လှယ်တစ်ဦးက ဆိုသည်။ယင်းဒေသတို့တွင် နေထိုင်ကြ သော ပြည်သူထက်ဝက်ကျော် မ ထောက်ခံလျှင်မရပေ။ ထောက်ခံ လျှင်ပင် သက်ဆိုင်ရာ တိုင်းဒေသ ကြီး (သို့) ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းတို့၏ လေးပုံပုံ သုံးပုံနှင့်အထက် ထောက် ခံမှသာ ရရှိလိမ့်မည်ဖြစ်သည်။ကန့်ကွက်သူများ ရှိခဲ့ပါက နောက်ဆုံး ပြည်ေ ထာင်စုလွှတ် တော်တွင် အဆုံးအဖြတ် ခံယူရ မည်ဖြစ်ပြီး လွှတ်တော်အမတ်ဦးရေ လေးပုံသုံးပုံနှင့်အထက် ထောက်ခံ မှသာ ဆောင်ရွက်၍ ရမည်ဖြစ်သည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂ဝဝ၈ ၌ ‘ဝ’ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်နှင့်ကိုးကန့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဟူ၍ ဒေသ ၅ ခု ကိုသာ သတ်မှတ်ပေးထားသည်။ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ်အဆင့် သတ်မှတ်လိုပါက လည်း ယင်းနည်းလမ်းအတိုင်းပင် ဆောင်ရွက်ရမည် ဖြစ်သည်။ထို့နည်းတူ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများလိုချင်ပါက ထိုနည်း အတိုင်း တောင်းဆိုမှုမဟုတ်လျှင် ရမည်မဟုတ်ပေ။ညီလာခံတွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ သတ်မှတ်ပေးရေး သဘော ထားတင်သွင်းခဲ့သည့် တိုင်းလိုင်ရှမ်း နီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဦးဝင်းခေါင်က ”တိုင်းရင်း သားတွေကနှစ်ပေါင်းများစွာ ဖိနှိပ် ခံခဲ့ရတယ်။ ဒီတော့ မကျေနပ်ချက် တွေ များတယ်။ ဒါတွေကို အရင် က ထုတ်ဖော်ပြောဆိုလို့မရခဲ့ဘူး။ အခု ဒီညီလာခံမှာ ပြောခွင့်ရတဲ့အ ချိန်မှာ ပြောကြရတာပါ။ ဒါကို တော့ နားလည်ပေး ဖို့လိုပါတယ်” ဟု ညီလာခံ အပြီးတွင် မီဒီယာ များကို ပြောခဲ့သည်။

အခြားသော အဖွဲ့အစည်းများ ကလည်း တန်းတူညီမျှမှုမရရှိခဲ့ သည့်အတွက် ယခုကဲ့သို့ တောင်း ဆို ခြင်းဖြစ်ကြောင်း ဆိုသည်။ညီလာခံကျင်းပရေးပူးတွဲ ကော် မတီမှ တာဝန်ရှိသူများကလည်း ယခုညီလာခံတွင် တင်သွင်းခဲ့သော သဘောထားစာတမ်းများကို မှတ် တမ်းအဖြစ်ထားရှိပြီး အားလုံးထဲမှ တူညီရာ သဘောထားများကို စု စည်း မှတ်တမ်းတင်သွားမည်ဖြစ် ကြောင်းဆိုခဲ့သော်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတောင်းဆိုသွား မှုများအပေါ်တွင် သီးခြားတစ်စုံ တစ်ရာ မှတ်ချက်ပြုခဲ့ခြင်းမျိုးမရှိပေ။ယင်းတွင် အစိုးရအနေဖြင့် ထပ်မံကြုံတွေ့ရဦးမည့် ကိစ္စတစ်ခု မှာ မကြာမီပြုလုပ်တော့မည့် ဒေသ အလိုက် အမျိုးသားအဆင့် နိုင်ငံ ရေး ဆွေးနွေးပွဲများတွင်လည်း ယခုကဲ့ သို့ ပြည် နယ်/ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ တောင်းဆိုမှုများ ရှိလာနိုင်ဦးမည်ဖြစ်သည်။

ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီ၏ ပြောဆိုမှုအရ အဆို ပါ အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲများမှ တူညီရာအချက်များကို စုစည်း၍ ၆ လတစ်ကြိမ်ပြုလုပ်မည့် ညီလာခံသို့ တင်သွင်းမည်ဖြစ်ရာ အဆိုပါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ/ပြည်နယ် တောင်းခြင်းကိစ္စ သည် အစိုးရသစ်အတွက် ထပ်မံကြုံ တွေ့ရဦးမည့် ကိစ္စတစ်ရပ် ဖြစ်နေ သည်။လက်ရှိ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ခွင့်မရရှိခဲ့ပေ။ ညီလာခံတက် ရောက်ခွင့် မရရှိသည့် တအာင်း၊ ပလောင် TNLA အဖွဲ့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တစ်ခု တောင်းဆိုမည်ဟု ညီလာခံ မတိုင်မီက မီဒီယာသို့ ပြောကြား ထားခဲ့ဖူးသည်။ထို့ကြောင့် ညီလာခံ တက် ရောက်ခွင့် မရှိသည့် တိုင်းရင်းသား လူမျိုးများကလည်း ထပ်မံ၍ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ/ပြည်နယ်များ တောင်းဆိုစရာ ရှိသေးသည်ကို တွေ့ရှိရသည်။ အခြားတစ်ထောင့် တစ်ဒေသမှကြည့် ပါလျှင် လည်း ယခုတောင်း ဆိုသွားကြသော ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ/ပြည်နယ်များကို ခွဲဝေ သတ်မှတ်ပေးလိုက်ပါက တိုင်းရင်း သားလူမျိုးများ အချင်းချင်းကြား အငြင်းပွားမှုများဖြစ်ပွားလာနိုင်သည်။

တိုင်းလိုင်ရှမ်းနီပါတီက တောင်း ဆိုမှုကို ကန့်ကွက်သည့်အဖွဲ့များ ဒေသခံများရှိနေခြင်း၊ အလားတူ လီဆူအမျိုးသား တိုးတက်ရေးပါ တီ၏ လီဆူကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသေ တာင်းဆိုမှုအပေါ် ဒေသ ခံတို့ကပင် ကန့်ကွက်နေခြင်းများ ကလည်း ရက်ပိုင်းအတွင်းမှာပင် ထွက်ပေါ်လာသည်။အထူးသဖြင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ/ပြည်နယ်တောင်း ဆိုခဲ့ကြမှု အများဆုံးဖြစ်သော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ သည် လက်ရှိတွင် ပြည်တွင်းစစ် အဖြစ် များဆုံး ဒေသများဖြစ်သည့် အပြင် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ အများဆုံးလှုပ်ရှားရာ ဒေသများဖြစ်သည်။ကချင်ပြည်နယ်သည် KIA၏ အဓိကဌာနချုပ်ဖြစ်သကဲ့သို့၊ ရှမ်းပြည်နယ်သည်RCSS/SSA ၊SSPP/SSAတို့၏ အဓိကဌာနချုပ်များ တည်ရှိရာဒေသဖြစ်သည်။ ထို့ ပြင် အခြားတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ၊ခွဲထွက် အဖွဲ့အစည်းပေါင်းများ စွာလှုပ်ရှားရာ ဒေသဖြစ်သည့်အတွက် ကချင်ပြည်နယ်တွင်း မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် တို့ကိုပေါင်းသည့် တိုင်းလိုင်ရှမ်းနီ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတောင်းဆိုမှုသည် ယင်း ဒေသအခြေစိုက် ကချင်လူထုနှင့် ကချင်လက်နက်ကိုင် အဖွဲ့များ ကြား အဆင်မပြေမှု ဖြစ်ပွားလာ နိုင်သည်။

ရှမ်းပြည်နယ်အတွင်း တောင်းဆိုမှုမှာလည်း ယင်းအ တိုင်းပင်ဖြစ်သည်။ထို့ကြောင့် နောင်ကျင်းပဦး မည့် ညီလာခံများသည် ပိုမိုရှုပ် ထွေးလာနိုင်သည့် အနေအထား မျိုးရောက် လာနိုင်သည်ဟု သုံးသပ် သူများရှိနေသည်။သို့သော် နောင်ညီလာခံများ ကို ယခုကဲ့သို့တစ်ဖွဲ့ချင်းစီ သဘော ထားတင်သွင်းမှုပုံစံဖြင့် မသွားတော့ ဘဲ အစုအဖွဲ့ပုံစံဖြင့် သွားမည် ဟု သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားခဲ့သည်။ထို့အတွက်ကြောင့် တစ်ဖက် တွင်လည်း အချင်းချင်းအပြန်အ လှန်ထိန်းချုပ်မှုဖြင့် ဆွေးနွေးသွား မည့်ပုံစံဖြစ်ရာ ရှုပ်ထွေး မှုမရှိနိုင်ဟု သုံးသပ်သူများကလည်း ရှိပြန်သည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရဖြစ်ဖြစ်၊ အဖွဲ့အစည်း ဖြစ် ဖြစ် ပြည်သူလူထု ၏ ထောက်ခံမှု မရှိလျှင် မည်သည့်ကိစ္စကိုမှ အောင် မြင်အောင် လုပ်ဆောင်နိုင်မည် မ ဟုတ်ကြောင်းနှင့် ပြည်သူလူထု၏ ယုံကြည် ထောက်ခံလေးစားမှုရ အောင် လုပ်စေလိုေ ကြာင်း ညီလာ ခံနောက်ဆုံးနေ့ နိဂုံးချုပ်စကား တွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် ယခင်ကဖြစ်ခဲ့ သောအတိတ်ကို ပြန်ပြောင်းလှည့် ကြည့်သူများ၊ နောင်လာမည့်အနာ ဂတ်ကို မျှော်ကြည့်သူများ စသဖြင့် မျိုးစုံကိုညီလာခံတွင် မြင်တွေ့ ခဲ့ရ ကြော င်းနှင့် နောင်အနာဂတ်ကို သာ အားလုံးမျှော်ကြည့်ရန် မျှော် လင့်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းခဲ့သည်။”ပြည်သူတွေက ကြည့်နေကြ ပါတယ်။ ပြည်သူေ တွကနားထောင် နေကြပါတယ်။ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။ ပြည်သူ တွေက သုံးသပ်နေကြပါတယ်။ ဘယ်သူတွေဟာ ဘယ်လိုစိတ်ထား ရှိတယ်။ ဘယ်လို ပြဿနာေ တွဖြစ် ဖြစ် ကျွန်မတို့တွေ အားလုံး ကျော် လွှားရမယ်။ ဘယ်သူတွေက ကျွန်မ တို့နိုင်ငံအတွက် အဓိက စေတနာ ထားပြီးကြိုးစားမယ်ဆိုတာကို ပြည် သူတွေက ဆုံးဖြတ်မှာပါ။ ကျွန်မတို ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောသည်။