မြန်မာအပါအဝင် ထိုင်းရှိ ရေလုပ်သားများ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်၍ အထောက်အထား ပြုလုပ်ရန် လိုနေ

မြန်မာအပါအဝင် ထိုင်းရှိ ရေလုပ်သားများ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်၍ အထောက်အထား ပြုလုပ်ရန် လိုနေ
February 1, 2017 Asian Fame

3:19 pm
မြန်မာအပါအဝင် ထိုင်းရှိ ရေလုပ်သားများ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်၍ အထောက်အထား ပြုလုပ်ရန် လိုနေ

Worker copy

ရဲလွင်
ရန်ကုန်၊ ဇန်နဝါရီ ၃၁

ထိုင်းရှိ ရွှေ့ပြောင်းရေလုပ် သားများ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးမည်ဖြစ်သဖြင့်လာမည့် ၂ လ အတွင်း  CI စာအုပ်(သို့)သက်သေ ခံ အထောက်အထားများ ပြုလုပ်ရ တော့မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၂၄ ရက် နေ့တွင် ထိုင်းနိုင်ငံရှိလှေလုပ်သား များမှာ ဘတ်ကတ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်သည်။

ပင်လယ်စာ ထုတ်လုပ်သည့် လုပ်သားများမှာလည်း လာမည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ် သည်။

ထို့ကြောင့် ယင်းလုပ်သားများ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်သက် တမ်းကုန်ဆုံးပြီးပါက ထိုင်းအစိုးရမှ နေရပ်သို့ ပြန်ပို့ခြင်းများပြုလုပ် မည်ဖြစ်သည့်အတွက် ယင်းမတိုင် မီ ထိုင်းရှိ မြန်မာရေလုပ်သားများကို အစိုးရမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်နှင့်  နိုင်ငံကူး လက်မှတ်များ ပြုလုပ်ရန် လိုအပ် နေပြီဖြစ်ကြောင်း  သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် MWRN  ဥက္ကဋ္ဌ ဦး စိန်ဌေး က ”ဒီရေလုပ်သားတွေက  ဖေဖော်ဝါရီ ၁ ရက်နေ့က မတ်လ ၃၁ ရက်နေ့အတွင်း နေထိုင်ခွင့် သက်တမ်းတိုးရမယ်။ ပြီးရင် အထောက် အထားတွေ လုပ်ရ မယ်။ CI စာအုပ်ထုတ်ပေးဖို့ကိစ္စ လည်း အစိုးရက ဟိုနေ့ ထုတ် ပေးမလို ဒီနေ့ထုတ်ပေးမလိုနဲ့ ခုထိ မဖြစ်သေးဘူး” ဟု ဆိုသည်။

လက်ရှိတွင် မြန်မာအစိုးရ အနေဖြင့် ထိုင်းရှိ မြန်မာလုပ်သား များကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI ထုတ် ပေးရန် စီစဉ်လျက်ရှိပြီး၊ စာအုပ် ထုတ်ပေးရန်လည်း အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်း ပြောဆိုထား သော်လည်းယနေ့ထိ CI စာအုပ် ထုတ်ပေးခြင်းကိစ္စများ ပြုလုပ် နိုင်ခြင်းမရှိသေးပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ လည်း အလုပ်သမားနှင့်လဝက ဝန်ကြီးဌာန၊ ရွှေ့ပြောင်းလုပ် သားရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦးက CI စာအုပ်ထုတ်ပေး ရေးအတွက် အဆင်သင့်ဖြစ်နေပြီး မကြာမီတွင် စင်တာများဖွင့်လှစ်ထုတ်ပေးတော့ မည်ဖြစ်ေ ကြာင်း ဖြေ ကြားထားသည်။

ယခု သက်တမ်းကုန်ဆုံး တော့မည့် ထိုင်းနိုင်ငံရှိ ရေထွက် ကုန်လုပ်ငန်း လုပ်သားများသည် လာမည့် ဖေဖော်ဝါရီမှ မတ်လ  အတွင်း သက်တမ်းတိုးမှုပြုလုပ်ပါ က နိုဝင်ဘာ  ၁ ရက်နေ့ထိ ထိုင်း နိုင်ငံအတွင်း နေထိုင်ခွင့်ရမည်ဖြစ် သည်။

ယင်းကာလအတွင်း မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI (သို့) အထောက် အထားတစ်ခုခုပြုလုပ်ရမည်ဖြစ် သည်။
ယင်းကာလ လွန်မြောက်ပါက ထိုင်းအစိုးရအနေဖြင့် နိုင်ငံတွင်း စိစစ်မှုများပြုလုပ်၍ အထောက် အထားမရှိပါက နေရပ်သို့ပြန်ပို့ မည်ဟု ကြေညာထားသည်။

လက်ရှိ အသစ်ထုတ်ပြန်ထား သော ထိုင်းလူကုန်ကူးမှုတိုက်ဖျက် ရေးဥပဒေအရ ရေလုပ်သားများကို သက်တမ်းတိုးပေးတော့ မည်မဟုတ် ဟူသော သတင်းများထွက်ပေါ် လျက်ရှိပြီး ယင်းကိစ္စနှင့်ပတ်သက် ၍လည်း MWRN ဥက္ကဋ္ဌ ဦးစိန်ဌေး က လူကုန်ကူး ဥပဒေနှင့်မသက်ဆိုင် ကြောင်း၊ ယင်းသတင်းများသည် မှားယွင်းနေကြောင်း ဆိုသည်။

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများတွင် ရေလုပ် ငန်းနှင့် ပင်လယ်ထွက်ပစ္စည်း လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသူ သုံးသောင်းခန့်ရှိကြောင်း MWRN မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*