သမ္မတဟောင်းဦးသိန်းစိန် ဂျပန်နိုင်ငံသို့ ဆုယူရန်သွားမည်

သမ္မတဟောင်းဦးသိန်းစိန် ဂျပန်နိုင်ငံသို့ ဆုယူရန်သွားမည်
January 11, 2017 Asian Fame

4:25 pm
သမ္မတဟောင်းဦးသိန်းစိန် ဂျပန်နိုင်ငံသို့ ဆုယူရန်သွားမည်

PNews
နေပြည်တော်၊ ဇန်နဝါရီ ၉

သမ္မတဟောင်း ဦးသိန်းစိန် သည် ဂျပန်နိုင်ငံ နရခရိုင်တွင် ကျင်းပမည့် The Asia Cos­mopolitan Awards (Grand Prize) ဆုချီးမြှင့်ပွဲသို့ ဆုယူရန် သွားရောက်မည်ဟု သတင်းရရှိ သည်။

ယင်းဆုသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ ကွာဟနေမှု များလျော့ကျစေရန် လုပ်ဆောင် ကြသည့် အာရှနှင့်ကမ္ဘာ့နိုင်ငံ အသီးသီးမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်းများကို ပေးအပ်သည့် ဆုဖြစ်ပြီး လာမည့်ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဆုချီးမြှင့်ပွဲ ပြုလုပ်မည်ဖြစ်သည်။

ဝန်ကြီးဟောင်း ဦးအုန်းမြင့် က ဦးသိန်းစိန် ယင်းဆုရခဲ့ခြင်း မှာ နိုင်ငံအတွင်းသာမက ဒေသ တွင်းနိုင်ငံများအတွင်းပါ ၅ နှစ် တာအတွင်း   ပြုပြင်ပြောင်းလဲ နိုင်ခဲ့သည့်အတွက်ကြောင့် ဖြစ် သည်ဟု ဆိုသည်။

ဂျပန်နိုင်ငံသို့ သမ္မတ ဟောင်း ဦးသိန်းစိန်နှင့်အတူ ဝန်ကြီးဟောင်းများဖြစ်သည့် ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးဝင်း မြင့် အစရှိသူတို့လည်း လိုက်ပါ သွားမည်ဟု သိရသည်။

ယခု ဂျပန်နိုင်ငံခရီးစဉ် သည် ဦးသိန်းစိန်အတွက် နိုင်ငံ တော်အာဏာကို လွှဲပြောင်းပြီး ၉ လအကြာ သမ္မတဟောင်း၏ ပထမဦးဆုံး   ပြည်ပခရီးစဉ်ဖြစ် သည်။

ထိုဆုကို ဂျပန်နိုင်ငံအခြေ စိုက် အာဆီယံနှင့် အရှေ့အာရှ ဆိုင်ရာစီးပွားရေးသုတေသန အင်စတီကျုက အာရှ၊ အရှေ့ အာရှနှင့် ကမ္ဘာ့ဒေသများတွင် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာလုပ်ငန်းများ ၌ အကောင်းဆုံးစွမ်းဆောင်နိုင် သူများအား နှစ်နှစ် လျှင် တစ်ကြိမ် ရွေးချယ်ပေးအပ်လေ့ ရှိသည်။

ဦးသိန်းစိန် ယင်းဆုရရှိ ကြောင်း ၄င်းအဖွဲ့ကကြေညာစဉ် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုက ဝမ်းမြောက်ဂုဏ်ယူ ကြောင်း   ကြေညာခဲ့ဖူးသည်။

ဦးသိန်းစိန်မတိုင်မီ ယင်း ဆုကိုရရှိခဲ့ဖူးသူမှာ အိန္ဒိယ ဝန်ကြီးချုပ် မစ္စတာမန်မိုဟန် ဆင်း ဖြစ်သည်။

ကွယ်လွန်သူ နိုင်ငံရေးသိပ္ပံ ပညာရှင် ဘင်းဒစ်အန်ဒါဆန်၊ ကမ္ဘောဒီးယားမှ ရုပ်ရှင်ထုတ် လုပ်သူ ရစ်သီပန်နှင့် ကုလသမဂ္ဂ ကုန်သွယ် မှုနှင့်ဖွံ့ဖြိုးရေး ညီလာခံ အတွင်းရေးမှူးချုပ်ဟောင်း စူပါ ချိုင်းပန်နစ်ပက်ကဒီ တို့သည် လည်း ယင်းဆုကို ရရှိခဲ့ကြဖူး သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*