လုပ်ငန်းရှင်များ၏ ပို့ကုန်ငွေများ ပြည်တွင်းသို့ အပြည့်အဝ ပြန်ရောက် မရောက် သက်ဆိုင်ရာဌာနများက စိစစ်သွားမည်ဟုဆို

လုပ်ငန်းရှင်များ၏ ပို့ကုန်ငွေများ ပြည်တွင်းသို့ အပြည့်အဝ ပြန်ရောက် မရောက် သက်ဆိုင်ရာဌာနများက စိစစ်သွားမည်ဟုဆို
January 11, 2017 Asian Fame

3:38 pm
လုပ်ငန်းရှင်များ၏ ပို့ကုန်ငွေများ ပြည်တွင်းသို့ အပြည့်အဝ ပြန်ရောက် မရောက် သက်ဆိုင်ရာဌာနများက စိစစ်သွားမည်ဟုဆို

နေပြည်တော်၊ ဇန်နဝါရီ ၁ဝ

ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ငွေ များ ပြည်တွင်းသို့ အပြည့်အဝ ပြန်ရောက် မရောက် သက်ဆိုင်ရာဌာနများက စိစစ် သွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးထွန်း ထွန်းနိုင်က ပြောသည်။

ယင်းမှာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းကျင်းပသည့် နိုင်ငံ ခြားငွေလဲလှယ်နှုန်းဆိုင်ရာကိစ္စရပ်များ အတွက် ပုံမှန်ညှိနှိုင်းအစည်းအဝေးမှ ထွက်ပေါ်လာသည့်   ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟု သူက ဆိုသည်။

”စစ်ဆေးမှာ မဟုတ်ဘူး။ စိစစ်မှာ”ဟု ဦးထွန်းထွန်းနိုင်က ဆက်ပြောသည်။

အစိုးရသစ် စတင်တာဝန်ယူသည့် အချိန်မှစ၍ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအထိ ပြည်ပသို့တင်ပို့သည့်ပမာဏမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၃ဝဝ ကျော်ရှိနေသည်။

ထိုထဲမှမည်သည့်ပမာဏက ပြည်တွင်း သို့ရောက်ပြီး မည်သည့်ပမာဏက ပြည်ပ တွင်ဆက်ရှိနေသည်ကို ဝန်ကြီးဌာနက သိရှိလို သည့်အတွက် စိစစ်ခြင်းဖြစ်သည် ဟု ၄င်းကထပ်လောင်းဆိုသည်။

မကြာသေးသည့်ကာလကလည်း ဗဟို ဘဏ်က နိုင်ငံခြားဘဏ်စာရင်းများ တင်ပြ ကြရန် စာထုတ်ခဲ့သည့်အပြင် ပြည်တွင်း ငွေပေးချေ မှုများဆောင်ရွက်ရာတွင်လည်း မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ထပ်မံညွှန်ကြားခဲ့သည်။

ယင်းအပြင် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် မိမိလက် အောက်ခံ အဖွဲ့အစည်းများ၊ ဆက်စပ် ဆောင်ရွက်လျက်ရှိသော အစိုးရနှင့်ပုဂ္ဂလိက လုပ်ငန်းများ၊ အဖွဲ့အစည်းများအတွင်း ကုန်ပစ္စည်းများ ဝယ် ယူရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်းများအတွက် ပေးချေခြင်း၊ ဈေးနှုန်းဖော်ပြခြင်းကိစ္စ ရပ်များတွင် နိုင်ငံခြားသုံးငွေဖြင့် သတ်မှတ် ခြင်း၊ တောင်းခံ/သုံးစွဲခြင်းမပြုဘဲ ပြည် တွင်းသုံးကျပ်ငွေဖြင့်သာ ဆောင်ရွက်သွား ရန်လည်းဗဟိုဘဏ်ကညွှန်ကြားထားသေး သည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*