မြန်မာသို့လာလည်သော စင်းလုံးငှားလေယာဉ်များကို ပြည်တွင်း လေဆိပ်များတွင်လည်း ဆင်းသက်ခွင့်ပြုပြီ

မြန်မာသို့လာလည်သော စင်းလုံးငှားလေယာဉ်များကို ပြည်တွင်း လေဆိပ်များတွင်လည်း ဆင်းသက်ခွင့်ပြုပြီ
December 22, 2016 Asian Fame

1:49 pm
မြန်မာသို့လာလည်သော စင်းလုံးငှားလေယာဉ်များကို ပြည်တွင်း လေဆိပ်များတွင်လည်း ဆင်းသက်ခွင့်ပြုပြီ

မေဇင်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ပြည်ပဧည့်များ မြန်မာပြည်သို့ စင်း လုးံငှားလေယာဉ်များဖြင့် လာရောက်ရာ တွင် ယခင်က အပြည်ပြည်ဆိုင်ရာ လေ ဆိပ်များတွင်သာ ဆင်းသက်ခွင့်ပြုထား သော်လည်း ယခုနောက်ပိုင်းတွင် ပြည် တွင်း လေဆိပ်များတွင်ပါ ဆင်းခွင့်ပြု ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှ င့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရ သည်။

”ကိုယ်ပိုင်လေယာဉ်တွေနဲ့ မြန်မာ ပြည်ထဲကို ခရီးသည်တွေ စဝင်နေပါပြီ။ ခုဆို ဘန်ကောက်ကလာတယ်။ ချင်းမိုင် က လာတယ်ပေါ့။ အဲဒါလည်း ကျွန် တော်တို့ ခွင့်ပြုပါတယ်။ သို့သော်လည်း သူတို့ ကိုယ်ပိုင်လေယာဉ်နဲ့ ဝင်လာတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ အပြည်ပြည် ဆိုင်ရာ ဝင်ထွက်ပေါက် လေဆိပ် ၃ ခု ကိုတော့ အရင်ဖြတ်ရမယ်။ ဥပမာ ဘန် ကောက်က လာမယ်။ ပုဂံကို တန်းဆင်း လို့ မရဘူး။ ဟဲဟိုးကိုတော့ တန်းဆင်းလို့ မရဘူး။ ဘန်ကောက်က လာမယ်၊ မန္တလေးကို ဝင်မယ်။ပြီးရင် ဟဲဟိုးကို သွားမယ်။

ဟဲဟိုးကနေ ပြန်ထွက်ရင် ခွင့်ပြုပါတယ်။ ဒါလည်း နိုင်ငံတော်ကို တင်ပြပြီး ဆောင်ရွက်ထားခြင်း ဖြစ်ပါ တယ်”ဟု ၄င်းက ပြောသည်။

ထိုသို့ ကိုယ်ပိုင်လေယာဉ်များဖြင့် လာရောက်သူများကို ဆိုက်ရောက်ဗီဇာ ဖြင့် ဝင်ရောက်ခွင့် ပြုပေးနေသလို ကမ္ဘာလှည့် အပျော်စီး သင်္ဘောများဖြင့် လာရောက်သူများကိုလည်း ဆိုက် ရောက်ဗီဇာ ခွင့်ပြုပေးလျက်ရှိကြောင်း ၄င်းက ပြောသည်။

အပျော်စီးသင်္ဘောများ၊ ကိုယ်ပိုင် လေယာဉ်များဖြင့် လာရောက်မည့်ဧည့် များအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး ဝန်ကြီးဌာနတို့သို့ ခွင့်ပြုချက် ကြိုတင်ရကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ”အ ရင်ကတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးလေဆိပ်တွေ မှာပဲ ဆင်းခွင့်ပြု ထားတာ၊ ခုနောက်ပိုင်းတော့ သူတို့ ပုဂံ မှာဆင်းချင်ရင် လဝက က ပုဂံမှာ ထိုင် ပေးတယ်။ ပြည်တွင်းတွေပါ ဆင်းခွင့်ပြု ထားတယ်” ဟု ပြောသည်။

လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာနအနေဖြင့် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် နိုင်ငံခြားက ရင်းနှီးမြုပ်နှံသူများ ပညာရှင်များအား လုံး လွယ်လင့်တကူဝင်ရောက် ရင်းနှီး မြှုပ်နှံနိုင်အောင် ဗီဇာပေါ်လစီကို ၂ဝ၁၂ ခုနှစ်တွင် ချမှတ်ခဲ့ကြောင်း၊ ယခု အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် အကြီးအကဲများ၏ ညှိနှိုင်းမှုအရ ဗီဇာ ၁၂ မျိုးကို ပြင်ဆင်သတ်မှတ်ပြီး ဖြေ လျှော့ပေးခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*