ချောင်းသာအနီးရှိ ဖိုးကုလားကျွန်းတွင် ဟိုတယ်သစ်တစ်ခု စဖွင့်

ချောင်းသာအနီးရှိ ဖိုးကုလားကျွန်းတွင် ဟိုတယ်သစ်တစ်ခု စဖွင့်
May 4, 2017 Asian Fame

4:29 pm
ချောင်းသာအနီးရှိ ဖိုးကုလားကျွန်းတွင် ဟိုတယ်သစ်တစ်ခု စဖွင့်

Pho Kalar

မေဇင်ဝင်း
ရန်ကုန်၊ ဧပြီ ၂၈

ပင်လယ်ကမ်းခြေတွင် အေးချမ်းစွာ အပန်းဖြေ လိုသူများအတွက် ချောင်းသာကမ်းခြေအနီးရှိအောင် မင်္ဂလာကျွန်း (ဖိုးကုလားကျွန်း)တွင် Coral View Resort ကို စတင်ဖွင့် လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်ကို ယခုလအတွင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် ၃ဝ ရာခိုင်နှုန်းလျှော့ဈေးဖြင့် တည်းခိုနိုင် မည်ဖြစ်ကြောင်း၊ ဘန်ဂလိုပုံစံများ လုပ်ဆောင်ထားခြင်းဖြစ်၍ မိသားစု လိုက် တည်းခိုလိုသူများအတွက် လည်း အဆင်ပြေကြောင်း အဆိုပါ ဟိုတယ်မှ Operation မန်နေဂျာ ကိုမောင်မောင်ဦးက ပြောသည်။

”ဘန်ဂလိုတွေအကုန်လုံးက Sea View တွေချည်းပါပဲ။ ဖိုးကုလားကျွန်းဘက်ကျတော့ သဘာဝပတ်ဝန်းကျင်လည်း မပျက်စီးသေးဘူး။ နောက်ဘက်မှာလည်း တောရှိတော့ အားလုံးကသဘာဝအတိုင်း ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

လာရောက် အပန်းဖြေသူများသည် ချောင်းသာသို့ သွားရောက် ဈေးဝယ်ထွက်လိုပါကလည်း Speed Boat ဖြင့် အခမဲ့လိုက်ပို့ပေးမည်ဖြစ် ပြီး ကမ်းခြေတွင် ရေကစားခြင်း၊ ကနူးလှေလှော်ခြင်းတို့ကိုလည်း ပြု လုပ်နိုင်မည်ဟုသိရသည်။ ထို့ပြင် ငှက်ကျွန်း၊ သဲဖြူကျွန်း၊ ငွေဆောင်တို့သို့ သွားရောက်လည်ပတ်နိုင် အောင်လည်း စီစဉ်ပေးထားကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် Coral View Resort ကို ဘန်ဂလို ၂၄ လုံးဖြင့် စတင်ဖွင့် လှစ်ထားပြီး နောက်ပိုင်းတွင် အလုံး ၅ဝ အထိတိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ချောင်းသာသို့ လာရောက်လည်ပတ်သူများသည် ပင်လယ်ကို အပေါ်စီးမှ မြင်နိုင်သော ဖိုးကုလား ကျွန်းသို့လည်း သွားရောက်လည်ပတ်လေ့ရှိကြပြီး Coral View Resort သည် ဖိုးကုလားကျွန်းတွင် ပထမဆုံး ဖွင့်လှစ်လိုက်သည့် ဟိုတယ် ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*