မလေးရှားသို့ အလုပ်သမားပို့ဆောင်မှု ခေတ္တရပ်ဆိုင်းကြောင်း အေဂျင်စီများသို့ အလုပ်သမားဝန်ကြီးဌာန အကြောင်းကြားစာထုတ်ပြန်

မလေးရှားသို့ အလုပ်သမားပို့ဆောင်မှု ခေတ္တရပ်ဆိုင်းကြောင်း အေဂျင်စီများသို့ အလုပ်သမားဝန်ကြီးဌာန အကြောင်းကြားစာထုတ်ပြန်
December 7, 2016 Asian Fame

4:38 am
မလေးရှားသို့ အလုပ်သမားပို့ဆောင်မှု ခေတ္တရပ်ဆိုင်းကြောင်း အေဂျင်စီများသို့ အလုပ်သမားဝန်ကြီးဌာန အကြောင်းကြားစာထုတ်ပြန်

ရဲလွင်
ရန်ကုန်၊ ဒီဇင်ဘာ ၆

မလေးရှားနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသော အခြေအနေများကြောင့်  မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ အလုပ်သမားပို့ဆောင်မှု လုပ်ငန်းများ ကို ဒီဇင်ဘာလ ၆ ရက်နေ့မှစ၍ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားပို့ဆောင်ေ ရးအေဂျင်စီများ သို့ အကြောင်းကြားစာတစ်စောင်ကို ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး နာဂျစ်ရာဇတ်၏ ဘင်္ဂါလီအရေး ဆန္ဒထုတ်ဖော်ပွဲအပြီး နှစ်ရက်အကြာတွင် မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ပညာရေး ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော် မတီ၏ ခွင့်ပြုမိန့်ရရှိပြီးသည့် အလုပ်ကမ်းလှမ်းလွှာများနှင့်စပ်လျဉ်း၍ အလုပ် သမားများကစေလွှတ်လိုပါက စေလွှတ် လိုသောအလုပ် သမားများ မလေး ရှားနိုင်ငံသို့ရောက်ရှိပြီး အလုပ်သမားရေးရာ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာသည့်အခါ သက်ဆိုင်ရာအေဂျင်စီများ၏ ကျခံမှုဖြင့် မြန် မာနိုင်ငံသို့ ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ဆောင် ရွက်နိုင်ခြင်းမရှိပါက လိုင်စင်ပိတ်သိမ်း သည်အထိ အေဂျင်စီများကို အ ရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အကြောင်းကြား စာတွင် ရေးသားဖော်ပြ ထားသည်။

ယင်းသတိပေးထုတ်ပြန်ချက်ကို မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီအဖွဲ့ချုပ် MOEAF သို့ပေးပို့ထားကြောင်း MOEAF ၏ သတင်းထုတ်ပြန်ရေးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါအကြောင်းကြားစာကို အလုပ်သမားဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးအောင်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ဆန္ဒထုတ်ဖော်ပွဲမပြုလုပ်မီ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း  မလေးရှားနိုင်ငံကွာလာလမ် ပူမြို့ ရှိ မြန်မာ သံရုံးက မလေးရောက်မြန်မာလူမျိုးများကို အနေအထိုင်အသွားအလာ ဆင်ခြင်ကြရန် သတိပေးစာထုတ်ပြန်ခဲ့သေးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*