လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များမှ ကလေးလုပ်သားများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပေးနေ

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များမှ ကလေးလုပ်သားများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပေးနေ
April 26, 2017 Asian Fame

2:06 pm
လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များမှ ကလေးလုပ်သားများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပေးနေ

childlab

စိုင်းလမင်း

ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်မြို့ရှိ လက်ဖက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်များတွင် လုပ်ကိုင်နေသော ၁၆ နှစ် အောက် ကလေးလုပ်သားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အချိန်ပိုင်း အသက်မွေးဝမ်းကျောင်း ပညာရပ်များသင် ကြား ပေးနေကြောင်းသိရသည်။

”ကျွန်တော်တို့ အခုရန်ကုန်မှာ ရှေ့ပြေးစီမံချက်အနေနဲ့ စတင်ပြီး လုပ်ဆောင်ပေးနေတယ်။ ဆိုင်ပိုင် ရှင်တွေကို ပြောပြီးတော့ သင်တန်း ပေးမှာပါ။ သူတို့တွေက ဒီလက် ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေနဲ့ အမြဲတမ်းအသက်မွေးမှာ မဟုတ်ဘူး။ ဒါကြောင့်အသက်မွေး ဝမ်းကျောင်းပညာကိုတတ်တဲ့အထိ ကျွန်တော်တို့ ဝန်ကြီးဌာနက သင်ကြားပေးမှာ ဖြစ်ပါတယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော သည်။

ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ စမ်းချောင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် အသက် မွေးဝမ်းကျောင်း အချိန်ပိုင်း သင်တန်းများကို သင်ကြားပေးနေ ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ကလေးလုပ်သားများအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန် ပြီးပါက မန္တလေးတွင် သင်တန်းများ ဆက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန အနေဖြင့် တစ်နှစ်၊ နှစ်နှစ် အတွင်း လမ်း ပေါ်တွင် ဆိုးသွမ်းသောင်းကျန်း နေသော ကလေးသူငယ်များ ပပျောက်စေရန် အစီအမံများ ရေး ဆွဲလုပ်ဆောင်နေကြောင်းလည်း ဝန်ကြီးကပြောသည်။ ”လူငယ်မူဝါဒတွေ ရေးဆွဲနေ တယ်။ လမ်းပေါ်မှာ ဆိုးသွမ်း သောင်းကျန်းနေတဲ့ကလေးသူငယ် တွေကို တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ လမ်းမှန်ပေါ်သို့ ရောက်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ လမ်းပေါ်မှာနေရင်း ပြစ်မှုကျူးလွန် တဲ့ ကလေးတွေကို ကျွန်တော်တို့ စခန်းရောက်လာရင် အကျိုးရှိတဲ့ လုပ်ငန်းတွေလုပ်ဆောင်စေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ဝန်ကြီး ဌာနအနေဖြင့် ဥပဒေရေးဆွဲနေဆဲ အချိန်ကာလ ဖြစ်သောကြောင့် စောင့်ကြည့်လျက်ရှိပြီး ဥပဒေ တစ်ရပ်ပေါ်လာပါက ကလေးသူ ငယ်များအတွက် ဝန်ကြီးဌာန အနေဖြင့် ဥပဒေအတိုင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အလုပ်သမားဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်းကောက်ယူသော ၂ဝ၁၅ ခုနှစ် လုပ်သားအင်အား စစ်တမ်းအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ် အတွင်း ကလေးဦးရေ ၁၂ သန်းရှိပြီး အလုပ်လုပ်သော ကလေးဦးရေမှာ တစ်သန်းကျော်ရှိသည်။ ထိုတစ်သန်းကျော် အနက်ခြောက်သိန်းကျော်မှာ အန္တရယ်ရှိသော လုပ်ငန်းခွင်တွင်လုပ်ကိုင်နေကြရကြောင်း စစ်တမ်းတွင်ဖော်ပြ ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*