အထည်ချုပ်လုပ်သားများနှင့်ပတ်သက်သည့် အငြင်းပွားမှုများစစ်တမ်း မကြာမီ ထုတ်ပြန်မည်

အထည်ချုပ်လုပ်သားများနှင့်ပတ်သက်သည့် အငြင်းပွားမှုများစစ်တမ်း မကြာမီ ထုတ်ပြန်မည်
November 30, 2016 Asian Fame

9:54 am
အထည်ချုပ်လုပ်သားများနှင့်ပတ်သက်သည့် အငြင်းပွားမှုများစစ်တမ်း မကြာမီ ထုတ်ပြန်မည်

worker-copy

ရဲလွင်
ရန်ကုန်၊ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ် လုပ်သားများနှင့်ပတ်သက်သည့် အ ငြင်းပွားမှုများနှင့် အလုပ်သမား အခွင့် အရေးရရှိမှု အခြေအနေ ကို ကောက်ယူ ထားသည့် စစ်တမ်း ပြီးစီးသွားပြီ ဖြစ် သဖြင့် မကြာမီထုတ်ပြန်တော့မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းကို အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများအဖွဲ့ Action Labor Right Group (ALRG)  အဖွဲ့က ဦးဆောင်၍   မြန်မာနိုင်ငံအ တွင်းရှိ အဖွဲ့အစည်းများ စုပေါင်း ကောက်ယူခြင်းဖြစ်ကြောင်း ALRG မှ တာဝန်ရှိ သူတစ်ဦး ဖြစ်သည့် ဦးအောင် ခိုင်မင်းက ပြောသည်။

ယင်းစစ်တမ်းတွင် မြန်မာနိုင်ငံအ တွင်းရှိ အထည်ချုပ်လုပ်ငန်းများ၌ ဝင် ရောက်လုပ်ကိုင်နေသည့် အလုပ်သမား များကို ရှုထောင့်လေး ခုဖြင့် တွက်ချက် ကာ အနည်းဆုံးအခကြေးငွေ ရရှိမှုနှုန်း ထား၊  အလုပ်ရှင်နှင့် အလုပ်သမားအ ငြင်းပွားမှုအခြေအနေများ၊ အလုပ်သ မားများရရှိသည့်အခွင့်အရေး အခြေအ နေ၊ အလုပ်လုပ်ရသည့် အလုပ်ချိန် အ ခြေအနေများကို စစ်တမ်းကောက်ယူ ထားကြောင်း သိရသည်။

”ကျွန်တော်တို့ သုတေသန တွေ့ရှိ ချက်တွေကို စစ်တမ်းမှာ ဖော်ပြထားပါ တယ်။ မကြာခင်ထုတ်ပြန်ပါမယ်” ဟု ဦးအောင်ခိုင်မင်းက ဆိုသည်။

အဆိုပါ စစ်တမ်းသည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် အထည်ချုပ်စက်ရုံပိုင်ရှင်များ အနေဖြင့် လက်ရှိ အလုပ်သမား အခြေ အနေများ အပေါ်တွင် လိုအပ်သော ထောက်ပံ့မှု များ၊    အလုပ်သမား အခွင့်အရေးများ မြှင့်တင်နိုင်ရေးတို့အတွက် ရည်ရွယ် ခြင်း ဖြစ်ေ ကြာင်း သိရသည်။

ယင်းစစ်တမ်းကိုလာမည့် ဒီဇင် ဘာလ ၁ ရက်နေ့တွင် ထုတ် ပြန်မည် ဖြစ်ကြောင်း သိရသည်။ ယင်း  “Lunch of a report on Myanmar’s Garment Industry; Raising the Bottom” ဟု အမည် ပေးထားသော စာတမ်းကိုယခုနှစ်အတွင်း ကောက်ယူခဲ့ခြင်းဖြစ် သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ လုပ် သား ကဏ္ဍတွင် အလုပ်ချိန် အများဆုံး လုပ်ကိုင်ရသော ကဏ္ဍမှာ အထည်ချုပ် စက်ရုံကဏ္ဍဖြစ်နေပြီး အများစုမှာနိုင်ငံ ခြားသားပိုင် စက်ရုံများ ဖြစ်နေကြောင်း စာရင်းများအရ သိရသည်။

ထို့ကြောင့် ခွင့်ပြုအလုပ်ချိန်ထက် ကျော်လွန်ခိုင်းစေမှုဖြင့် အရေးယူထား ရသော စက်ရုံများတွင်လည်း အထည် စက်ရုံများ အများ ဆုံးဖြစ်ကြောင်း ဝန် ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*