မြန်မာလုပ်သားများ အပါအဝင် ထိုင်းသို့လာသော မည်သည့် နိုင်ငံခြားသားမဆို ဧည့်စာရင်းတိုင်ရတော့မည်

မြန်မာလုပ်သားများ အပါအဝင် ထိုင်းသို့လာသော မည်သည့် နိုင်ငံခြားသားမဆို ဧည့်စာရင်းတိုင်ရတော့မည်
November 30, 2016 Asian Fame

9:54 am
မြန်မာလုပ်သားများ အပါအဝင် ထိုင်းသို့လာသော မည်သည့် နိုင်ငံခြားသားမဆို ဧည့်စာရင်းတိုင်ရတော့မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများအပါ အဝင် မည်သည့်နိုင်ငံခြားသားမဆို ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ဧည့်စာရင်းတိုင်ကြား ရမည်ဖြစ်ကြောင်း ထိုင်းလဝကက ယခုလအတွင်း ကြေညာချက် ထုတ် ပြန် လိုက်သည်။

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက် ကားမှု၊ လက်နက်ရောင်းဝယ်ဖောက်ကားမှု၊ အကြမ်း ဖက်သမားစသည်ဖြင့် မလိုလားအပ်သည့် အခြေအနေ များ မကြုံတွေ့ရစေရန် လုံခြုံရေးအရ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ထိုကြေညာချက်အရဆို လျှင် ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ်မှတစ်ဆင့် ၆ ည အိပ် ၇ ရက် လာရောက်လည်ပတ်သော မြန်မာခရီး သွားများပါ ဧည့်စာရင်းတိုင် ရမည်ဖြစ်ကြောင်း မဲ ဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌဦးမိုးကြိုးကပြောသည်။

ထိုင်းလူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၃၈ အရ အိမ်ထောင်ဦးစီး၊ အိမ်ပိုင်ရှင်၊ ဟိုတယ် မန်နေ ဂျာများသည် ထိုင်းနိုင်ငံတွင်းသို့ တရားဝင်လာရောက် သော နိုင်ငံခြားသားများ မိမိတို့အိမ်၊ အဆောက်အအုံ တွင် တည်းခိုပါက လူဝင်မှုကြီးကြပ်ရေးရုံးသို့ ၂၄ နာရီအတွင်း အကြောင်းကြားရမည်ဖြစ်ကြောင်း၊ လိုက်နာမှုမရှိပါက ပုဒ်မ ၃၈ အရ ဘတ်နှစ် ထောင် ထက် မပိုသော ဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး၊ ထိုသူ သည် ဟိုတယ်မန်နေဂျာဖြစ်ပါက ဘတ်နှစ်ထောင်မှ ဘတ်တစ်သောင်းအထိ ဒဏ်ငွေဆောင်ရမည်ဖြစ် ကြောင်း ကြေညာထား သည်။

”ရောက်နှင့်နေပြီးသော မြန်မာရွှေ့ပြောင်းအလုပ် သမားတွေထဲက ယာယီနိုင်ငံကူးလက်မှတ် ကိုင် ဆောင်ထားကြသူတွေက ပုံမှန်အတိုင်းရက် ၉ဝ ပြည့် တိုင်း ဧည့်စာရင်းတိုင်ကြရပါတယ်။ ဒီကြေညာချက် အရဆိုရင် အခုလကစပြီး အသစ်ရောက်ရှိလာတဲ့
မည်သည့်နိုင်ငံ ခြားသားကိုမဆို ဆိုလိုတာဖြစ်ပါတယ်။ သူတို့ အသစ်တွေကတော့၂၄ နာရီ အတွင်း လိုအပ် တဲ့ စာရွက်စာတမ်းတွေနဲ့ အတူ သက်ဆိုင်ရာလဝက ရုံးရှိရင် လဝကရုံးမှာ၊ လဝကရုံးမရှိရင် နယ်မြေရဲစခန်း မှာ ဧည့်စာရင်းတိုင်ရပါမယ်”ဟု ဦးမိုးကြိုးကပြောသည်။

    ထို့ပြင် အိမ်ရှင်ကတည်းခိုခွင့် ပြုလိုက်သော နိုင်ငံခြားသားများသည် ထိုင်းသို့ တရားဝင်ဝင်လာ သော နိုင်ငံခြားသားများ မဟုတ်ပါက အိမ်ရှင်သည် ငါးနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ဘတ် ၅ဝဝဝဝ ထက်မပိုသောဒဏ်ငွေများဖြင့် အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ထိုင်းလဝကက ကြေညာထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*