ညဈေးတွင် နေရာမရသည့် ဈေးသည်များအတွက် နေရာတစ်ခုစီစဉ်ပေးရန် တောင်းဆို

ညဈေးတွင် နေရာမရသည့် ဈေးသည်များအတွက် နေရာတစ်ခုစီစဉ်ပေးရန် တောင်းဆို
November 30, 2016 Asian Fame

9:41 am
ညဈေးတွင် နေရာမရသည့် ဈေးသည်များအတွက် နေရာတစ်ခုစီစဉ်ပေးရန် တောင်းဆို

road-side-shop-copy

ဖြိုးထက်အောင်
ရန်ကုန်၊ နိုဝင်ဘာ ၂၈

ညဈေးတန်း နေရာချထားပေးမှု တွင်  ဆိုင်ခန်းမရရှိခဲ့ကြသော လမ်း ဘေးဈေးသည်များအား မူလ နေရာ တွင် ဆက်လက် ရောင်းခွင့် မပြုပါက အခြား နေရာတစ်ခု စီစဉ်ပေးစေလို ကြောင်း ပြောသည်။

ကမ်းနားလမ်း ညဈေးနေရာ ချ ထားပေးမှုတွင် နေရာမရရှိခဲ့ကြသော လမ်းဘေးဈေးသည် ၃ဝဝ ကျော် ကိုယ်စားမြို့တွင်းလေးမြို့နယ်မှ လမ်း ဘေးဈေးသည် ၃ဝ ကျော်က  ရန်ကုန် မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး ခန်း၌  နိုဝင်ဘာ ၂၇ တွင်  သတင်းစာ ရှင်းလင်းပွဲပြုလုပ် ခဲ့ပြီး ထိုသို့ တောင်း ဆိုခြင်းဖြစ်သည်။

ကမ်းနားလမ်းညဈေးအတွက် ဆိုင်ခန်းနေရာ မဲနှိုက်မှုများတွင် နီး စပ်ရာလူများကိုသာ အဓိကရွေးချယ် မဲနှိုက်စေခဲ့ကြောင်း၊ မသိလိုက်ေ သာ လမ်းဘေးဈေးသည် အများအပြားရှိ ကြောင်း ဦးဆောင်ရှင်းလင်းသူ ဦးသန်း ဦးက ပြောသည်။

”တချို့ဓာတ်ပုံရိုက်ပြီး နေရာ မရ ဘူး။ ဈေးသွားနေတဲ့အချိန်တွေ လာ ရိုက်သွားတယ်။ အလုပ်သမားတွေ ကို ဓာတ်ပုံရိုက်သွားတယ်။ သူတို့ ဓာတ်ပုံပါတယ်၊ နာမည်ပါတယ်။  အ ကွက်သွားထုတ်တယ်။ တကယ့်အမှန် အကန်ကမရဘူး။ အခုဟာက တိုက် ပေါ်က ဆင်းပြီး အကွက်ယူတဲ့သူတွေ တောင်ရှိတယ်” ဟု ဦးသန်းဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လသာမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်မင်းဟန်က သက်သေ မပြဘဲနှင့် ဘာမှပြော၍ မရကြောင်း၊ ကောလာဟလများလည်း အများကြီး ရှိကြောင်း ပြောသည်။

”ကျွန်တော်တို့ သိသလောက် တော့ စနစ်တကျ လုပ်ကြပါတယ်။  ဓာတ်ပုံရိုက်ပြီး အထောက်အထား တွေနဲ့လုပ်တာပါ။ အချို့က အခွင့်အ ရေးရရင်ကျလိုချင်တယ်။ တာဝန်ကျ မယူချင်ဘူး။ တကယ်မရတဲ့သူလည်း ရှိချင်ရှိမှာပါ။ နည်းမှာပါ။ ဒါကလမ်းမ ပေါ်မှာ
ရောင်းခြင်းသည် စည်ပင် ဥပဒေကို ချိုးဖောက်တာပဲ။ ဥပဒေချိုး ဖောက်တဲ့သူကို ဥပဒေဘောင်ထဲ ဆွဲ သွင်းပေးတာကို ပြောတဲ့လူတွေက လည်း ရှိတယ်။ သိပ်တော့ အလိုလိုက် လို့ မရပါဘူး” ဟုပြောသည်။

ရန်ကုန်မြို့၊ ကမ်းနားလမ်း ည ဈေးကို နိုဝင်ဘာလ ၂၃  ရက်နေ့မှ စတင်ဖွင့်လှစ်ရောင်းချစေခဲ့ပြီး မွန်း လွဲ  ၃ နာရီမှ ည ၁၁ နာရီ အထိ ရောင်းချခွင့်ပေးထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း လေးမြို့နယ် တွင် လမ်းဘေးဈေးသည် စုစုပေါင်း ၆ဝဝဝ ကျော်ရှိပြီး ညဈေးတွင် ဆိုင် အကွက်တစ်ထောင်ကျော်သာ ရှိသော ကြောင့် သစ်သီးဆိုင်များနှင့် အစား အသောက်  ရောင်းချသည့်ဆိုင်များကို ဦးစွာပြောင်းရွှေ့စေခြင်းဖြစ်ပြီး ကျန်  ဈေးသည်များအ တွက်  အမြန်ဆုံးနေရာ ရှာဖွေပေးမည်ဖြစ်ကြောင်း ရန်ကုန် စည်ပင်က သတင်းထုတ်ပြန်ထားသည်။

ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း ထိပ်တွင်ပန်းသီးရောင်းချသည့် ဦးထွန်း ထွန်းဝင်းက ”ကျွန်တော်တို့ ပြောချင် တာက တကယ်   နေရာမရတဲ့သူတွေ ကိုတော့ မူလနေရာလေးမှာပဲ ပေး ရောင်းစေချင် တယ်။ နေရာမဲ့တွေကို အလကား ဖြစ်နေတဲ့  မိုင်နာကွင်းလို   နေရာမျိုးတွေမှာ နေရာကို သီးခြား လေးချပေးလိုက်ရင် ကျွန်တော်တို့ အ တွက်အများကြီး အဆင်ပြေလာနိုင်ပါ တယ်” ဟု ပြောသည်။

မပြောင်းရွှေ့ရသေးသည့် လမ်း ဘေးဈေးသည်များကို  နိုဝင်ဘာလ ၃ဝ ရက်နေ့ အပြီးထား ပြောင်းရွှေ့ကြ ရန် ရန်ကုန်မြို့တော်စည်ပ င်သာယာ ရေးကော်မတီက လိုက်လံတိုက်တွန်း နှိုးဆော်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*