ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အချုပ်ခန်းများ၏ လူ့အခွင့်အရေး စံသတ်မှတ်ချက် များကို စစ်ဆေးမည်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အချုပ်ခန်းများ၏ လူ့အခွင့်အရေး စံသတ်မှတ်ချက် များကို စစ်ဆေးမည်
February 24, 2017 Asian Fame

11:35 am
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အချုပ်ခန်းများ၏ လူ့အခွင့်အရေး စံသတ်မှတ်ချက် များကို စစ်ဆေးမည်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁)

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ အချုပ် ခန်းများကို လူ့အခွင့်အရေး စံသတ် မှတ်ချက်များနှင့် ညီ၊ မညီစစ်ဆေး ၍ အစီရင်ခံစာ တင်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့် ဖေဖော်ဝါရီ ၂၃ ရက် မှ မတ်လ အတွင်းတွင် ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ရဲစခန်း များ၊ တရားရုံး များနှင့် ဆေးရုံများ မှ အချုပ်ခန်းပေါင်း ၂ဝ နီးပါးကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော် မရှင်အဖွဲ့က ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ အနိမ့်ဆုံး စံသတ်မှတ် ချက်များနှင့် ညီ၊ မညီ ဝင်ရောက် စစ်ဆေး သွားမည်ဖြစ်ကြောင်း၊ စစ် ဆေး တွေ့ရှိလာသော အချက်အ လက်များကို စာရင်း ပြုစု၍ ပြည် ထဲရေး ဝန်ကြီး ဌာနသို့ အကြံပြုအစီ ရင်ခံ တင်သွင်း သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အ ရေးကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင် အောင် က ပြောသည်။

”ကျွန်တော်တို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ၂၇ ရက်နေ့၊ မတ်လ ၆ ရက်နေ့ နဲ့မတ်လ ၉ ရက်နေ့ တို့မှာ သွားရောက် စစ်ဆေးမှာ ဖြစ်ပါ တယ်။ အခြားသော ပူးပေါင်း ပါဝင် တဲ့အဖွဲ့အစည်းတွေ မပါပါဘူး။ ကျွန်တော်တို့ လူ့အခွင့်အရေး ကော် မရှင် အဖွဲ့ဝင်တွေပဲ သွားရောက် စစ်ဆေးကြမှာပါ” ဟု ၄င်းက ပြော သည်။

၎င်းတို့ ကော်မရှင် အနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့မ ရဲစခန်း၊ တောင် ဥက္ကလာပ ရဲစခန်း၊ အရှေ့ပိုင်း ခရိုင် တရားရုံး တို့မှ အချုပ်ခန်းများကို လည်းကောင်း၊ ဖေဖော်ဝါရီ ၂၇ ရက် နေ့တွင် လှည်းကူးမြို့နယ် ရဲစခန်း၊ မြောက်ပိုင်းခရိုင် တရား ရုံး၊ လှေ တော်အင်း အလုပ်စခန်း၊ မင်းတုန်း အလုပ်စခန်း တို့ကိုလည်းကောင်း၊ မတ်လ ၆ ရက်နေ့တွင် တွံတေးမြို့ နယ် ရဲစခန်း၊ တရားရုံးနှင့် တောင် ပိုင်းခရိုင် တရားရုံးတို့မှ အချုပ်ခန်း များကို လည်းကောင်း၊ မတ်လ ၉ ရက်နေ့တွင် ကျောက်တံတား မြို့နယ်၊ လသာမြို့နယ်တို့မှ ရဲစခန်း များရှိ အချုပ်ခန်းများ၊ အနောက်ပိုင်း ခရိုင် တရားရုံးနှင့် ခုတင် တစ်ထောင် ဆေးရုံတို့ရှိ အချုပ်ခန်း တို့ကိုလည်း ကောင်း သွားရောက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော် ဝါရီလဆန်းပိုင်း က စစ်တွေမြို့နယ် ရှိ အချုပ်ထောင် နှင့် ဘူးသီးတောင် ရှိ အကျဉ်းထောင်တို့သို့သွားရောက် စစ်ဆေးခဲ့သေးသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*