မြန်မာတွင် ဇီကာဗိုင်းရပ်စ် သံသယရှိသူ ဦးရေငါးဆယ်ကျော်ရှိသော်လည်း ဖြစ်ပွားကြောင်းအတည်ပြုပြီးသူ တစ်ဦးသာရှိသေး

မြန်မာတွင် ဇီကာဗိုင်းရပ်စ် သံသယရှိသူ ဦးရေငါးဆယ်ကျော်ရှိသော်လည်း ဖြစ်ပွားကြောင်းအတည်ပြုပြီးသူ တစ်ဦးသာရှိသေး
November 23, 2016 Asian Fame

5:26 am
မြန်မာတွင် ဇီကာဗိုင်းရပ်စ် သံသယရှိသူ ဦးရေငါးဆယ်ကျော်ရှိသော်လည်း ဖြစ်ပွားကြောင်းအတည်ပြုပြီးသူ တစ်ဦးသာရှိသေး
In Health

လင်းဟိန်း
ရန်ကုန် နိုဝင်ဘာ ၂၂

မြန်မာတစ်နိုင်ငံလုံးတွင် လက် ရှိအချိန်ထိ ဇီကာဗိုင်းရပ်စ် သံသယ ရှိသူဦးရေ ၅၇ ဦးရှိနေပြီး ရောဂါ ဖြစ်ပွားကြောင်း အတည်ပြုပြီးသူ မှာ ဥပရောနိုင်ငံသူ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးသာ ရှိ သေးကြောင်း နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်း လမ်းမတော်မြို့ နယ်တွင် ဇီကာဗိုင်းရပ်စ် သံသယ ရှိသူ အဖြစ်တွေ့ရှိခဲ့သည့်  အသက်  ၆ နှစ်အရွယ် ကလေးငယ်သည် ဇီကာရောဂါဖြစ်ပွားခြင်း    မဟုတ် ကြောင်း ဓာတ်ခွဲစမ်းသပ်မှုအရ အ တည်ပြုနိုင်ပြီဖြစ်သော်လည်း ယင်း ကလေးငယ်တွင် အခြားသောေ သွး လွန်တုပ်ကွေး၊ အဖျား စသည့် ရောဂါများရှိ၊ မရှိကိုမူ စစ်ဆေး နေဆဲဖြစ်ကြောင်း သိရသည်။

”ဒီကလေး ဇီကာမဟုတ်တာ ကတော့ သေချာပါပြီ။ ဒါပေမယ့် အခြားရောဂါတွေ ရှိ မရှိကိုတော့ ဓာတ်ခွဲစစ်ဆေးနေပါတယ်” ဟု   ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ဇီကာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွား နေသည့် ဥရောပနိုင်ငံသူ ကိုယ်ဝန် ဆောင်အမျိုးသမီး၏ ကျန်းမာရေး အခြေအနေမှာလည်း စိုးရိမ်စရာ မရှိ ကြောင်း၊ သို့သော်လည်း ၄င်း၏ သန္ဓေသား အခြေအနေကိုမူ မသိ နိုင်ကြောင်း၊ ၄င်းသည် ရန်ကုန်ရှိ သူ၏နေအိမ်တွင်ပင် ရှိနေေ ကြာင်း  ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ဇီကာရောဂါ ဖြစ်ပွားနေသော ယင်းနိုင်ငံခြားသူ အမျိုးသမီးကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ်၌ တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်တွင် ပြည်သူ့ကျန်း မာရေးဦးစီးဌာနက အဆိုပါရောဂါ ထပ်မံကူးစက်ခြင်း မရှိစေရန် နယ် စပ်ဂိတ်များတွင် ရောဂါ စစ်ဆေး စောင့်ကြပ်မှုများ၊ ရောဂါကာကွယ် ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်များတွင် ခြင်ဆေးဖျန်းခြင်း၊ ပညာပေး လုပ်ငန်း များလုပ်ဆောင် ခြင်း စသည့်ရောဂါကွယ်ရေး လုပ် ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဇီကာဗိုင်းရပ်စ်သည် ရောဂါ ပိုး သယ်ဆောင်သော အေးဒီးစ်ခြင် ကျားကိုက်ခံရခြင်းမှတစ်ဆင့် ကူး စက်ခြင်းဖြစ်ပြီး ခြင်ကိုက်ခံရပြီး ခုနစ်ရက်အတွင်း ရောဂါလက္ခဏာ စတင်ဖြစ်ပေါ်လာနိုင်ကြောင်း သိ ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*